cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဥရောပဈေးကွက်သို့ ပဲတီစိမ်းတင်ပို့ရန် ကုမ္ပဏီ ၁၀ ခု အဆိုပြုထား

. သီးနှံဈေးကွက်သတင်း
မြန်မာ့ပဲတီစိမ်းကို နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့က အများဆုံး ဝယ်ယူကြပြီး အခြားသော ဥရောပကုန်သည်တွေနဲ့ ချိတ်ဆက်ကာ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းတွေလည်း ရှိပါတယ်။
  • ယခုနှစ် ပဲစိုက်ပျိုးရာသီရာမှာ မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံတွေဆီ တင်ပို့ရောင်းချဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီ ၁၀ ခုက အဆိုပြုထားကြောင်း ပဲ/နှမ်း လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။

    ဥရောပနိုင်ငံတွေက မြန်မာ့ပဲတီစိမ်းကို ပဲပင်ပေါက်ဖောက်ကာ စားသုံးကြတာဖြစ်ပြီး ဥရောပဈေးကွက်ကနေ နှစ်စဉ် ပဲတီစိမ်းတန်ချိန် ၈,၀၀၀ ခန့် ဝယ်လိုအားရှိနေတာပါ။

    “အရင်နှစ်တွေက နှစ်တိုင်းအမှာက ကျသွားတာမျိုး မရှိဘူး။ ဒီနှစ်မှာလည်း ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့ဖို့ ဆောင်ရွက်နေပါတယ်”လို့ ပဲတီစိမ်းတင်ပို့မယ့် ကုမ္ပဏီတစ်ခုက ပြောပါတယ်။

    မြန်မာ့ပဲတီစိမ်းကို နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့က အများဆုံး ဝယ်ယူကြပြီး အခြားသော ဥရောပကုန်သည်တွေနဲ့ ချိတ်ဆက်ကာ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းတွေလည်း ရှိပါတယ်။

    ဥရောပနိုင်ငံတွေက မြန်မာ့ပဲတီစိမ်းကို ပဲပင်ပေါက် ပြုလုပ်ပြီး စားသုံးကြလို့ အီးယူဈေးကွက်က သတ်မှတ်ထားတဲ့ အရည်အသွေးစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ Guide Line တွေအတိုင်း တင်ပို့ရောင်းချရတာပါ။

    အီးယူဈေးကွက်ကို ပဲပင်ပေါက်ဖောက်ဖို့ မြန်မာ့ပဲတီစိမ်းတင်ပို့ခြင်းကို ၂၀၁၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်၊ အောက်တိုဘာလကုန်အထိ တန်ချိန် (၇၄,၀၀၀) ကျော် တင်ပို့ထားပြီးပြီလို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

    သတင်း - BETV Business

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views99views2008