cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးကန်အတွင်း အမိုးနီးယားဖြစ်ပေါ်ခြင်းနှင့် အမိုးနီးယားကြောင့် ငါးများအပေါ် ဆိုးကျိုးသက်ရောက်မှု နှင့် ဖြေရှင်းနည်းများ

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
အမိုးနီးယားသည် ငါးများကို အလွန်အမင်းအဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။
  • article

  • ငါးမွေးတောင်သူများသည် ပူပြင်းသောနွေရာသီတွင် ငါးများ သေဆုံးခြင်းကို ကြုံတွေ့နေရပါသည်။ ငါးများ သေဆုံရခြင်းအကြောင်းရင်းတွင် ငါးများရောဂါကျရောက်သဖြင့် သေဆုံးရခြင်းနှင့် ကန်ရေ အရည် အသွေးကျဆင်းပြီး ကန်အတွင်း အောက်စီဂျင် ပြတ်တောက်သေဆုံးရခြင်းအပြင် အမိုးနီးယားကြောင့် သေ ဆုံးရခြင်းများလည်းဖြစ်တတ်ပါသည်။ ကန်အောက်ခြေတွင် နှုံးထူထပ်ပြီး ကန်အတွင်း အညစ်အကြေးများ စုပုံကျရောက်နေခြင်းကြောင့် ကန်အောက်ခြေတွင် အမိုးနီးယား ဖြစ်ပေါ်ပြီး ငါးများကို ထိခိုက်နိုင်စေပါသည်။ 

    အမိုးနီးယားသည် ငါးများကို အလွန်အမင်းအဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။ အမိုးနီးယားသည် မည်သည့် အဆင့်မဆို ငါးများကို ဖိအားဖြစ်စေပြီး၊ ကျန်းမာရေးကိုလည်း ထိခိုက်စေပါသည်။ အမိုးနီးယား အဆိပ်အတောက်ဖြစ်စေခြင်းသည် ရေ၏ ချဉ်ဖန်နှုန်း နှင့်အပူချိန်ပေါ်တွင် မူတည်ပါသည်။ ရေချဉ်ဖန်နှုန်း မြင့်တက်ခြင်းနှင့် ရေအပူချိန်တိုးလာခြင်းသည် အမိုးနီးယားကိုဖြစ်ပေါ်စေပြီး ၊ အဆိပ်အတောက်ဖြစ်စေမည့် အမိုးနီးယား NH3 ကို ဓာတ်တိုးဖြစ်ပေါ်စေပါသည်။ ရေနေမျိုးစိတ်များအားလုံးအတွက် အမိုးနီးယား ပါဝင်နှုန်းသည် ရေတစ်လီတာတွင် ၀.၁မီလီဂရမ်သာ ပါဝင်သင့်ပါသည်။ 

    အမိုးနီးယားအဆိပ်သင့်သော ငါးကန်အတွင်းရှိ ငါးများ၏လက္ခဏာမှာ ပုံမှန်မဟုတ်သော ရေကူးခြင်းများ ၊ ဘယ်ညာ ယိမ်းထိုးပြီးသွားလာနေခြင်း၊ ဒေါင်လိုက် ရေကူးနေခြင်း၊ အစာမစားခြင်း၊ ပါးစပ်များမဲနေခြင်းနှင့် မျက်လုံးနှင့် ရေယက် တစ်ဝိုက်တွင် နီရဲနေခြင်းများ တွေ့နိုင်ပါသည်။ 

    ငါးမွေးကန်အတွင်း အမိုးနီးယားဖြစ်နေပါက ကန်ရေအတွင်း ပျော်ဝင်အောက်စီဂျင် ရရှိအောင် ပြုလုပ်ပေးပါ။ အစာကျွေးခြင်း နှင့် မြေဩဇာထည့်သွင်းခြင်း လုပ်ငန်းများကို ရပ်ဆိုင်းထားပါ။ ရေထုတ်ခြင်း /ရေသွင်းခြင်း ပြုလုပ်ပေးပါ။ ကန်ရေ၏ ချဉ်ဖန်နှုန်း ကျဆင်းနေပါက ဖောက်ထုံးနှင့် မဖောက်ထုံးကို ကန်အတွင်းထည့်သွင်းခြင်းဖြင့် အမိုးနီးယား အဆိပ်သင့်မှုကို ကာကွယ်နိုင်ပါသည်။ ဖောက်ထုံးနှင့် မဖောက်ထုံးကို ကန်ချဉ်ဖန်နှုန်း မြင့်တက်နေချိန်တွင် လုံးဝမထည့်ရပါ။ ထည့်သွင်းမိပါက အမိုးနီးယား အဆိပ်သင့်မှုကို ဓါတ်တိုးဖြစ်ပေါ်နိုင်သဖြင့် ထုံးထည့်သွင်းခြင်းကို အထူးသတိပြုစေလိုပါကြောင်း တင်ပြအပ်ပါသည်။ 

    ဦးဆန်းအောင်(ထွက်တိုး)

    ---

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
  • article
likes8comments0
views191views3036