cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေမဲ့စိုက်ပျိုးနည်း (သို့) အာဟာရရည်ဖြင့် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ရေနှင့် အာဟာရ ဓာတ်များကို ချွေတာနိုင်သည်။ ရောဂါပိုးမွှားကျရောက်မှု သက်သာစေသည်။ ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးရခြင်းဒဏ်ကို လျော့စေသည်။ မြေဆီလွှာ အသုံးပြုမှု လျော့နည်းစေသည်။
  • အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းသည် ဂရိစကား နှစ်လုံးမှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ အလုပ်လုပ်သော ရေဟု အဓိပ္ပာယ်ရသည်။ အပင်များကို မြေ အသုံးမပြုဘဲ (မြေမဲ့) အာဟာရ ဖျော်ရည်ဖြင့် စိုက်ပျိုးခြင်း ဖြစ်သည်။ ၁၈၆၀ ပြည့်နှစ်တွင် ဂျာမန်ရုက္ခဗေဒ ပညာရှင် ပါမောက္ခ Julius Von Sachs သည် အာဟာရ ဖျော်ရည်ကိုစတင်ဖော် ထုတ် ခဲ့သည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးနိုင်သည့် အခြေအနေသို့ မရောက်ရှိခဲ့။ ၁၉၃၆ ခုနှစ်မှ စ၍ အာဟာရ ဖျော်ရည်နှင့် သီးနှံစီးပွားဖြစ် စိုက်ပျိုးနည်းကို စတင်သိရှိခဲ့သည်။အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အပင် ဇီဝကမ္မဗေဒ ပညာရှင် Dr.Willian F Gerickeသည် အာဟာရ ဖျော်ရည်တွင် ခရမ်းချဉ်ကို အမြင့်ရှစ်ပေထိ ရရှိအောင် စိုက်ပျိုးပြသခဲ့သည်။ Hydroponic ဟု အမည်ပေးခဲ့သည်။ ဤအောင်မြင်မှုသည် နောင် ၁၀ စုနှစ်များအတွက် Hydroponic ကို စီးပွားဖြစ် လုပ်ငန်းတစ်ခု အဖြစ်ဆီသို့ တွန်းပို့လှုံ့ဆော်နိုင်ခဲ့သည်။၁၉၃၀ ပြည့်လွန်နှစ်များတွင် ဥရောပ၊ မြောက်အမေရိကနှင့် ဂျပန်နိုင်ငံတစ်ဝန်းရှိသိပ္ပံပညာရှင်များ၏ သုတေသန လုပ်ငန်းများ တွင်ကျယ်လာပြီး ၁၉၄၀ ပြည့်နှစ်လွန်များတွင် Hydroponic ကို ရိက္ခာထုတ်လုပ်မှု လုပ်ငန်းတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အမေရိကန် စစ်တပ်သည် ဒုတိယ ကမ္ဘာစစ်အတွင်းတွင် မြေဆီလွှာ အလွန်ညံ့ဖျင်းသည့် ပစိဖိတ်ကျွန်းများတွင် တပ်စွဲထားရာ Hydroponic နည်းဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး၍ တပ်သားများ၏ ရိက္ခာအခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်။

    ၁၉၅၀ ပြည့်လွန်နှစ်များတွင် အမေရိကား၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ ဆွီဒင်၊ ရုရှား၊ အစ္စရေး၊ အာရှနှင့် တောင်အမေရိက နိုင်ငံများတွင် Hydroponic စိုက်ပျိုးသည်ကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ခဲ့ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်မှစ၍ ဟင်းသီး ဟင်းရွက်များ၊ ပန်းများ၊ ဘယ်ရီသီးများနှင့် အခြားသစ်သီးပင်များကို Hydroponic စိုက်ပျိုးနည်းဖြင့် လုပ်ငန်းများ တရှိန်ထိုး ချဲ့ထွင်လာခဲ့သည်။ အထူးသဖြင့် မြေရှားပါးသည့် စင်ကာပူနိုင်ငံတွင် ရိက္ခာအတွက် Hydrop-onic စိုက်ပျိုးနည်းသည် ကောင်းစွာနေရာယူ အောင်မြင်လျက် ရှိနေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် တိုးတက်လာသည် နှင့်အမျှ အခြေအနေအမျိုးမျိုး၌ စမ်းသပ် သုတေသနပြုချက်များလည်း ဖွံ့ဖြိုးလာခဲ့သည်။ ပြင်ပကွင်းပြင်တွင် စိုက်ပျိုးခြင်းမှသည် Green House များတွင်စိုက်ပျိုးလာကြသည်။ သင်္ဘောသားများအတွက် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်ရရှိစေရန် ရေငုပ်သင်္ဘောများတွင် စိုက်ပျိုးလာခဲ့ကြသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းတွင်တွင် အားသာချက်များ၊ အားနည်းချက်များ ရှိပါသည်။ အာဟာရရည်ဖြင့်စိုက်ပျိုးခြင်း၏ အားသာချက်များမှာ မြေမရှိ၊နေရောင်ခြည် ရသည့်နေရာ၊ မည်သည့်နေရာမဆို စိုက်ပျိုးနိုင်သည်။ (ဝရန်တာ၊ခေါင်မိုး) သယ်ယူ စရိတ်သက်သာသည်။ လတ်ဆတ်သည့် အသီးအနှံကို ရရှိသည်။ အပင်ကြီးထွားမှုကို လိုသလိုထိန်းပေးနိုင်သည်။ လုပ်အားနှင့် ကုန်ကျစရိတ်သက်သာစေသည်။

    ရေနှင့် အာဟာရ ဓာတ်များကို ချွေတာနိုင်သည်။ ရောဂါပိုးမွှားကျရောက်မှု သက်သာစေသည်။ ပျိုးပင်ရွှေ့ပြောင်းစိုက်ပျိုးရခြင်းဒဏ်ကို လျော့စေသည်။ မြေဆီလွှာ အသုံးပြုမှု လျော့နည်းစေသည်။ အထွက်နှုန်းကောင်း ရရှိစေသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း၏ အားနည်းချက်များမှာ ရင်းနှီးစရိတ်များခြင်း၊ ပိုးမွှားရောဂါပျံ့နှံ့မှုမြန်စေခြင်း၊ နည်းပညာကျွမ်းကျင်မှု အထူးလိုအပ်ခြင်းတို့ဖြစ်သည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းတွင် အာဟာရ ဖျော်ရည်သည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဖျော်စပ်နည်း မမှန်ကန်ခြင်း၊ ထည့်သွင်းသည့် မြေဩဇာများ အချိုးအစား မမှန်ကန်ခြင်း ဖြစ်ပါက အပင်လုံးဝသေသွားနိုင်ပါသည်။ အပင်များကို မြေတွင်စိုက်ပျိုးခြင်းနှင့် အာဟာရ ဖျော်ရည်တွင် စိုက်ပျိုးခြင်းမှ ရေနှင့်အာဟာရ စုပ်ယူမှုနည်းလမ်းအတူတူပင်ဖြစ်သည်။ သို့သော် အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းတွင် အာဟာရများကို ဖျော်ရည်ပုံစံဖြင့် အမြစ်မှ စုပ်ယူသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းသည် အောက်စီဂျင်နှင့် အာဟာရဓာတ် ၁၅ မျိုးကို ရေနှင့်အထူးဖျော်ရည်ပုံစံဖြင့် အပင်အမြစ်သို့လွှတ်ပေးခြင်းဖြစ်သည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် စိုက်ပျိုးသူများသည် အာဟာရဖျော်ရည်ကို Inorganic ဓာတ်မြေဩဇာများကို အသုံးပြုကြသည်။ ယေဘုယျအားဖြင့် Green House တွင် အသုံးပြုသည့်အဆင့်ရှိ ဓာတ်မြေဩဇာများ အသုံးပြုသင့်သည်။

    ပျော်ဝင်စွမ်းရည်နှင့် သန့်ရှင်းမှုတွင် သိသိသာသာ ပိုကောင်းသည်။ အဆင့်နိမ့်ဓာတ်မြေဩဇာများတွင် မြေစေး၊ သဲ၊ နုန်း ကဲ့သို့အာဟာရတန်ဖိုးမရှိသည့် ပစ္စည်းများ ပါဝင်တတ်သဖြင့် အခြားအာဟာရဓာတ်များကို ထိန်းချုပ်ထားခံရခြင်း၊ အာဟာရပေးပိုက်လိုင်းများ ပိတ်ဆို့စေခြင်းများ ဖြစ်စေသည်။ ပြည့်စုံကောင်းမွန်သော အာဟာရ ဖျော်ရည်ရရှိရန် ကျွမ်းကျင်ပညာရှင်များမှထောက်ခံထားသော ဓာတ်များမှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ် (ထုံး) ရရှိစေရန် ပိုတက်စီယမ်နိုက်ထရိတ်နှင့် ကယ်လ်စီယမ်နိုက်ထရိတ်ဖြစ်သည်။ ဖော့စဖိတ်ရရန် မိုနိုပိုတက်စီယမ်ဖော့စဖိတ်၊ မဂ္ဂနီစီယမ်နှင့် ဆာလ်ဖာ (ကန့်) ဓာတ်ရရန် မဂ္ဂနီစီယမ် ဆာလ်ဖိတ်၊ ဘိုရစ်အက်ဆစ်၊ သံ၊ မဂ္ဂနီးစ်၊ ဇင့် (သွပ်) တို့ အသုံးပြုရန်လည်း ထောက်ခံထားပါသည်။ အာဟာရဖျော်ရည်ဖျော်စပ်ရာတွင် ရေ၏ချဉ်ငန်ကိန်းကိုလည်း ဂရုတစိုက်ထိန်းညှိပေးရန် လိုအပ်ပါသည်။ အာဟာရဖျော်ရည်ကို အသုံးပြုရာတွင် ဓာတ်မြေဩဇာများ အသုံးပြုထားသည့် ဖျော်ရည်အပြင် အဏုဇီဝသက်ရှိများ အသုံးပြုသည့်ဖျော်ရည်များလည်း အသုံးပြုကြသည်ကို တွေ့ရသည်။ သစ်ခွနှင့် မှိုစိုက်ပျိုးရေးတွင် အမြစ်များ၏ ပတ်ဝန်းကျင်၌ Micorrhiza ကဲ့သို့ အဏုဇီဝ သက်ရှိများမှသာ ကောင်းစွာဖြစ်ထွန်းသည်။ ပဲမျိုးစုံ အပင်များသည် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူစားသုံးရန် ပဲမြစ်ဖုဘက်တီးရီးယားများ လိုအပ်သဖြင့် ပဲမြစ်ဖုများကိုချေပြီး အာဟာရဖျော်ရည်တွင် ထည့်သွင်းအသုံးပြုကြသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းမှာ အာဟာရဖျော်ရည်တွင် စိုက်ပျိုးခြင်းနှင့် အာဟာရဖျော်ရည် အသုံးပြု၍ အတုံးအခဲများပေါ်တွင် စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးကြသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း စိုက်ပျိုးရာတွင် အောက်ခံပစ္စည်းအမျိုးမျိုးကိုအသုံးပြုနိုင်ပါသည်။ ဖန်ပုလင်းကြီး၊ ပလတ်စတစ်ခွက်၊ Polytstyrene box နှင့် ဘီနိုင်းပလတ်စတစ်ကန်၊ အာဟာရဖျော်ရည်တိုင်းကိရိယာ၊ ကွန်ဂျူးပိုက်များ၊ အာဟာရ ဖျော်ရည်သုံးကျောက်ဖြုန်း၊ မီးသင့်ကျောက်၊ လချေး၊ ရေမြှုပ်၊ သဲ၊ လွှာစာမှုန့်၊ ကျောက်ဂွမ်း၊ ခဲမြေ စသည်များ အသုံးပြုကြပါသည်။ 

    ပစ္စည်းတစ်ခုချင်းတွင် အသုံးပြုစိုက်ပျိုးနည်းများမှာ သိပ္ပံနည်းကျ စနစ်တကျဆောင်ရွက်ကြရပါသည်။ အသေးစိပ်ရေးမည်ဆိုပါက အလွန်ကျယ်ပြန့်လွန်းပါသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းဖြင့်စိုက်ပျိုးသော သီးနှံများမှာလည်း ပိုးမွှား ရောဂါကျရောက်နိုင်ပါသည်။ ပျ၊ ခရု၊ ပက်ကျိ၊ ရွက်စားခူကောင်များ၊ ယင်ဖြူများ၊ ရွက်ထွင်းပိုးများ၊ ဘက်တီးရီးယားနှင့် မှိုရောဂါများ၊ ဗိုင်းရပ်စ်ရောဂါများ အနည်းငယ်စီ ကျရောက်နိုင်ပါသည်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြစ်ပါက လက်ဖြင့်ကောက်ယူနှိမ်နင်းနိုင်ပါသည်။ စီးပွားဖြစ်စိုက်ခင်းများဖြစ်ပါက ဆေးများဖြင့် ဆေးဖျန်းကာကွယ်နှိမ်နှင်းရန် လိုပါသည်။ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း စနစ်ဖြင့် စိုက်ပျိုးရန် ပညာရှင်များက အကြံပြုထားသော သီးနှံများ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ငရုတ်၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ တရုတ်နံနံ၊ ကိုက်လန်၊ မုန်ညင်းအုပ်စုံ၊ ဟင်းနုနွယ်၊ သခွား၊ ခရမ်းချဉ်၊ကန်စွန်းရွက်၊ ဆလပ်၊ ကြက်သွန်နီ၊ ဖရုံသခွား၊ ဘယ်ရီသီး၊ ဇော်မွှားပန်း၊ နှင်းပန်း၊ သစ်ခွ၊ ကျူးလစ်၊ ပိန်းပန်း၊ နှင်းဆီပု၊ ပန်းငရုတ်၊ ခရစ်စမတ်ပန်း၊ ဂန္ဓမာ၊ သစ္စာပန်း၊ စံပယ်ပန်းစသည် တို့ဖြစ်ပါသည်။ တချို့နိုင်ငံများတွင် အာဟာရရည်ဖြင့် စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်စိုက်ပျိုး၍ စီးပွားဖြစ်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လူနေထူထပ်ပြီး မြေရှားပါးသော မြို့ကြီးများတွင် ရိက္ခာအတွက် စိုက်ပျိုးသင့်သော နည်စနစ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

    အောင်ဆန်း (စိုက်ပျိုးရေး)


  • article
likes9comments1
views199views1779