cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မျိုးရွေးချယ်ခြင်းနှင့်မျိုးကောင်းမျိုးသန့် သိကောင်းစရာများ

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
နှစ်ရှည်ပင်စိုက်ပျိုးရာ၌ မျိုးသည်အလွန်အရေးကြီးပါသည်။ ရာသီမှားလျှင် ၁နှစ်သာဖြစ်ပြီး မျိုးမှားပါက နှစ်-၃၀ ခံစားရပါမည်။
  • ယခုအပတ်တွင်ရော်ဘာတောင်သူဦးကြီးများအတွက် ဝေငှပေးချင်သောအကြောင်းအရာမှာ ရော်ဘာစစိုက်ရာတွင်အဓိကအရေးကြီးဆုံးဖြစ်သော “မျိုး” ရွေးချယ်ခြင်းအကြောင်းသာဖြစ်ပါသည်။ နှစ်ရှည်ပင်စိုက်ပျိုးရာ၌ မျိုးသည်အလွန်အရေးကြီးပါသည်။ ရာသီမှားလျှင် ၁နှစ်သာဖြစ်ပြီး မျိုးမှားပါက နှစ်-၃၀ ခံစားရပါမည်။ “မျိုး” အကြောင်းပြောရာတွင် ရော်ဘာမျိုးခွဲခြားနည်းအကြောင်းအနည်းငယ် ရေးသားရမည်ဖြစ်သည်။ 

    ရော်ဘာမျိုးခွဲခြားရာတွင် အဓိကထား၍ခွဲခြားရသောအပိုင်းများမှာ - အရွက်၊ ပင်စည်၊ ကိုင်း၊ အစေးရည်၊ မျိုးစေ့အပင်ပုံစံတို့ကိုကြည့်၍ ခွဲခြားရပါသည်။ ၎င်းတို့ထဲကမှ မျက်စေ့နှင့်ကြည့်၍ ခွဲခြားနိုင်သော အစိတ်အပိုင်းမှာ အရွက်တွင်ရှိပါသည်။ 

    ပင်စည် - အပင်ကြီးမျိုးဖြစ်ပြီးအပင်တည်နေပုံကွာခြားခြင်း 

    ကိုင်း - ကိုင်းဖြာမှုနှင့် ကိုင်းထွက်ရှိမှုအနည်းအများ ကွာခြားခြင်း 

    အခေါက် - အခေါက်အထူအပါးကွာခြားခြင်းနှင့် အရောင်အသွေးကွာခြင်း 

    အစေးရည် - အရောင်ကွာခြားခြင်း (အဖြူ၊ အဝါ၊ အမဲ) 

    မျိုးစေ့ - အကြီး၊ အသေး၊ အရောင် ပုံသဏ္ဍာန်ကွာခြားခြင်း 

    အဓိကမှာအရွက်ကိုကြည့်၍ ခွဲခြားရမည်ဖြစ်သည်။ အရွက်မှာပတ်ဝန်းကျင် ရာသီဥတုကိုလိုက်၍ ၎င်းကိုင်းပွားခြင်းကို ကိုင်းဟောင်း ကိုင်းရင့်များလို ဖြတ်တောက်ထားသော အပင်များ၏အရွက်များမှာ ပြောင်းလဲနိုင်ပါသည်။ ရောဂါကျခြင်းနှင့် မြေသြဇာအဟာရ ကျွေးထားသောအပင်များရှိ အရွက်များကိုလည်းကြည့်၍ ခွဲခြားမရပါ။ အပင်ကြီးအရွက်များကို ကြည့်၍ခွဲခြားရာတွင်လည်း “မျိုး” မှားနိုင်သောကြောင့် ကိုင်းပွားခင်းနှင့် ပျိုးခင်းရှိအဖူးကူးထားသော ရော်ဘာပင်ရှိ ရွက်ဖုံများ၏ဒုတိယရွက်ဖုံကို ကြည့်၍ခွဲခြားမှသာ မျိုးအမှန်ခွဲနိုင်မည်ဖြစ်သည်။ 

    မျိုးခွဲရာတွင်အရွက်၏ရှိရမည့်လက္ခဏာများ 

    ၁။ အရွက်အရွယ်အစား 

    ၂။ အရွက်ပုံသဏ္ဍာန် 

    ၃။ အရွက်အရောင် 

    ၄။ အရွက်အပေါ်ရှိဖယောင်းလွှာ 

    ၅။ အရွက်အနေအထား 

    ၆။ အရွက်စာရင်း 

    ၇။ အရွက်ထိပ်ဖျား 

    ၈။ အရွက်အနား 

    ၉။ အရွက်ခေါက်ရိုးညီ၊ မညီ 

    ၁၀။ အရွက်အလျားလိုက် အနေအထား 

    ၁၁။ အရွက်ဖြတ်ပိုင်းအနေအထား 

    ၁၂။ အရွက်ရိုးတည်နပုံ 

    ၁၃။ အရွက်ညှာရိုးတံ 

    ၁၄။ အရွက်ရိုးတံ 

    ၁၅။ ရွက်ဖုံအနေအထား 

    ၁၆။ ရွက်အုပ်အနေအထား 

    ၁၇။ ပြင်ပအမြင် 

    ၎င်းတို့ကိုကြည့်၍ ခွဲခြားရမည်။ ၎င်းအချက်များထဲမှာ အနည်းဆုံး ၄-၅ ချက်နှင့်ကိုက်ညီပါက မည်သည့်မျိုးဖြစ်သည်ဟု သတ်မှတ်၍ရပါမည်။ 

    မြန်မာနိုင်ငံသို့ ၁၈၇၆ခုနှစ်တွင် မြိတ်မြို့သို့ ပထမဦးစွာ ရော်ဘာရောက်ရှိစိုက်ပျိုးခဲ့ပါသည်။ စတင်ရောက်ရှိသောမျိုးမှာ မည်သည့်မျိုးမှန်းမသိရသော်လည်း ၁၉၅၆ခုနှစ်တွင် မလေးရှားနိုင်ငံမှ Tj-1 မျိုးများကို စတင်တင်သွင်း၍ စိုက်ပျိုးခဲ့ပါသည်။ 

    ၁၉၅၆ - ၁၉၅၇ ခုနှစ်အတွင်းမလေးရှားနိုင်ငံမှ Tj-1, PR – 107, RRIM – 501, AV ROS -157 မျိုး ၄မျိုးကို တင်သွင်းလာပြီးမုဒုံရော်ဘာခြံကြီးတွင် ဧက (၄၅၀)တည်ထောင်စိုက်ပျိုး၍ ဘဲရမ်းမျိုး သန့်စေ့များ ထုတ်လုပ်နိုင်ခဲ့ပါသည်။ 

    မိခင်တပင်ထဲမှ လိင်မဲ့နည်းဖြင့်မျိုးပွားယူထားသောမျိုးများ 

    ၁။ PR – 107 (အင်ဒိုနီးရှား) - PR 255, PR 261 

    ၂။ GT – 1 (အင်ဒိုနီးရှား) - BPM – 24 

    ၃။ Tj – 1 (မလေးရှား) - RRIM – 600 

    ၄။ PB – 86 (မလေးရှား) - RRIM – 600, RRIC -100, KRS – 4 

    ၅။ Av2os – 157 (မလေးရှား) - PB – 260, PB – 717, PB – 623 

    ၆။ PB – 49 (မလေးရှား) - RRIM – 623 

    ယခုအချိန်တွင်ပြည်တွင်းမှ မှတ်ပုံတင်ထားသောအထွက်ကောင်းပြီးရာသီဥတုဒဏ် ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများထွက်ရှိနေပြီးဖြစ်ပါသည်။ 

    ပြည်တွင်းမှတ်ပုံတင်ထားသော (ရွှေဖြူ) မျိုးများ 

    ၁။ PB – 260 

    ၂။ PB – 235 

    ၃။ G7 – 114 

    ၄။ RRIC – 100 

    ၅။ RRIM – 600 

    ၆။ RRIM – 623 

    ၇။ RRIM – 717 

    ၈။ BPM – 241 

    ၉။ PR – 107 

    ၁၀။ PR – 255 

    ၁၁။ ARCPC – 2 

    ၁၂။ ARCPC – 6 

    ပြည်တွင်းမှတ်ပုံတင်ထားသော (ပုလဲ)မျိုးများစွာ 2000 series များဖြစ်ကြပါသည်။ နိုင်ငံထဲတွင်စိုက်ပျိုးထားသော မျိုးများမှာလည်းကွဲပြားခြားနားကြပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံအောက်ပိုင်း၌ အထွက်များသောရော်ဘာမျိုးများကို မြန်မာပြည်အပေါ်ပိုင်းကုန်းမြင့်ဒေသများတွင် စိုက်ပျိုးပါကအောက်ပိုင်းကမ်းရိုးတန်း ဒေသလောက် အထွက်မများနိုင်သလို အထက်ဘက်မျိုးများကိုလည်း အောက်ပိုင်း၌ စိုက်ပျိုးပါကအထွက် မကောင်းနိုင်ပေ။ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ စိုက်ပျိုးသောအထွက်ကောင်းမျိုးများကို မြန်မာနိုင်ငံအပေါ်ပိုင်းနှင့် အောက်ပိုင်းတွင်စိုက်ပျိုးပါက မြန်မာနိုင်ငံအလယ်ပိုင်းကဲ့သို့ အထွက်မကောင်းသည်ကိုတွေ့ရှိရပါမည်။ 

    ရော်ဘာစိုက်ပျိုးရာတွင် မိမိစိုက်ပျိုးမည့်မျိုးအားရွေးချယ်ရာ၌ မိမိစိုက်မည့်ခြံတည်ရှိရာနေရာဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ်ခံနိုင်သည့်မျိုးများကိုလိုက်၍ စိုက်ပျိုးသင့်သည့်အထွက်ကောင်းမျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန်သင့်ကြောင်း ရေသားဖော်ပြလိုပါသည်။ 

    ၁။ စိုက်ပျိုးမည့်ဒေသ - ကမ်းရိုးတန်းဒေသ 

    မိုးရေချိန်လက်မ - ၁၈၀’ - ၂၀၀’ 

    စိုက်ပျိုးသင့်သည့်မျိုးများ - BPM – 24, RRIC – 100, RRIM – 717, PB – 235, PB – 260 

    ၂။ စိုက်ပျိုးမည့်ဒေသ - မြန်မာနိုင်ငံအလယ်ပိုင်းဒေသ(အပူပိုင်း) 

    မိုးရေချိန်လက်မ - ၁၀၀” ကျော်ခန့် 

    စိုက်ပျိုးသင့်သည့်မျိုးများ - PB – 260, PB – 235, RRIM – 717, RRIM – 623, GI – 1 

    ၃။ စိုက်ပျိုးမည့်ဒေသ - အထက်ပိုင်းကုန်းမြင့်ဒေသ (အအေးပိုင်း) 

    မိုးရေချိန်လက်မ - ၆၀” ကျော်ခန့် 

    စိုက်ပျိုးသင့်သည့်မျိုးများ - RRIM – 600, OT – 1, PR – 255, PR – 107, RRIM – 623 

    ယခုအချိန်တွင် RRIT – 251 ထိုင်းမျိုးများကို မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် များစွာစိုက်ပျိုးလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ သို့သော်ယခုအချိန်တွင် အစေးထွက်လွန်စွာကောင်းမွန်သော်လည်း ၎င်း RRIT – 251 မျိုး၏အစေးခြစ်သက်တမ်းမှာ အနည်းငယ်သာရှိသေးခြင်း စေးခြစ်သက်တမ်းကြာရင့်လာသောအချိန်တွင် ရာသီဥတုဒဏ်နှင့်ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမရှိကို မသိရှိနိုင်ခြင်းနှင့် အစေးထွက်နှုန်းမှာလည်း အပင်သက်တမ်းကြီးရင့်သည်အထိ အထွက်နှုန်းကောင်းခြင်း မကောင်းခြင်းကိုမသိရှိနိုင်သေးသောကြောင့် မြန်မာနိုင်ငံ၏မှတ်ပုံတင်ထားသော မျိုးထဲတွင်ပါဝင်မှုမရှိခြင်းဖြစ်ပါသည်။ စမ်းသပ်စိုက်ပျိုးကာလဖြစ်သောကြောင့် စိုက်မည့်တောင်သူများ၏ သဘောဆန္ဒအတိုင်းသာ စဉ်းစားဆုံးဖြတ်၍ စိုက်ပျိုးနိုင်ကြောင်း အသိပေးရေးသားလိုပါသည်။ 

     

    ရေးသားထားသည့်အကြောင်းအရာများထဲမှ မှားသည်ကိုတွေ့ရှိပါကလည်း ထောက်ပြ၍အမှားပေးနိုင်သလို သေချာနားမလည်မရှင်းလင်းသည့်အချက်များကိုလည်း ကွန်မန့်တွင်မေးမြန်းနိုင်ပါသည်။ ဤရေးသားဖော်ပြချက်မှာ ဌာနသင်တန်းများမှသင်ကြားတတ်မြောက်ထားသည့် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်၍ ရေးသားဖော်ပြထားခြင်းသာဖြစ်ပါသည်။ 

    ဒေါ်သဲမာ 

    Dip agri (1997) 

    ရော်ဘာလေ့လာသူ 

    09 978 589 818 

     -----------------

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- https://htwettoe.com/download

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/ 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ https://htwettoe.com/organization/3

     


  • article
  • article
  • article
  • article
likes8comments0
views246views4202