မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်❗️
01/12/2023
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ် ပေါ်နေသော 95Bသည် ပိုမိုအားကောင်းလာနေပါတယ်
အိန္ဒိယနိုင်ငံ chennai မြို့ကိုဦးတည်သွားနေပြီး နောက်၂၄နာရီအတွင်း Deep Depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိသွားမှာဖြစ်ပါတယ် ဒီဇင်ဘာလ ၃ရက်နေ့ ၄ရက်နေ့ ၅ရက်နေ့များမှာတော့ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ် ပြည်နယ်တောင်ပိုင်းကို မိချောင်းမုန်တိုင်း Michaung Cyclone (CS) အဆင့်ဖြင့်ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်အိုဒိရှာပြည်နယ်အထိမုန်တိုင်းတိုက်ခတ်မှုကူးစက်သွားနိုင်ပါတယ်
မြန်မာနိုင်ငံ ဧရာဝတီတိုင်း ပဲခူးတိုင်းဒေသတွေမှာမိုးတိမ်များရောက်ရှိလာမည်ဖြစ်သော်လည်း 850mbar temperature အနည်းငယ်မြင့်တက်နေသဖြင့် မိုးဖွဲဖွဲလောက်သာရွာနိုင်ပါတယ် ရှမ်းပြည်နယ်ကတော့ 850mbar temperature နိမ့်ဆင်းကျလာနေသဖြင့် မိုးရွာသွန်းနိုင်ပါတယ်
issued time
01/12/2023 6:30am(MMT)
95B သည် ပိုမိုအားကောင်းလာနေပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းအရှေ့ဖက်ကမ်းခြေဒေသတွေဆီသို့ဦးတည်သွားနေပါတယ် နောက်၂၄နာရီအတွင်း
Deep Depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာမှာဖြစ်ပါတယ်
issued time
30/11/2023 9:43pm(MMT)
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသော 95B သည် ပိုမိုအားကောင်းလာနေပါတယ် အိန္ဒိယနိုင်ငံအရှေဖက်ကမ်းခြေဒေသတွေကိုဦးတည်သွားနေသော်လည်း
95Bရဲ့ အထက်လေစီးကြောင်းများမှ နောက် ၂၄နာရီမှ ၄၈နာရီအတွင်း
ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ်ရှမ်းပြည်နယ် မန္တလေးတိုင်း မကွေးတိုင်းတွေမှာ ဖျက်မိုးရွာနိုင်ပါတယ် ဖျက်မိုးကတော့အတော်ဆိုးပါ ဒီဇင်ဘာလ ၆ရက်နေ့မှ ၈ရက်နေ့အတွင်းမှာလည်းအဆိုပါဒေသတွေမှာမိုးရွာနိုင်ပြန်ပါတယ်
တိကျသေချာစေရန်အတွက် အသေးစိတ်စိစစ်တွက်ချက်နေပါတယ် အတည်ပြုပြီးတာနဲ့ ဒေသအလိုက် update forecast ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်
01/12/2023 6:10pm(MMT)
၂၀၂၃ဒီဇင်ဘာလ ၇ရက်နေ့နှင့် ၈ရက်နေ့များတွင်
ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်တစ်ခုလုံး မိုးတွေရွာနိုင်ပါတယ်
issued time
01/12/2023 8:19am(MMT)
မိုင်ဆွန်ခယူလီဟ ⛈⛈⛈
၂၀၂၃ဒီဇင်ဘာလ ၃ရက်နေ့တွင် အရှေ့လေစီးကြောင်းမှ
ရှမ်းပြည်နယ်အရှေ့ပိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးအနည်းငယ်မှအသင့်အတင့်ထိရွာနိုင်ပြီး အေးချက်ပိုစေနိုင်ပါတယ်
issued time
30/11/2023 9:16am(MMT)
Su Su San
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


