cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းလာနိုင်သည့် ငရုပ်စျေးကွက်

. ဈေးကွက်
ယခုရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်ဘက်မှ တစ်ပိဿာငွေ ကျပ် ၅၀၀၀ ဖြင့် ကြမ်းခင်းဈေး ဖွင့် ဝယ်ယူနေကြောင်း၊ ထိုင်း ဘက်က အဝယ်နဲဆိုရင် ပြည်ပ ဝယ်လိုအားကြောင့် ဈေးကောင်း ရလာနိုင်ကြောင်း ငရုတ်ကုန်သည် များက သုံးသပ်ကြသည်။
  • ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းလာနိုင်သည့် ငရုပ်စျေးကွက်


    ပြည်တွင်းငရုတ်သီးဈေးကွက် တွင် နိုဝင်ဘာ တတိယပတ်က ဈေးထက် ရက်ပိုင်း၌ အနည်း ငယ်ကျဆင်းခဲ့ကာ ဈေးမငြိမ်ဖြစ် နေသော်လည်း ထိုင်းဘက်မှ ငရုတ်သီးဝယ်လိုအား ရှိလာနိုင် သည့်အပြင် တရုတ်ဈေးကွက်မှ စတင်ဝယ်ယူနေပြီဖြစ်၍ ဈေး ကောင်းရလာနိုင်ကြောင်း သိရ သည်။

    မန္တလေးတိုင်းဒေသကြီး ကူမဲ၊ မိတ္ထီလာဘက်တွင် စိုက်ပျိုးမှု နောက်ကျခဲ့သော ငရုတ်သီးများ ထွက်ပေါ်လာတော့မည်ဖြစ်၍ ပြည်ပဝယ်ယူမှုရှိလာသဖြင့် ဈေးကောင်းရလာနိုင်တော့မည်ဟု ငရုတ်ပွဲစားတစ်ဦးက ပြော သည်။

    `` ငရုတ်သီးက ဧရာ၀တီတိုင်း ဘက်က ထွက်နေပြီး ဖေဖော်ဝါရီ ဆိုရင် အများကြီးထွက်တော့ မယ်။ ထိုင်းဘက်မှာ ငရုတ်ရာသီ ကုန်တော့မယ်ဆိုတော့ လိုအပ် ချက်ရှိလာပြီဖြစ်လို့ မြန်မာငရုတ် ကို ဈေးကောင်းရလာနိုင်တယ်။ တရုတ်ဘက်ကလည်း ဝယ်နေပြီ။မန္တလေး-ကျိုင်းတုံ-မိုင်းလား လမ်းပိုင်းကနေ သွားတာပါ´´ ဟု ၎င်းက ပြောသည်။

    ငရုတ်သီးဈေးကွက်တွင် တစ်ပိဿာ ငွေကျပ် ၁၅၀၀ မှ ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိရာ ဈေးမတည်ငြိမ်သော်လည်း ယခုရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်ဘက်မှ တစ်ပိဿာငွေ ကျပ် ၅၀၀၀ ဖြင့် ကြမ်းခင်းဈေး ဖွင့် ဝယ်ယူနေကြောင်း၊ ထိုင်း ဘက်က အဝယ်နဲဆိုရင် ပြည်ပ ဝယ်လိုအားကြောင့် ဈေးကောင်း ရလာနိုင်ကြောင်း ငရုတ်ကုန်သည် များက သုံးသပ်ကြသည်။

    ``ဧရာ၀တီတိုင်းဒေသကြီးက ငရုတ်စတင်ထွက်နေပြီး ကျောက် ဆည်ဘက်က တုန်းသွားပြီ။ကူမဲ၊ မိတ္ထီလာဘက်က ထွက်တော့ မယ်။ငရုတ်သီးဖြုန်းအားကောင်း ဖို့ လုပ်ရမှာပါ။ ထိုင်းဘက်ကို တင်ပို့တဲ့အခါ နယ်စပ်ဂိတ်တွေ ကို အားကိုးရတာပါ။ ကားခ ဈေးကြီးတာနဲ့ အခွန်အခနှုန်းထား တွေကြောင့် ဈေးကောင်းရဖို့ တော့လိုတယ်´´ဟု ငရုတ်သီးဈေး ကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ပြည်တွင်း၌ စစ်ကိုင်း၊ ရှမ်း၊ မကွေးစတဲ့ ဒေသအသီးသီး အားလုံးက စိုက်ပျိုးသူများပြား လာသည့်အတွက် ထွက်အား လည်း ကောင်းလာသဖြင့် ပြည်ပ ဈေးကွက်ဝယ်လိုအား လိုအပ် ကြောင်း၊ ဧရာ၀တီတိုင်းဒေသ ကြီးမှ လာမည့်ဖေဖော်ဝါရီလ တွင် လှိုင်လှိုင်ထွက်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes9comments0
views103views1388