cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် ရေလုပ်ငန်းအကြံပြုချက် 🌤️🌧️  (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
၈ ရက်နေ့မှာ သန်လျင်၊ တွံတေးမြို့နယ်တို့မှာ မိုးရွာနိုင်ချေရှိပါတယ်။

  • ရန်ကုန်တိုင်းဒေသကြီး 

    ၁။ တွံတေးမြို့နယ် 

    ယနေ့ နေပြင်းနိုင်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ၇၄ ရာခိုင်နှုန်း၊ ၇ ရက်နေ့မှာ ၆၆ ရာခိုင်နှုန်း၊ ၈ ရက်နေ့မှာ ၈၇ ရာခိုင်နှုန်းရှိသဖြင့် တိမ်ထူပြီး မိုးရွာနိုင်ချေ ရှိပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၉ ရက်နေ့မှာ ၁၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ 

    ၂။ သန်လျင်မြို့နယ် 

    ယနေ့မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ မိုးရွာရန် ၄၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ ၈ ရက်နေ့မှာတော့ ၈၄ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ပါတယ်။ ၉ ရက်နေ့မှာတော့ နေပြင်းနိုင်ပါတယ်။ 

    ၃။ ကျောက်တန်းမြို့နယ် 

    ယနေ့မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ မိုးရွာရန် ၄၀ ရာခိုင်နှုန်း အောက်သာ ဝန်းကျင်ရှိပါတယ်။ 

     

    ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်တို့တွင် 

    ယနေ့မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ တစ်ပတ်အတွင်း မိုးရွာရန် ၂၅ ရာခိုင်နှုန်းဝန်းကျင် ရှိပါသဖြင့် နေပြင်းနိုင်ပါတယ်။  

     

    ငါးကန်များအတွက်အကြံပြုချက် 

    ✅ ငါးမွေးကန်များအတွက် ကန်ရေ၏ အပူချိန်ပြောင်းလဲခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း၏ ဇီဝဖြစ်စဉ်နှင့် ဓါတုဖြစ်စဉ်များအပေါ် လွမ်းမိုးမှုရှိပါသည်။ 

    ✅ရေအပူချိန် ချက်ချင်းပြောင်းခြင်းကြောင့် အပူရှပ်ခြင်း ဖြစ်နိုင်ပါသည်။  

    ✅အပူချိန်ကို ကန်၏အပေါ်ယံ၊ အလယ်လွှာ နှင့် အောက်ခြေများတွင် အပူစီးကူးခြင်းဖြင့် အပူချိန် ကွာခြားချက် မများစေရန်အတွက် ကန်ရေ အနက်သည် အနည်းဆုံး (၄.၅)ပေ မှ (၆.၅)ပေ အတွင်း ထားရှိရန်လိုအပ်ပါသည်။ 

    ✅အပူချိန်မြင့်မားပါက ကန်အတွင်း ဆိုင်နိုဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပါသည်။ အဆိုပါ ဘက်တီးရီးယားများကို ငါးများက စားသုံးခြင်းဖြင့် ငါးများတွင် ဒိုက်အနံ့များ(တမံအနံ့)ကို ဖြစ်စေပါသည်။  

    Weather Source: CIAT 


  • article
likes9comments0
views250views1379