cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်စရိတ်မြင့်တက်သော်လည်းပဲတီစိမ်းဈေးအနည်းငယ်ကျ

. ဈေးကွက်
စိုက်စရိတ်မြင့်တက်သော်လည်း တရုတ် လိုအပ်ချက်နည်းသဖြင့် ပြည်တွင်းမှာ ပဲတီစိမ်းဈေးအနည်းငယ်ကျ
  • စိုက်ပျိုးထုတ်လုပ်မှု ကုန်ကစရိတ်များ မြင့်တက်လာသော်လည်း လိုအပ်ချက်နည်းသဖြင့် တရုတ်ဈေးကွက်မှ ဈေးတိုးမပေးခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ပဲတီစိမ်းဈေးအနည်းငယ်ကျဆင်းလာပါတယ်။


    တောင်သူတွေက လက်ရှိ ဖြစ်နေတဲ့ ပဲတီစိမ်းဈေးကွက် အခြေအနေပေါ် သုံးသပ်ပြီး လာမယ့် ပဲတီစိမ်း ပေါ်ချိန် မှာ တစ်တင်းကို ၆၀၀၀၀ ကျပ်ရနိုင်ကြောင်း မျှော်လင့်ချက်နဲ့တွက်ချက်ပြီး စိုက်ပျိုးကြတာဖြစ်တယ် လို့သိရပါ တယ်။ပဲတီစိမ်းရွှေဝါက ပြည်တွင်းမှာစိုက်ပျိုးတဲ့ ပဲတီစိမ်းတွေထဲမှာ ဈေးတန်းအမြင့်ဆုံးနဲ့ ပဲစတင်ပေါ်ချိန်မှာဈေး ကွက်ဝယ်လိုအားကောင်းဆုံး ဖြစ်တယ်လို့သိရပါတယ်။


    " ခရမ်းတမြို့နယ်လုံးကရွာတွေ အကုန်စိုက်ကြတာ၊ဧက သိန်းချီရှိတယ်။ခရမ်းပဲတီစိမ်းက ကမ္ဘာထိပေါက်တယ် လေ၊ ရေမြေကောင်းတော့ ပဲကအရောင်အရည်အသွေးကလှတယ်ကောင်းတယ်၊ဈေးကွက်က ကျနေတာကို သိ တယ်” လို့ ခရမ်းမြို့နယ်မှာ ပဲတီစိမ်း ၂၄ ဧက စိုက်ထားတဲ့ တောင်သူဦးဌေးက ပြောပြပါတယ်။


    ပြည်တွင်းမှာ ပဲတီစိမ်း ဈေးကျ နေပေမယ့်လည်း ပဲတီစိမ်းရွှေဝါကို တရုတ်ကကြိုက်ပြီး ဝယ်လိုအားကောင်းပြီး ဈေးကောင်းရ တာကြောင့် ပဲတီစိမ်းရွှေဝါထွက်တဲ့ ရန်ကုန်တိုင်းမှာ ဆောင်း ပဲတီစိမ်း စိုက်ဧက ၃ သိန်းကျော် စိုက် ပျိုးထားတယ်လို့ သိရပါတယ်။


    ခုနှစ်မှာ ပဲတီစိမ်း တစ်ဧကကို လယ်ထွန်စက်မောင်းခက ဈေးတက်သွားသလို အလုပ်သမားငှားရမ်းခ တွေက လည်း ဈေးတက်သွားကြောင်း၊ ထို့အတူ စိုက်ပျိုးရေးဆေး ၊ ပဲမျိုးဈေးကလည်း တက်တာကြောင့် တစ်ဧကစိုက် ပျိုး မှုကုန်ကျစရိတ်က ၆ သိန်းလောက်ရှိတယ်လို့သိရပါတယ်။


    ဒါပေမယ့် ပဲတီစိမ်းတစ်ဧကကို ပုံမှန် ၁၅ တင်းလောက်ထွက်လေ့ ရှိတာကြောင့် လာမယ့် ပဲတီစိမ်းရွှေဝါ ခူးဆွတ် ချိန်မှာ ပိဿာ ၂၀ တစ်တင်းကို ၆၀၀၀၀ ကျပ်ရရှိပါက တောင်သူတွေအတွက် အကျိုးအမြတ်က တစ်ဧကကို ၃ သိန်းလောက်ရ ရရှိနိုင်တယ်လို့သိရပါတယ်။


    " ပဲတီစိမ်းက ဈေးအေးတယ်။တရုတ်ကခုနှစ်သိပ်ဈေးမပေးဘူး၊လိုအပ်ချက်သိပ်မရှိတော့လေ၊ဒါပေမယ့် ခရမ်း သုံးခွ ပဲက အရည်အသွေးလှတယ်၊လူကြိုက်များတယ်။ ၅၀၀၀၀ အောက်တော့မကျနိုင်ပါဘူး၊၆၅၀၀၀ လောက် ထိဖြစ်နိုင်တယ်။ မြန်မာပြည်ရဲ့ပဲတီစိမ်းက တရုတ်တပေါက်ပဲရှိတယ်၊တခြားနိုင်ငံတွေကမဝယ်ဘူး" လို့ အောင် လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးက သုံးသပ်ပြောဆိုပါတယ်။


    လက်ရှိ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း ခရမ်းရွေဝါ ပိဿာ ၂၀ ကို ၆၈၆၀၀ ကျပ်ရှိပြီး ပဲတီစိမ်း ပဲခူးရွှေဝါက ၆၅၃၀၀ ကျပ်ရှိပြီး ပဲတီစိမ်း ဝါးခယ်မက ပိဿာ ၂၀ ကို ၅၂၆၀၀ ကျပ်သာရှိပါတယ်။မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းအညာက ပိဿာ ၂၀ ကို ၅၀၀၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။

    ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ရန်ကုန်တိုင်း အတွင်း ဆောင်းပဲတီစိမ်း(ရွှေဝါ) စိုက် ဧက ၃၅၈၈၃၃ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေနဲ့ တစ်ဧကမှာ ၁၅ တင်း နူန်းနဲ့ စုစုပေါင်း တန်ချိန် ၁၆၉၂၉၁ ကျော် ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ပဲတီစိမ်း ရွှေဝါကို မိုးစပါးစိုက် ပျိုးပြီး ရိတ်သိမ်းပြီးချိန် နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြပြီး အချိန် နှစ်လခွဲလောက်မှာ သီးနှံဆွတ်ခူးရိတ်သိမ်း ရတာဖြစ်တယ်လို့သိရပါတယ်။

    Chit Khon Cho (AMIA)

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views96views1473