cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်

. ကျန်းမာရေးဆောင်းပါးများ
မျက်ကွင်းညိုခြင်းဆိုတာ မျက်လုံးနားတစ်ဝိုက် သွေးကြောလေးတွေကျယ်တဲ့အခါမျိုး၊ မျက်လုံးနားတစ်ဝိုက် Melatonin ခေါ်တဲ့ရောင်ခြယ်လေးတွေများတဲ့အခါမျိုးမှာ မျက်ကွင်းလေးတွေညိုတတ်ပါတယ်။
  • မျက်ကွင်းညိုခြင်း ပျောက်ကင်းအောင်


    Panda Eye ရယ်လို့တင်စားကြတဲ့ မျက်ကွင်းညိုညိုလေးတွေကို ကိုယ်တိုင်မကြုံဖူးရင်တောင် သူများဆီမှာမြင်ဖူးကြမှာပါ။

    များသောအားဖြင့် ကြီးကြီးမားမားဒုက္ခမပေးပေမဲ့ အတော်တော့ စိတ်အနှောင့်အယှက် ပေးနိုင်တာမျိုးပါ။ ဒါကြောင့် ဒီ Panda Eye လေးတွေအကြောင်း နည်းနည်းလေ့လာကြည့်ကြရအောင်ပါ။

    မျက်ကွင်းညိုခြင်းဆိုတာ မျက်လုံးနားတစ်ဝိုက် သွေးကြောလေးတွေကျယ်တဲ့အခါမျိုး၊ မျက်လုံးနားတစ်ဝိုက် Melatonin ခေါ်တဲ့ရောင်ခြယ်လေးတွေများတဲ့အခါမျိုးမှာ မျက်ကွင်းလေးတွေညိုတတ်ပါတယ်။

    မျက်ကွင်းညိုခြင်းအကြောင်းရင်း

    မျက်ကွင်းညိုခြင်း အကြောင်းရင်းတွေကတော့-

    ၁။ ပင်ပန်းတဲ့အခါ (မျက်ကွင်းညိုခြင်း ၈၀% ခန့်ဟာ ပင်ပန်းလို့ပါ)

    ၂။ အသက်ရလာတဲ့အခါ

    ၃။ ရေဓာတ်လျော့နည်းတဲ့အခါ

    ၄။ Screen Time (ဖုန်း၊ ကွန်ပျူတာ၊ TV ကြည့်) များလွန်းတဲ့အခါ

    ၅။ ဆေးလိပ်သောက်ခြင်းကြောင့်

    ၆။ မွေးရာပါ (မျိုးရိုးလိုက်ခြင်းကြောင့်)

    ၇။ Allergy (ဓာတ်မတည့်ရောဂါ)

    ၈။ အသည်းရောဂါ

    ၉။ ကျောက်ကပ်ရောဂါ

    ၁၀။ သိုင်းရွိုက် (လည်ပင်းရှိ Gland) ရောဂါ တို့ကြောင့် မျက်ကွင်းညိုတတ်ပါတယ်။

    မျက်ကွင်းညိုခြင်းသက်သာ ပျောက်ကင်းအောင်

    ၁။ များသောအားဖြင့် ပင်ပန်းလို့ဖြစ်ကြရတာဖြစ်တဲ့အတွက် မိမိရဲ့ နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာတဲ့ပုံစံဖြစ်အောင် ပြုပြင်သင့်ပါတယ်။ အိပ်ရေး၀အောင်အိပ်ဖို့၊ ကျန်းမာအောင်နေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။ ဆေးလိပ်ရှောင်ဖို့၊ အရက်လျှော့သောက်ဖို့လည်းလိုအပ်ပါတယ်။

    ၂။ မျက်လုံးနားတစ်ဝိုက် ရေခဲကပ်ပေးသင့်ပါတယ်။ Cold Pad၊ သောက်ပြီးသား လက်ဖက်ခြောက်ထုတ် အေးအေးလေးတွေနဲ့ သခွားသီးအေးအေးလေးတွေလည်း သုံးနိုင်ပါတယ်။

    ၃။ ခေါင်းအုံးခပ်မြင့်မြင့်လေး သုံးခြင်းကလည်း နည်းလမ်းတစ်ခုပါ။

    ၄။ Antioxidant ပါတဲ့ Skin Care တွေနဲ့ မျက်လုံးနားတစ်ဝိုက် နှိပ်နယ်ပေးခြင်းကလည်း သက်သာစေနိုင်ပါတယ်။

    ၅။ အမြန်ဆုံးဖုံးကွယ်ချင်ရင်တော့ Concealer Makeup လေးလိမ်းပါ။

    ၆။ ဆေးနဲ့ကုသတဲ့နည်းလမ်းတွေကတော့ ဆေးလိမ်းလို့လည်းရပါတယ်။ လေဆာနဲ့ကုလို့ရပါတယ်။ Chemical Peeling ခေါ်တဲ့ အရေပြားချေးချွတ်နည်းနဲ့လည်း ကုလို့ရပါတယ်။

    ဒီနည်းလမ်းတွေကတော့ အရေပြားဆရာ၀န်နဲ့ပြသတိုင်ပင်ပြီးမှ သုံးသင့်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

    မျက်ကွင်းညိုခြင်းဟာများသောအားဖြင့် ခဏတာသာဖြစ်ပြီး အထက်ပါနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သော်လည်း တခြားရောဂါများနှင့်လည်းဆက်စပ်နေနိုင်သေးသောကြောင့် အချိန်ကြာကြာခံစားလာရပြီး မပျောက်ကင်းနိုင်ဖြစ်လာလျင်တော့ သတိထားစေချင်ပါတယ်။

    Author : Dr. Phyo Su

    OnDoctor

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes5comments0
views170views1990