cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ထောပတ်သီးများကို ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်း ဈေးကွက်ကိုသာ အဓိကရောင်းချမည်

. ဈေးကွက်
မြန်မာ့ထောပတ်သီးများကို ပြည်ပမှ ကမ်းလှမ်းမှုများနေပေမယ့် ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်း ဈေးကွက်ကိုသာ အဓိကရောင်းချမည်
  • ယခုနှစ် ထောပတ်သီးရာသီချိန်မှာ ထွက်ရှိတဲ့ မြန်မာ့ထောပတ်သီးများကို ပြည်ပမှ ကမ်းလှမ်းမှု များပြား နေပေမယ့် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချသွားမယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါတယ်။

    အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက “အီးယူတို့၊ ဒူဘိုင်းတို့ကလည်း တင်သွင်းဖို့ ကမ်းလှမ်းချက်တွေ အရမ်းများတယ်၊ ဒါပေမယ့် အရမ်းဝေးတဲ့ အတွက် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကိုပဲ တင်ပို့မှာပါ။ ဒီနှစ် ပြည်တွင်းမှာ လည်း ထောပတ်သီးဈေး ကောင်းတယ်”လို့ နိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုထားပါတယ်။

    လက်ရှိတွင်လည်း ထိုင်းနိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တရားဝင်တင်ပို့နိုင်ရန် သက်ဆိုင်ရာမှ တဆင့် ဆွေးနွေးမှု များရှိနေပြီး တရားဝင်တင်ပို့ခွင့်ရပါက တောင်သူများအတွက် အခွင့်အလမ်း ပိုမိုရရှိနိုင်တယ်လို့လည်း သိရှိရပါ တယ်။

    ပြည်တွင်း၌ ထောပတ်သီးတစ်ကီလိုလျှင် ခြံထွက်စျေး ၄,၀၀၀ ကျပ် အထိရှိပြီး လက်လီစျေး တစ်ကီလိုလျှင် ၇,၀၀၀ ကျပ်အထိရောင်းချလျက်ရှိကြောင်းလည်း သိရှိရပါတယ်။

    ယခုနှစ် ထောပတ်သီး ကြမ်းခင်းဈေးကောင်းနေပြီး ရာသီပိတ်ချိန်တွင်လည်း တစ်ကီလို ကျပ် ၆,၀၀၀ ၊ ၇,၀၀၀ ခန့် ရရှိဖို့ မျှော်မှန်းထားကြောင်း၊ လတ်တလောတွင်လည်း ပြည်တွင်းဈေးကွက် ကောင်းနေတာကြောင့် ပြည် တွင်းဈေးကွက်ကို ကြိုးစားတိုးချဲ့သွားမယ်လို့လည်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views95views2346