cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက်  🌤️🌤️

. ရာသီဥတု သတင်းများ
ပွင့်ဖြူ၊ မင်းဘူး၊ စလင်းမြို့နယ်တို့မှာ ဒီဇင်ဘာ ၇ ရက်နေ့တွင် ၉၅ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပါတယ်။
  • ၁။ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်   

    ယနေ့ နေပြင်းနိုင်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၉၅ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပြီး ၈ ရက်နေ့မှာ ၆၇ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ ဒီဇင်ဘာ ၉၊ ၁၀၊ ၁၁ ရက်တို့မှာတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၂။ စလင်းမြို့နယ်   

    ယနေ့ နေပြင်းနိုင်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၉၅ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာသွန်းနိုင်ပြီး ၈ ရက်နေ့မှာ ၄၄ ရာခိုင်နှုန်းရှိသဖြင့် တိမ်အနည်းငယ် ရှိနိုင်ပါတယ်။ ဒီဇင်ဘာ ၉၊ ၁၀၊ ၁၁ ရက်တို့မှာတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၃။ စေတုတ္တရာမြို့နယ်   

    ယနေ့နှင့် ဒီဇင်ဘာ ၉ ရက်တို့မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းရှိပြီး ၇၊ ၈ ရက်တို့မှာ ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ၁၀၊ ၁၁

    ရက်တို့မှာတော့ မိုးရွာရန်  ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

       

    ငါးကန်များအတွက်အကြံပြုချက်  ✅✅ 

    🐟 ငါးမွေးကန် ရေညစ်ညမ်းခြင်းနှင့်

    ငါးမွေးကန်ပတ်လည်ညစ်ညမ်းမှုတို့ကြောင့် ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါသည် ရောဂါဖြစ်စတွင် ငါး၏ ဦးခေါင်း၊ အရေပြားနှင့်ပါးဟက်ဆူးတောင်များတွင် အဖြူရောင် အစက်အပျောက်များ ထွက်လာပြီး မကြာမီ

    ၄င်းအဖြူစက် ပတ်ပတ်လည်တွင် အနီရောင်ကွင်းများ ဝိုင်းရံဖြစ်ပေါ်လေ့ရှိပါသည်။

    🐟 ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။

    🐟 အထက်ပါအတိုင်း သုံးစွဲပြီးနောက် နောက်ထပ် သုံးပါက အထက်ပါနှုန်း၏ တစ်ဝက်ကို ဆောင်ရာသီနောက်ပိုင်း

    တစ်လခြားစီ ကန်အတွင်းပက်ပေးပါ။

    🐟 ရောဂါဖြစ်သော ငါးကို ရေ ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၀၃ကျပ်သား)ဖျော်ရည်တွင် ငါးကို ၁၀စက္ကန့်စိမ်ထားပေးပါ။

    🐟 ရေအနက်(၃)ပေရှိ တစ်ဧက ကန်တွင် ဘက်တီးရီးယားပိုးသတ်ဆေး ၁ ပိဿာ ၆၀ကျပ်သားကို သုံးစွဲနိုင်ပါသည်။

    Weather Source: CIAT  


  • article
likes5comments0
views220views1823