cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လင်းနို့ သတ္တဝါများရဲ့ စိတ်ဝင်စားစရာအကြောင်းတစေ့တစောင်း

. မြေဆီလွှာ
လင်းနို့တွေမှာ စိတ်ဝင်စားစရာကောင်း‌တဲ့ အချက်တွေရှိနေသလား ၊ လင်းနို့တွေဟာ စိုက်ပျိူးရေးနယ်ပယ် ကို ဘယ်လိုအကျိုးသက်ရောက်တွေရှိစေသလဲ ဆိုတာတွေနဲ့ ပတ်သတ်ပြီး လင်းနို့တွေအ‌‌ကြောင်းကို စိတ်ဝင်စားဖွယ်တင်ပြလိုက်ရပါတယ်။ 
  • သိပ္ပံပညာရှင်တော်တော်များများက လင်းနို့တွေဟာ ကျွန်မတို့လူသားတွေမရှိခင်‌နှစ်ပေါင်းများကတည်းက နေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့တွေကို ကမ္ဘာ့အညို့တတ်ဆုံး အကောင်များထဲကတမျိုးအဖြစ်လည်း သတ်မှတ်ထားပါတယ်။လင်းနို့တွေဟာ လူသားတွေကြားထဲမှာကောင်းသတင်းမရှိပေမယ့်သူတို့တွေက ထူးဆန်းပြီးအရမ်းမိုက်တဲ့အကောင်တွေဖြစ်ပါတယ်။ လင်းနို့တွေရဲ့သိပ္ပံနံမည်ကတော့ chrioptera ဖြစ်ပြီးတော့ဂရိစကားအရ Tyerကနေ ဆင်းသက်လာတာပါ။ tyerရဲ့အဓိပ္ပါယ်က လက်ကိုဆိုလိုတာဖြစ်ပြီး teraကတော့တောင်ပံကိုဆိုလိုတာဖြစ်ပါတယ်။ ဒီနံမည်ဟာ ရိုးရိုး batဆိုတဲ့ နမည်ထက်တော့ ထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ Batဆိုတဲ့ စကားလုံးကို 1570ခုနှစ်မှာ စတင်အသုံးပြုခဲ့ကြပြီး ရှေးခေတ်အင်္ဂလိပ်အလယ်ပိုင်းဒေသစားလုံး batageကနေ အစွဲပြုယူထားခြင်းပဲဖြစ်ပါတယ်။ batcageဆိုတဲ့ စကားလုံးက ဆွီဒင်ရှေးစားလုံးဘာဂါနဲ့ ဒိန်းမက်ရှေးစာလုံး ဘာဂါကနေ ဆင်းသက်လာတာတွေ့ရပါတယ်။ 600BCမှာတော့ အီစွတ်ဆိုတဲ့ ဂရိနမည်ကျော်ပုံပြင်ပြောသူက လင်းနို့ရဲ့ ဒဏ္ဍာရီ ပုံပြင်ကိုအခုလိုပဲပြောကြားခဲ့ပါတယ် စာဖတ်သူတို့လည်း ငယ်ငယ်ကမိဘတွေပြောတာကိုကြားဖူးရင်ကြားဖူးကြမှာပါ။ လင်းနို့ဟာ သူ့စီးပွားရေးအတွက်ငွေတွေချေးခဲ့ပြီး စီးပွားရေးကျရှုံးတဲ့အခါ ငွေတွေပြန်မပေးနိုင်တာကြောင့် နေ့ဘက်မှာမထွက်တော့ဘဲ ညဘက်မှာပဲ လှုပ်ရှားသွားလာပါတယ်လို့ ဆိုပါတယ်။ အဓိကလင်းနို့အမျိုးအစားနှစ်မျိုးရှိပါတယ်။ပထမတမျိုးကတော့ လင်းနို့အကြီးတွေဖြစ်ပြီး အသီးအရွက်‌တွေပဲစားသုံးတာပါ။ 

    ဒုတိယတမျိုးကတော့ လင်းနို့ငယ်တွေဖြစ်ပြီး အင်းဆက်တွေ ၊ ပိုးမွှားတွ၊ ငါးတွေ ၊ဖားတွေ ၊ အိမ်‌မြောင်တွေ နဲ့ ငှက်တွေကို စားသုံးပါတယ်။ လင်းနို့တွေဟာ ဖားတွေကိုစားသုံးတဲ့အခါမှာလုံခြုံစိတ်ချပြီး အဆိပ်ကင်း‌‌စေဖို့အတွက် future tracesystem လို့ခေါ်တဲ့ ဖားထီးတွေရဲ့ အသံကိုနားစွင့်ကြပါတယ်။  

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ မီလီယံလောက်ကတည်းက ဒိုင်နိုဆောတွေလိုပဲ လင်းနို့တွေလည်း ‌အတူတူ ပေါ်ပေါက်ခဲ့ တယ်လို့ သိပ္ပံပညာရှင်တွေကပြောထားပါတယ်။ ပြီးတော့ အာ့အချိန်တုန်းက ကမ္ဘာပေါ်မှာ မက်ဂါဘက်လို့ ခေါ်တဲ့ ရှေးအကျဆုံးငှက်ကြီးတွေဟာ ၃၅ မီလီယံလောက်ကတည်းက စတင်ပေါ်ပေါက်လာခဲ့ပြီး အာ့ဒီကနေတဆင့် လင်းနို့ငယ်တွေအဖြစ်ပေါ်ပေါက်လာတယ်လို့လည်း ဆိုကြပါတယ်။ တရုတ်နဲ့ ဂျပန်မှာ လင်းနို့ကို ပျော်ရွှင်ခြင်းရဲ့ လာဘ်ကောင်အဖြစ်သတ်မှတ်ကြပြီး သူတို့နိုင်ငံဆိုင်ရာလင်းနို့ စကားလုံးဟာ အစားအစာအဖြစ် သဘောသက်ရောက်လျက်ရှိပါတယ်။ 

    လင်းနို့ရဲ့ တောင်ပံတွေဟာ ပါးလွှာတဲ့ အရေပြားရှိတဲ့ လက်ချောင်းအရိုးတွေပေါ်မှာ ဖုံးအုပ်ဖြစ်တည်နေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အတောင်ပံက ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပြီး အအေးဒဏ်ခံနိုင်ရုံသာမက ရေဓာတ်ကိုပါ ထိန်းညှိပေးပါတယ် ။ လင်းနို့တွေက လေပေါ်ပျံနိုင်တဲ့ တစ်ကောင်တည်းသော နို့ တိုက်သတ္တဝါတွေဖြစ်ပါတယ်။ လူတွေယုံကြည်နေကြတဲ့ လင်းနို့တွေနဲ့ ရှဥ့်ပျံတွေရဲ့ ကွာခြားချက်ကတော့ လင်းနို့တွေဟာ သူတို့သွားချင်တဲ့ နေရာကို ထိန်းချုပ်ပျံသန်းနိုင်ပေမယ့် ရှဥ့်ပျံတွေကတော့ သူတို့တွေထက် ပိုင်ပိုင်နိုင်နိုင် ပျံသန်းနိုင်ကြပါတယ်။ လင်းနို့တွေက ကျွန်မတို့ ထင်ထားသလို့ မျက်မြင်တွေမဟုတ်ကြပါဘူး။ လင်းနို့တော်တော်များများဟာ အမှောင်ထဲမှာ သားကောင်ကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ တချို့ လင်းနို့ မျိူးစိတ်တွေဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်ကိုတောင်မှ မြင်နိုင်ပါတယ် ။ လင်းနို့တွေဟာ ကြိမ်နှုန်း ၂၀ ကနေ ကြိမ်နှုန်း ၁ သောင်းထိ ကြားနိုင်ပါတယ်။ လူတွေကတော့ ကြိမ်နှုန်း ၂၀ ကနေ ၂သောင်းထိ ကြားနိုင်ပါတယ်။ ခွေးတွေကတော့ ကြိမ်နှုန်း ၄၀ ကနေ ၆ ထောင်ထိ ကြားနိုင်ပါတယ် ။ လင်းနို့တွေဟာ ကမ္ဘာ့ မျိုးပွားမှု  အနှေးဆုံးနို့တိုက် သတ္တဝါဖြစ်ပါတယ်။ ကိုယ်ဝန်ဟာ တော်တော်လေးကြာပြီး အခြားသတ္တဝါတွေထက် ၆ပတ်ကနေ ၉ပတ်ထိ ကြာပါတယ်။ ခန့်မှန်းချက်အရ ၇၀ရာခိုင်နှုန်းသော ပိုးမွှားတွေဟာ အင်းဆက်တွေကို စားသောက်ကြပါတယ်။ လင်းနို့ တကောင်ဟာ အင်းဆက်ငယ် အကောင်၆၀၀ လောက်ကို တစ်နာရီတည်း စားသုံးနိုင်ပါတယ်။ 

    လင်းနို့တွေဟာ စိုက်ပျိူးရေးနယ်ပယ် ကို ဘယ်လိုအကျိုးသက်ရောက်တွေရှိစေသလဲ…..

    ဒီအချက်တွေကတော့ လင်းနို့တွေရဲ့  စိတ်ဝင်စားဖွယ် အကြောင်း အရာတွေ ဖြစ်ပြီး ယခုအချိန်မှာတော့ လင်းနို့မွေးမြုရေးကို ကမ္ဘာအနှံ့အပြားမှာ မွေးမြုလာကြပြီပဲ ဖြစ်ပါတယ်။ လင်းနို့တွေကို ရည်ရွယ် ချက်အမျိုးမျိုးနဲ့ မွေးမြုလာကြတာဖြစ်ပြီး တချို့က စားသုံးဖို့အတွက်ဖြစ်ပြီး တချို့က လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုရန် ဂွာနိုထုတ်လုပ်ဖို့အတွက်ပါ မွေးမြုလာကြပါတယ်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသမှာရှိတဲ့ တိုင်းပြည်များ၌လည်း လင်းနို့များကို တွေ့ရှိရနိုင်ပါတယ်။ လင်းဆွဲတွေဟာ  ခြံဥယျာဉ်များတွင် လူတို့စိုက်ပျိုးထားသော သစ်သီးဝလံတို့ကို ညဉ့်အချိန်၌ လှည့်လည်ကာ စားသောက်ဖျက်ဆီးတတ်ကြပါတယ်။  လင်းနို့များမှာမူ ပိုးမွှားများကိုသာ စားလေ့ရှိပြီး လင်းနို့များသည် သစ်သီးဝလံပင်များနှင့် ကောက်ပဲသီးနှံပင်တို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်သော ဖလံကောင်များနှင့် ချေးထိုးပိုးကောင်များကို ရှာဖွေ စားသောက်လေ့ရှိသဖြင့် ဥယျာဉ်လယ်ယာ စိုက်စားသူတို့အတွက်တော့ အသုံးဝင်လှပါတယ်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ အချို့သောအပိုင်းများနှင့် ဩစတြေးလျတိုက်တို့တွင် ပြည်သူ့ဘဏ္ဍာထဲမှ ငွေဖြင့် လင်းနို့များအတွက် အိပ်တန်းများ သို့မဟုတ် ခိုအောင်းရာ အဆောက်အအုံများကို ဆောက်လုပ် ပေးထားကြပါတယ်။ လင်းနို့ချေးတွင် NPK ပါဝင်မှု အချိုးအစားဟာ    1.54  14.28    0.60 ဖြစ်ပါတယ်။ ဖောစ်ဖရပ် ပါဝင်မှု အချိုးအစားများတဲ့ အတွက်ကြောင့်     စိုက်ခင်းများတွင် လင်းနို့ချေးနှင့် အမိုးနီးယမ် ဖော့စ်ဖိတ်ခေါ်သော ကူစေ့မြေဩစာကိုမြေနှင့် သမအောင်မွှေပြီး ထည့်ပေးနိုင်ပါက သီးနှံ အသီးအပွင့်များကြီးထွားလာနိုင်ပါတယ်။ 

    ရေးသားသူ = စုသီရိထွေး

    ကိုးကားချက် = https://my.wiktionary.org/wiki/

    https://youtu.be/0vhK1DHhCjU?si=nDLnT7lOosBNBnsZ

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes7comments0
views686views2417