cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေကြီးအတွက် တစ်ပတ်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်🌾🐟🌾🐠✅✅✅

. ရာသီဥတု သတင်းများ
မတ်ပဲ ၊ ပဲတီစိမ်း စိုက်တောင်သူတွေ စိုက်ခင်းအခြေအနေဘယ်လိုရှိကြလည်းဗျို့
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာ မိုးရွာရန်ရာခိုင်နှုန်းခန့်မှန်းချက်များကို တောင်သူများ အလွယ်တူကြည့်နိုင်အောင် ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    ခုချိန်မှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့နယ်တော်တော်များများမှာ ပဲတီစိမ်း၊ မတ်ပဲ စိုက်နေကြတာမို့ စပြီး စိုက်တဲ့ ၁ရက်သားကနေပြီး ၆၀ ရက်သားအထိ လုပ်ဆောင်သင့်သောနည်းလမ်းများ၊ ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပေးလိုက်ရပါတယ်။ 

     (၀၁ ရက်) 

    မတ်ပဲမျိုးစေ့များကို နာရီဝက်ခန့်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုတ်နှင့် သမအောင်ရောမွှေစိုက်ပါ၊။ အပင်အစိပ်ကျဲညီအောင် မျိုးစေ့ကို နှစ်လွှာကြဲပါ။ ကြဲပြီးပြီးချင်းကြမ်းဖြင့် နှစ်ပြန်အုပ်ပေးပါက အစိုဓာတ်လုံလောက်စွာ ရရှိ၍ အပင်ပေါက်ညီညာပြီး လိုအပ်သော အပင်ဦးရေရရှိနိုင်ပါသည်၊ အတန်းလိုက်စိုက်မည်ဆိုပါက စိုက်ကြောင်းပေး၊မျိုးစေ့ချပြီး ကြမ်းပြန်အုပ်ပေးရပါမည်။ ကြဲပတ်မည်ဆိုပါက ညနေပိုင်းတွင် ကြဲပတ်ရန် သင့်တော်ပြီး လက်ဆညီအောင်ကြဲပတ်ရန် လိုအပ်ပါသည်။ အပင်ညိုးသေနှင့် အခြားရောဂါများ မကျရောက်အောင် မျိူးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်လူးနယ်၍ စိုက်ပျိုးပါ။ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းအောင် ထယ်ရေးအတွင်း မျိုးစေ့ကို အတိမ်အနက်(၁.၂) လက်မအတွင်း ရအောင်စိုက်ပါ။ အပင်စပေါက်သည်၊၊

    (၀၄ ရက်)

    -အပင်ပေါက်စုံပါသည်။

    (၁၀ ရက် -၁၅ ရက်)

    အပင်ငယ်စဉ် လှေး၊ကျိုင်း၊ ပျ၊မွှား၊ပင့်ကူနီ၊ပင်စည်ထိုးယင်တို့ ကာကွယ်ရန် ပင်လုံးပြန့် သတ္တိရှိသော ဆေးတစ်မျိုးမျိုးကို တစ်ဧကလျှင် သတ်မှတ်နှုန်းဖျန်းပါ။ ညိုးသေရောဂါ ကာကွယ်ရန်မှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပါ။ ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။

    (၁၅ရက်-၂၅ရက်) 

    ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သော ရွက်ဖြန်းမြေဩဇာများတွင် နိုက်ထရိုဂျင် အချိုးများသည့် သင့်တော်သော ရွက်ဖြန်းမြေဩဇာတစ်မျိုးမျိုးကို(၁၅)ရက် ခြား၍ နှစ်ကြိမ်ပတ်ဖျန်းပါ။ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ သီးကိုင်းဖူးလေးမျာ းစတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပျက်ရန်၊ အာဟာရဓာတ်မချို့တဲ့ရန် ၊ပိုးမွှားရောဂါ မကျရောက်ရန် ဂရုပြုရမည်။

    (၃၀ရက်-၃၅ရက်)

    (၃၅)ရက်ခန့်တွင် ကိုင်းဖျားပန်းဖူးလေးများ ဖြစ်ပေါ်လာသည်။ ပန်းဖူးပေါ်ပြီး တစ်ပတ်အကြာ ပန်းစပွင့်သည်။ (၄၅)ရက်သားမှ (၆၀)ရက်သားအတွင်း ပန်းဖြိုင်ဖြိုင်ပွင့်၍ ပွင့်အားကောင်းအသီးတောင့်များရန်(NPK)အချိုးပါသော ရွက်ဖြန်းမြေဩဇာများတွင် ဖော့စဖရပ်နှင့် ပိုတက်ဆီရမ်ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေဩဇာများကို (၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ (သို့)ရေတစ်ဂါလံတွင် ယူရီးယား(၄.၅)ဇွန်းနှင့် လက်ချားတစ်ဇွန်းရော၍ တစ်ဧကလျှင် ဂါလံ(၂၀)ဖျန်းပါ။

    (၃၅ရက်-၆၀ရက်)

    ရွက်ဖောက်၊လှေး၊ကျိုင်း၊ရွက်စားငမြောင်တောင်၊ပင်စည်ထိုးယင်၊ပျပိုး၊သရစ်၊ထွာကောင်စိမ်း၊ရွက်စုံစားခူဝါ၊ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုးစသည်တို့နှင့်ယင်ဖြူကြောင့်ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရက်စ်ရောဂါများမကျရောက်စေရန်ဖြစ်ပါသည်။(၆၀)ရက်သားအထိ(၁၅)ရက်တစ်ကြိမ်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကိုအလှည့်ကျပတ်ဖျန်းပါ။ 

    (၁၅ရက်-၆၀ရက်)

    သီးနှံသက်တမ်းတလျှောက်လုံး ပင်ညှိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်စ်မိုစိတ်ရောဂါစသည့် ရောဂါများ ကျရောက်တက်၍ မှိုသတ်ဆေးများမှ ရောဂါနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုးကို (၁၅)ရက်တစ်ကြိမ် အလှည့်ကျ(၄)ကြိမ်ဖျန်းပါ။ အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် ထိပ်ပုပ်ရောဂါကိုဂရုပြုပါခင်ဗျာ။

    ရာသီဥတုအခြေအနေများကို လေ့လာပြီး မိမိတို့သီးနှံများကို ဂရုတစိုက် စောင့်ကြည့်ဖို့ ထွက်တိုးမှ အကြံပြုလိုက်ရပါတယ် ခင်ဗျာ

    ငါးကန်များအတွက်အကြံပြုချက် ✅✅

    ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါ ❗

    🌞ရောဂါသည် ငါး၏ ကိုယ်ခန္ဓာတွင်သာဖြစ်ပွားပြီး၊ ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်ပွားခြင်းမရှိပါ။ ရောဂါဖြစ်စတွင် ငါး၏ ဦးခေါင်း၊ အရေ ပြားနှင့်ပါးဟက်ဆူးတောင်များတွင် အဖြူရောင် အစက်အပျောက်များ ထွက်လာပြီး မကြာမီ ၄င်းအဖြူစက် ပတ်ပတ်လည်တွင် အနီရောင်ကွင်းများ ဝိုင်းရံဖြစ်ပေါ်လေ့ရှိပါသည်။

    🌞အဆိုပါ ရောဂါပိုးသည် ငါးမွေးတောင် သူတိုင်း ကျရောက်တတ်ပါသည်။ ရာသီအပြောင်းအလဲနှင့် နွေရာသီတွင် အဖြစ်များပါသည်။

    ✅ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။

    ✅ရောဂါဖြစ်သော ငါးကို ရေ ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၀၃ကျပ်သား)ဖျော်ရည်တွင် ငါးကို ၁၀စက္ကန့်စိမ်ထားပေးပါ။

    ✅ရေအနက်(၃)ပေရှိ တစ်ဧက ကန်တွင် ဘက်တီးရီးယားပိုးသတ်ဆေး ၁ ပိဿာ ၆၀ကျပ်သားကို သုံးစွဲနိုင်ပါသည်။

    Weather Source: CIAT


  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
likes13comments0
views191views31721