cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပျစ်စိုက်ပျိုးရန် အခြေခံအချက်များ

. စိုက်ပျိုးနည်းစနစ်များ
စပျစ်ကို စနစ် (၂) မျိုးဖြင့် အများဆုံးစိုက်ပျိုးပါသည်။
  • 🍇🍇စပျစ်စိုက်ပျိုးရန် အခြေခံအချက်များ 🍇🍇 

    စပျစ်ကို စနစ် (၂) မျိုးဖြင့် အများဆုံးစိုက်ပျိုးပါသည်။ ကြိုးတန်းတင်စနစ်၊ စင်တင်စနစ် ဟူ၍ ဖြစ်ပါသည်။ ကြိုးတန်းတင်စနစ်တွင် (၄) ကိုင်းတန်းတင်စနစ်၊ (၆) ကိုင်းတန်းတင်စနစ် ဟူ၍ နှစ်မျိုးပြုလုပ်ကြပါသည်။ 

    ကြိုးတန်းတင်စနစ်ကို နိုင်ငံပိုင်ခြံများ၊ နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဘက်စိုက်ပျိုးသော ခြံများတွင် အသုံးများပါသည်။ 

    စိုက်ပျိုးနည်းစနစ်များ ဝင်ဆန့်မည့်အပင် 

    ၁၃ပေ × ၁၃ပေ ၂၆၀ ပင် 

    ၁၀ပေ × ၁၀ပေ ၄၃၅ ပင် 

    ၁၀ပေ × ၉ပေ ၄၈၀ ပင် 

    ၉ပေ × ၉ပေ ၅၃၅ ပင် 

    ၉ပေ × ၇ပေ ၆၉၀ ပင် 

    🍇ပန္နက်ရိုက်ခြင်း 

    🍇ကြိုးတန်းတင်စနစ် 

    ကြိုးတန်းတင်စနစ်တွင် ၉ပေ × ၉ပေ စနစ်အများဆုံး အသုံးပြုပါသည်။ ထို့ကြောင့် ပန္နက်တိုင်/ဝါး ၅၃၅ ခု လိုအပ်ပါသည်။ 

    ရာသီအစပိုင်းတွင် စပျစ်ညွှန့်များမှာ အောက်သို့ ကွေးနေတတ်ပြီး အညွှန့်များ တွဲကျနေတတ်ပါသည်။ နောက်ပိုင်းတွင် အညွှန့်များ စုပြုံ၍ ထွက်တတ်ပါသည်။ အရွက်အရွယ်အစား အလွန်မကြီးဘဲ အစိမ်းဖျော့ရောင် ရှိပြီး ကြမ်းတတ်ပါသည်။ 

    🍇စပျစ်ပင်စိုက်ရန် ကျင်းတူးခြင်း 

    စပျစ်ပင် စိုက်ရန်အတွက် ကျင်းများကို မြေသားတည်ဆောက်မှု ကောင်းလျှင် ၂ပေ × ၂ပေ × ၁ပေ (သို့) ၂ပေ × ၂ပေ × ၂ပေ ကျင်းတူး၍ မြေညံ့လျှင် ၃ပေ × ၃ပေ × ၃ပေ ကျင်းများ တူးရပါမည်။ စပျစ်မှာ နှစ်ရှည်ပင်ဖြစ်၍ ကျင်းကို စနစ်တကျတူးရန် လိုအပ်ပါသည်။ စိုက်ပျိုးမည့် မြေသည် မြေသားထူပြီး၊ (၃) ပေခန့်အနက်အထိ အထက်မြေနှင့် အောက်မြေသည် ကွဲပြားမှု မရှိလျှင် ကျင်းထဲမှ ထွက်ရှိသောမြေကို ကျင်းနှုတ်ခမ်းတွင် သင့်သလို ပုံနိုင်ပါသည်။ မြေညံ့လျှင် အပေါ်ယံမြေ (၆) လက်မခန့်ကို သီးသန့်ဖယ်ထားရပါမည်။ 

    🍇ကျင်းဖုံးခြင်း 

    ကျင်းဖုံးရာတွင် ယေဘုယျအားဖြင့် အပေါ်ယံမြေ ၆ဆ၊ မြေဆွေး ၂ဆ၊ ဖွဲပြာ ၁ဆ၊ သဲ ၁ဆ၊ ဓာတ်စုံ မြေသြဇာ စတီးဇွန်းတစ်ဇွန်း၊ မြေတွင်းအောင်းပိုးသတ်ဆေးမှုန့် စတီးဇွန်းတစ်ဇွန်းစာ ထည့်၍ နှံ့စပ်အောင်မွှေပြီး ကျင်းပြည့်အောင် ဖုံး၍ ရေနှပ်ရပါသည်။ 

    အချို့စပျစ်စိုက်တောင်သူများ အနေဖြင့် ၃ပေ × ၃ပေ × ၃ပေ ပတ်လည်တစ်ကျင်းကို နွားချေး ၂တင်း၊ အရိုးမှုန့် ၁ပြည်၊ ဂျစ်ပဆန် နို့ဆီဘူး ၂ဘူး၊ နှမ်းဖတ်မှုန့် နို့ဆီဘူး ၄ဘူး၊ တီစူပါ နို့ဆီဘူး ၄ဘူး၊ ဆန်ကွဲ ၄ဘူး၊ ပိုတက် ၁ဘူး၊ ကန့်မှုန့် ၁ဘူး၊ မြေတွင်းအောင်း ပိုးသတ်ဆေး ဘူးဝက် ထည့်၍ ရေနှပ်ကြပါသည်။ 

    မည်သို့ပင်ဆိုစေကာမူ မြေဆွေး၊ မြေသြဇာထည့်သည်မှာ မိမိတို့၏ အတွေ့အကြုံအရ ထည့်နိုင်ပါသည်။ အဓိကအားဖြင့် ထည့်သော မြေဆွေး၊ နွားချေးများတွင် ချ၊ ပုရွက်ဆိတ်၊ ဖိုးလမင်းစသည့် မြေတွင်းအောင်း ပိုးမွှားကာကွယ်ဆေးထည့်ပြီး စနစ်တကျ ရေနှပ်ရန် ဖြစ်ပါသည်။ ရေနှပ်ရာတွင် ကျင်းအတွင်း ဖြည့်သော မြေဆွေး၊ မြေသြဇာများနှင့် ကျင်းနှုတ်ခမ်းသားမြေများ အသားကျသည်အထိ နှပ်ရန်လိုအပ်ပါသည်။ ရေနှပ်လိုက်၊ ပြန်ဆွလိုက်နှင့် မြေသမသွားပြီးမှ အစိုအခြောက်သင့်ချိန်တွင် အပင်ငယ်ကို မြေချစိုက်ပျိုးရန် ဖြစ်ပါသည်။ အပင်ငယ်မြေချမစိုက်မီ ကျင်းကို သေသေချာချာပြန်ဆွထားရန် လိုအပ်ပါသည်။ သို့မှသာ အပင်ငယ်မြေချချိန်တွင် ရေများခြင်း မဖြစ်မည် ဖြစ်ပါသည်။ အပင်ငယ် စိုက်ပြီးချိန်တွင် အကြောစေ့အောင် တစ်ကြိမ် ရေပေးသွင်းရပါမည်။ 

    ကောက်နုတ်ချက်။ ။ သိပ္ပံနည်းကျ လက်တွေ့အသုံးချ စပျစ်စိုက်ပျိုးရေးနည်းပညာစာအုပ်မှ 



  • article
likes10comments0
views141views2178