cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကန်ရေနောက်ကျိရခြင်း နှင့် ရေနောက်ကျိခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်း များထိခိုက်ခြင်းများ

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ကန်အတွင်းအနယ်အနှစ်များပြားသဖြင့် ငါးများ၏ပါးဟက်တွင် ပိတ်ဆို့စေပြီး၊ ပါးဟက်များ ပျက်စီးစေခြင်းကိုဖြစ်စေနိုင်ပါသည်။ ငါးများသည် ပါးဟက်၏သွေးကြောမျှင်ကလေးများကနေ ရေထဲ ရှိပျော်ဝင်အောက်စီဂျင်ကိုစုပ်ယူအသက်ရှူခြင်းလုပ်ငန်းကို ဆောင်ရွက်ရသဖြင့် အသက်ရှူခြင်းကိုလည်း ရေနောက်ကျိခြင်းက တိုက်ရိုက်ထိခိုက်စေပါသည်။
  • ငါးမွေးကန်ရှိကန်ရေများနောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားကလေးများ၊များပြားခြင်း ကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မီုးရာသီတွင် ရွံ နှုန်းမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်းကျ ရောက်သဖြင့် ရေနောက်ကျိခြင်းကို ပိုမိုများပြားစေပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု့ နည်းပါးပြီး အလင်းမှီစု အစာချက်လုပ်ခြင်း ဓါတု ဖြစ်စဉ် ပြုလုပ်ရခြင်းနည်းပါးသဖြင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့် အပြင်၊ ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု့ ဖြစ်စဉ်လည်းကျ ဆင်းလာသည်ကိုတွေ့ရှိရပါသည်။ 


    ကန်အတွင်းအနယ်အနှစ်များပြားသဖြင့် ငါးများ၏ပါးဟက်တွင် ပိတ်ဆို့စေပြီး၊ ပါးဟက်များ ပျက်စီးစေခြင်းကိုဖြစ်စေနိုင်ပါသည်။ ငါးများသည် ပါးဟက်၏သွေးကြောမျှင်ကလေးများကနေ ရေထဲ ရှိပျော်ဝင်အောက်စီဂျင်ကိုစုပ်ယူအသက်ရှူခြင်းလုပ်ငန်းကို ဆောင်ရွက်ရသဖြင့် အသက်ရှူခြင်းကိုလည်း ရေနောက်ကျိခြင်းက တိုက်ရိုက်ထိခိုက်စေပါသည်။ကန်ရေနောက်ကျိနေသဖြင့် နေရောင်ခြည်သည် ကန် အတွင်းကျရောက်ချိန်တွင် ပုံမှန်ထက်အပူချိန်မြင့်မားခြင်းကို ခံစားရပါသည်။ ကန်ရေအတွင်းရှိ အမှုန် အမွှား များသည် အပူကိုစုပ်ယူပြီး ကန်ရေတွင် အပူချိန်မြင့်တက်စေပါသည်။ 


    ကန်ရေသည် အနည်းဆုံး ၈လက်မမှ ၁၄လက်မအထိ သာ ရေနောက်ကျိသင့်သည်။ ၁ပေ အောက် အထိ ရေနောက်ကျိပါက ရေဩဇာဖြစ်စေမှု့နည်းပါးပါသည်။ တနည်းအားဖြင့် ရေသတ္တဝါများ၏သဘာဝ အစာ အပင်မျှောလှေနှင့် အကောင်မျှောလှေး ပေါက်ဖွားမှု့ နည်းစေပါသည်။ ရေနောက်ကျိခြင်း (၁)ပေမှ (၂) ပေအတွင်း ရှိပါက ကန်ရေလယ်အထိအလင်းရောင်ဖောက်ထွင်းနိုင်ပြီး ရေဩဇာတက်စေနိုင်ပါသည်။ထို အချိန်တွင် ကန်အတွင်း မြေဩဇာထည့်သွင်းပါက အပင်မျှောလှေး နှင့်အကောင်မျှောလှေးပေါက်ဖွားမှု့ ကောင်းပြီး ကန်ရေဩဇာကြွယ်ဝစေပါသည်။ ယခုတင်ပြခဲ့ ကန်ရေနောက်ကျိခြင်းအကြောင်းသည် ကန်အတွင်း ရေသွင်းပြီးနှင့် မြေဩဇာထည့်သွင်းခြင်း မပြုလုပ်သော အခြေအနေကိုတင်ပြပေးခြင်းဖြစ်ပါ သည်။မြေဩဇာထည့်သွင်းထားသော ကန်များအတွက် ကန်ရေ၏ ရေကြည်နှုံးသည် အနည်းဆုံး ၁၂လက်မ မှ ၁၈လက်မအတွင်းရှိနေပါက ရေဩဇာကောင်းမွန်သောအခြေအနေတခုဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။ 


    ကန်ရေ၏ နောက်ကျိမှု့အခြေအနေနှင့် ရေကြည်နှုံး ကောင်းမကောင်း အခြေအနေကို ရေကြည်နှုန်းတိုင်းကိရိယာ ကို ကိုယ်တိုင်ပြုလုပ်ပြီးတိုင်းတာနိုင်ပါသည်။ 

    ရေကြည်နှုန်းတိုင်းကိရိယာပြုလုပ်နည်း

    https://htwettoe.com/post/45516


    ဦးဆန်းအောင်(ထွက်တိုး)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes3comments0
views141views3329