cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲမျိုးစုံတွင် ကျရောက်သော ဗိုင်းရပ်စ်ရောဂါ 🌞 🌞

. ပိုးမွှား
🌞 ဗိုင်းရပ်ကျရောက်လာရင် ဘယ်လိုဖြစ်မလဲ?
  • ကျရောက်နေတဲ့ အရွက်တွေက ပုံသဏ္ဍာန်ပျက်မယ်၊ အောက်ဘက်ကုတ်နေမယ်၊ ထွတ်ပြီး တွန့်နေမယ်၊ အရောင်ပြယ်လာမယ်၊ အစိမ်းရောင်နဲ့ အဝါရောင်ကြားမှာ ရောင်မညီ ကွက်ကြားတွေ ဖြစ်တာပါဘဲ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့လက္ခဏာဟာ သိသာလာပါတယ်၊ နောက်ပိုင်း လုံးဝ အစိမ်းရောင် ပျောက်ပါမယ်။ 


    အပင်ငယ်ငယ်မှာ ကျရောက်မယ်ဆိုရင် အပင်ကြီးထွားမှု ရပ်တန့်တဲ့အထိအောင် ဖြစ်သွားနိုင်ပါတယ်။ 


    🌞 ဘယ်လိုကူးစက်တာလဲ? 


    ဗိုင်းရပ်ကျရာက်နေတဲ့ မျိုးစေ့တွေကို စိုက်မိပါက အပင်ကြီးထွားချိန်ထိ ဆက်လက်ရှိနေနိုင်ပါတယ်။ ဒီအပင်ကို စုပ်စားပိုးက တိုက်ခိုက်ချိန်မှာ ဗိုင်းရပ်က ပိုးမှာ ပါသွားပြီး တခြားအပင်များကို ကူးစက်ပျံ့ပွားပြန်ပါတယ်။ နောက် ရောဂါကျရောက်နေတဲ့ အပင်တွေကနေ နောက်ထပ် အပင်တွေဆီကို ဆက်လက် ကူးစက်စေပါတယ်။ 


    🌞 ကာကွယ်ရန် 


    ✅ ဗိုင်းရပ်ရောဂါကို ကုသဖို့ ဆေးမရှိသေးသဖြင့် သယ်ဆောင်‌ကောင်များကို အဓိက ထိန်းချုပ်ရပါမယ်။ 


    ✅ ဆက်လက် မပျံ့ပွားဖို့ ရောဂါကျရောက်နေတဲ့ အပင်တွေကို နုတ်ပြီး အခင်းနှင့်ဝေးရာကို လွှင့်ပစ်ပါ။ သို့မဟုတ် မီးရှိူ့ပစ်ပါ။ 


    ✅ ပဲမျိုးတွေ ဆက်တိုက်မစိုက်ဘဲ တခြား ခံနိုင်ရည်ရှိတဲ့ သီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ 


    ✅ ပဲစိုက်ရာသီသိမ်းချိန်မှာ တစ်လှည့်လက်ခံပင်တွေ၊ အကြွင်းအကျန်တွေကို ရှင်းပစ်ရပါမယ်။ 


    ✅ ရောဂါကင်းတဲ့ မျိုးစေ့တွေကို အသုံးပြုရပါမယ်။ 


    ✅ ရောဂါသယ်ဆောင်ကောင်တွေဖြစ်တဲ့ ယင်ဖြူ၊ ပျတို့ကို ကာကွယ် ထိန်းချုပ်ဖို့က အဓိက ကာကွယ်ခြင်းပါဘဲ။ ပိုင်မီထရိုဇင်း၊ သိုင်ရာမီသောက်ဇမ် ဆေးတို့ကို အသုံးပြုပြီး ပိုးများကို ထိန်းချုပ်နိုင်ပါတယ်။ 


    #ရောင်မညီကွက်ကြားဗိုင်းရပ်ရောဂါ 


    #ပဲမျိုးစုံ 


    ရေးသားသူ - နွယ်အေး 


    References: Bean Yellow Mosaic / Dry Beans / Agriculture: Pest Management Guidelines / UC Statewide IPM Program (UC IPM) (ucanr.edu) 


    Bean Yellow Mosaic Virus Potyvirus BYMV (invasive.org) 


    Virus Diseases of Snap and Dry Beans | Cornell Vegetables 

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes13comments0
views146views2719