cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒီဇင်ဘာဆောင်းနှင့် အခါလွန်မိုး ..... ဒီဇင်ဘာလ ၈ရက်နေ့မှာတော့ အခါလွန်မိုးများ ရွာသွန်းနေ......

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၉) မြို့နယ်အတွက် (၁၀) ရက်စာ မိုးလေဝသ ခန့်မှန်းချက်များကိုဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ ။

  • ဧရာဝတီတိုင်းဒေကြီးအတွက် (၁၀) ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက် 


    ဟင်္သာတမြို့နယ်  

    ဒီဇင်ဘာ လ ၁၀ရက်၊ ၁၁ရက်နဲ့ ၁၅ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာ နိုင်ပြီး  

    ဒီဇင်ဘာလ ၈၊၁၃၊၁၆၊ ၁၇ ရက်နေ့ တွေ မှာတော့ ၉၅ရာခိုင်နှုန်းထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၉ရက် ၊ ၁၂ရက်နဲ့ ၁၄ ရက်နေ့တွေမှာအနည်းငယ် တိမ်ထူထပ်နိုင်ပြီး ၇၅ ရာခိုင်နှုန်းထိ နေသာနိုင်ဖွယ်ရှိပါတယ်။ 

    အင်္ဂပူမြို့နယ် 

    ဒီဇင်ဘာလ ၉ရက်၊၁၀ရက်နဲ့ ၁၁ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၈၊၁၃၊၁၄၊၁၅၊၁၆ ရက်နေ့တွေမှာ ၉၀ ရာခိုင်နှုန်းထိ နေသာနိူင်ပြီး  

    ဒီဇင်ဘာလ ၁၁ရက်၊ ၁၂ရက်နေ့တွေမှာ မိုးရွာနိုင်ခြေရှိပြီး နေသာရန် ရာခိုင်နှုန်း ၅၀ ခန့်သာရှိပါတယ်။  

    ကြံခင်းမြို့နယ် 

    ဒီဇင်ဘာလ ၈ရက်၊ ၉ရက် နဲ့ ၁၆ရက်နေ့တွေမှာရာနှုန်း ပြည့် နေသာနိုင်ပြီး 

    ဒီဇင်ဘာလ ၁၀၊၁၁၊၁၂၊၁၃၊၁၇ ရက်နေ့တွေမှာ ၉၀ ရာခိုင်းနှုန်းထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်လာလ ၁၅ရက်နေ့မှာတော့ ၇၅ရာခိုင်နှုန်းခန့်နေသာနိုင်ပြီး 

    ဒီဇင်ဘာလ ၁၄ရက်နေ့ မှာတော့ မိုးရွာသွန်းနိုင်ချေရှိပြီး ၃၅ ရာခိုင်နှုန်းခန့်သာနေသာနိုင်သာ နိုင်ဖွယ်ရှိပါတယ်။ 

    လေးမျက်နှာမြို့နယ် 

    ဒီဇင်ဘာလ ၁၁ရက်၊ ၁၂ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၈၊၁၄၊၁၅၊၁၆ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၉ရက်နေ့မှာတော့ ၇၅ရာခိုင်နှုန်းထိ နေသာနိုင်ပါတယ်။  

    ဒီဇင်ဘာလ ၁၀နဲ့ ၁၃ရက်နေ့တွေမှာ မိုးရွာနိုင် ချေရှိပြီး ၆၀ ရာခိုင်နှုန်းခန့် နေသာနိုင်ဖွယ်ရှိပါတယ်။  

    ဇလွန်မြို့ နယ်  

    ဒီဇင်ဘာလ ၁၀ရက်၊ ၁၂ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၁၁၊၁၄၊၁၅၊၁၆ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။  

    ဒီဇင်ဘာလ ၈ရက် ၊ ၉ ရက်နဲ့ ၁၃ရက် နေ့တွေမှာတေ့ ၇၅ရာခိုင်နှုန်းထိ နေသာနိုင်ပါတယ်။ 

    လပွတ္တာ မြို့နယ်  

    ဒီဇင်ဘာလ ၉ရက်၊ ၁၀ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၈၊၁၁၊၁၄၊၁၅ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၁၃နဲ့ ၁၆ရက်နေ့တွေမှာ မိုးရွာနိုင် ချေရှိပြီး ၄၀ ရာခိုင်နှုန်းခန့် နေသာနိုင်ဖွယ်ရှိပါတယ်။  

    ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ မိုးများ ရွာသွန်းနိုင်ပါတယ်။ 

    မော်ကျွန်းမြို့နယ်  

    ဇင်ဘာလ ၈ရက်၊ ၁၀ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၉၊၁၁၊၁၄၊၁၅၊၁၆၊၁၇ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၁၃ရက်နေ့တွေမှာ မိုးရွာနိုင် ချေရှိပြီး ၆၀ ရာခိုင်နှုန်းခန့် နေသာနိုင်ဖွယ်ရှိပါတယ်။  

    ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ မိုးများ ရွာသွန်းနိုင်ပါတယ်။ 

    ဓနုဖြူမြို့နယ် 

    ဒီဇင်ဘာလ ၈ရက်၊ ၉ရက်၊ ၁၅ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၁၁။၁၂၊၁၃၊ ၁၆၊၁၇ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၁၀နဲ့ ၁၄ရက်နေ့တွေမှာ၇၅ ရာခိုင်နှုန်းခန့် နေသာနိုင်ပါတယ် ။ 

    မအူပင်မြို့နယ် 

    ဒီဇင်ဘာလ ၁၀ရက်၊ ၁၁ရက် နဲ့ ၁၅ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၉၊၁၂၊၁၃၊၁၄၊ ၁၆၊၁၇ ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၈ရက်နေ့မှာတော့ မိုးများ ရွာသွန်းနိုင်ပါတယ်။ 

    ညောင်တုန်း ၊ ပန်းတနော် မြို့နယ်  

    ဒီဇင်ဘာလ ၁၅ရက်၊ ၁၆ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၁၀၊၁၁၊၁၂၊၁၃၊၁၄ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၈နဲ့ ၉ရက်နေ့တွေမှာ ၇၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    မြောင်း မြို့နယ် 

    ဒီ ဇင်ဘာလ ၁၆ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၁၁၊၁၂၊၁၃၊၁၄၊၁၅ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၉နဲ့ ၁၀ရက်နေ့တွေမှာ ၇၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၈ရက်နေ့မှာတော့ မိုးများရွာသွန်းနိုင်ပါတယ်။  

    ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ် 

    ဒီဇင်ဘာလ ၁၅ရက်၊ ၁၆ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၁၀၊၁၁၊၁၂၊၁၃၊၁၄၊၁၅ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ  ၉ရက်နေ့မှာ ၆၀ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၈ရက်နေ့မှာတော့ မိုးများရွာသွန်းနိုင်ပါတယ်။ 

    ကန်ကြီးတောင့်၊ ကျုံပျေ် မြို့  

    ဒီဇင်ဘာလ ၁၅ရက်၊ ၁၆ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၊၁၁၊၁၂၊၁၃၊၁၄ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၈ရက်နေ့မှာ ၇၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်းထိ နေသာနိုင်ပြီး 

    ဒီဇင်ဘာလ ၉ရက်နေ့မှာတော့ မိုးများရွာသွန်းနိုင်ပါတယ်။  

    ပုသိမ်မြို့နယ်  

    ဒီဇင်ဘာလ  ၁၆ရက် နဲ့ ၁၇ရက်နေ့တွေမှာ ရာနှုန်းပြည့် နေသာနိုင်ပြီး  

    ဒီဇင်ဘာလ ၁၀၊၁၁၊၁၂၊၁၃၊၁၄ရက်နေ့တွေမှာ ၉၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ ၉နဲ့ ၁၀ရက်နေ့တွေမှာ ၇၅ ရာခိုင်နှုန်းးထိ နေသာနိုင်ပါတယ်။ 

    ဒီဇင်ဘာလ၈ရက်နေ့မှာတော့မိုးများရွာသွန်းနိုင်ပါတယ်။ 

    စိုက်ပျိုးရေးအကြံပြုချက် 

    ဆောင်းရာသီ ရောက်နေပြီဖြစ်သော်လည်း အခါလွန်မိုးများ ရွာသွန်းလျက်ရှိတာကြောင့် တောင်သူဦးကြီးများအနေနဲ့ မိမိတို့ သီးနှံများကို အထူးဂရုပြုစောင့်ကြည့်ရန်နှင့် မိုးလေဝသသတင်းများကို အစဥ်မပြတ်စောင်ကြည့်ပြီး ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းလိုပါတယ် ခင်ဗျာ။ 

    ခုချိန် မိုးစပါးပြီး မတ်ပဲ ၊ ပဲတီစိမ်း များ ဧရာဝတီတိုင်း ‌ဒေသကြီးအပါအဝင် တခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးလျက်ရှိတာကြောင့် ဖျက်ပိုးအန္တာရာယ်များ ၊ မှိုရောဂါများနှင့် တခြား ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်ပွားနိုင်သော အန္တာရာယ်များကိုလည်း သတိထား စောင့်ကြည့်ဖို့ လိုပါတယ် ခင်ဗျာ။

    ပဲတီးစိမ်း၊ မတ်ပဲမှာ အဖြစ်များတဲ့ ရောဂါများနဲ့ ကာကွယ် နှိမ်နှင်းနည်းများကိုလည်း ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ 

    ၁။ မှည့်ပြောက်စွန်းရောဂါ (Anthracnose: Colletotrichum lindemuthianum)

    ရောဂါလက္ခဏာများ

    • ဤမှိုသည် အပင်ကြီးထွားမှု၏ မည်သည့်အဆင့်မဆို လေပေါ်ပိုင်းအစိတ်အပိုင်းအားလုံးကို တိုက်ခိုက်သည်။

    • ရောဂါလက္ခဏာများသည် အရွက်များနှင့် ပဲသီးတောင့်များပေါ်တွင် စက်ဝိုင်းပုံဖြစ်ကာ အနက်ရောင်ဗဟိုနှင့် တောက်ပသည့် လိမ္မော်နီရောင်အနားသားနှင့်အတူ အနက်ရောင်နေလောင်စက်များဖြစ်သည်။

    • ဆိုးဝါးစွာကျရောက်ပါက ရောဂါကျအပိုင်းများ ညှိုးနွမ်းသွားသည်။ အစေ့အညှောင့်ပေါက်သည်နှင့် ရောဂါကျ ရောက်မှုကြောင့် ပျိုးပင်ပေါက်များခြောက်သွားကြသည်၊၊

    ကာကွယ်နှိမ်နင်းနည်း

    အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။

    - ကာဘင်ဒါဇင် (Carbendazim)

    - မန်ကိုဇက်ဘ် (Mancozeb)

    ၂။ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight: Xanthomonas phaseoli)

    • ဤရောဂါလက္ခဏာသည် အရွက်မျက်နှာပြင်ပေါ်တွင် မြောက်မြားစွာသော အညိုရောင်ခြောက်သွေ့သည့် ဖောင်း ကြွ အစက်ပြောက်များဖြင့် အစပြုသည်။

    • ရောဂါဆိုးဝါးပါက မြောက်မြားစွာသော အစက်များသည် ပေါင်းစည်းသွားကြကာ အရွက်များအဝါရောင်ဖြစ် လာ ပြီး အချိန်မတိုင်ခင် ကြွေကျသွားသည်။

    • အရွက်၏ အောက်ဖက်မျက်နှာပြင်တွင် ဖောင်းကြွအစက်များဖြစ်ပေါ်မှုကြောင့် အနီရောင်ပေါ်လာသည်။

    • ဤဘက်တီးရီးယားသည် မျိုးစေ့ဆောင်ရောဂါဖြစ်သည်။

    • ပင်စည်နှင့် ပဲသီးတောင့်များတွင်လည်း ရောဂါကျရောက်တတ်သည်။

    ကာကွယ်နှိမ်နင်းနည်း

    • ရောဂါကင်းသောမျိုးစေ့ကို အသုံးပြုပါ။

    • အမှိုက်များနှင့် အကြွင်းအကျန်များကို ဖျက်ဆီးပါ။

    • အောက်ပါပိုးသတ်ဆေးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။

    - ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride)

    ၃။ စာကိုစပိုးရား ရွက်စက်ပြောက်ရောဂါ (Cercospora Leaf Sport: Cerospora canescens)

    ရောဂါလက္ခဏာများ

    • ဤရောဂါသည်ပဲတီစိမ်းတွင်အရေးကြီးသောရောဂါတစ်ခုဖြစ်ကာအထွက်ကိုအကြီးအကျယ်ဆုံးရှုံးစေပြီးဆိုးဝါး သောပုံစံဖြင့်တွေ့ရလေ့ရှိသည်။

    • ထွက်ပေါ်လာသောအစက်များသည်ညိုနုရောင်ဗဟိုနှင့်နီညိုရောင်အနားသားနှင့်အတူမြောက်မြားစွာ သောသေးငယ်သည့်အစက်များဖြစ်ကြသည်။အလားသဏ္ဍာန်တူသောအစက်များကိုအကိုင်းများနှင့်ပဲသီးတောင့်များပေါ်တွင်လည်းတွေ့ရသည်။

    • ပတ်ဝန်းကျင်အခြေအနေပေးပါကပန်းပွင့်ချိန်နှင့်ပဲသီးတောင့်ချိန်တွင်အရွက်များပေါ်တွင်ဆိုးဝါးသည့်အစက်ဖြစ် ပေါ်ကာအရွက်များကြွေကျခြင်းကိုတွေ့ရသည်။

    ကာကွယ်နှိမ်နင်းခြင်း

    အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။

      - ကာဘင်ဒါဇင် (Carbendazim)

      - မန်ကိုဇက်ဘ် (Mancozeb) 

    ၄။ ရွက်တွန့်ကွေး ဗိုင်းရပ်စ်ရောဂါ (Leaf Crinkle Disease: Leaf Curl Virus)

    • အစောဆုံးရောဂါလက္ခဏာများသည် အနုဆုံးအရွက်များပေါ်တွင် အချို့ အလျားလိုက်ရွက်ကြောများပတ်လည် နှင့် အရွက်အနားသားအနီးရှိ ပဲကိုင်းများတွင် ခြောက်သွေ့နေသည်။

    • အရွက်များသည် အနားသားမှ အောက်သို့ ကွေးနေသည်။

    • အချို့အရွက်များ တွန့်လိမ်နေသည်။

    • အရွက်အောက်ဘက်မျက်နှာပြင်တွင် ရွက်ရိုးအထိ ဆန့်ထွက်လာသော နီညိုရောင် အရောင်ပျက်ခြင်းကို ရွက် ကြောများတွင် တွေ့ရသည်။

    • စိုက်ပြီး(၅)ပတ်အတွင်း ဤရောဂါလက္ခဏာပြသော ပဲပင်များသည် ပုမြဲပုနေကာ ထိုအပင်အများစုသည် တစ် ပတ် နှစ်ပတ်အတွင်း ထိပ်ပိုင်းခြောက်သွားခြင်းကြောင့် သေသွားကြသည်။

    • အပင်ကြီးထွားမှုနောက်ပိုင်း ရောဂါကျသောပဲပင်များတွင် အရွက်များ ဆိုးဝါးစွာကောက်ကွေးတွန့်လိမ်မသွားဘဲ ရွက်ကြောတစ်လျှောက် မည်သည့်နေရာမဆို သိသာထင်ရှားသည့် ခြောက်သွေ့ခြင်းကိုတွေ့ရသည်။

    • စိုက်ခင်းထဲကရောဂါသည် ပဲစေ့များ သို့မဟုတ် ရောဂါကျအရွက်များကို ရောဂါကင်းအရွက်များက ပွတ်တိုက်မိပါက ဖွံ့ဖြိုးလာသည်။

    ကာကွယ်နှိမ်နင်းနည်း

    • ကန်သင်းဘေးတွင် နှံစားပြောင်းစိုက်ပါ။

    • တစ်ဧကလျှင် အဝါရောင်ကော်ထောင်ခြောက် (၅) ခုတပ်ဆင်ပါ။

    • (၄၅) ရက်အထက်ကြီးသော ရောဂါကျအပင်များကို ဖယ်ရှားပါ။

    • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး၊ ပိုးသတ်ဆေးအိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။

    - ဒိုင်မီသိုအိတ် (Dimethoate)

    - အင်မီဒါကလိုပရစ်ဒ် (Imidacloprid)

    - သိုင်ယာမက်သိုဇင် (Thiamethoxam)

    - တမာဆီ (Neem oil)

    ဒေါက်တာကိုကို (စိုက်ပျိုးရေး)မှ ကောက်နုတ်ဖော်ပြထားသည်။

    စိုက်ခင်းများအတွက် တစုံတခု အခက်အခဲ များရှိလာပါကလည်း ထွက်တိုးဆော့ ဝဲ တွင်သာ မက ထွက်တိုးရဲ့ ကောစင်တာနံပါတ်ကို ခေါ်ဆိုပြီး အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ် ခင်ဗျာ။

    ငါးကန်များအတွက်အကြံပြုချက်  

    🐟ငါးမွေးကန် ရေညစ်ညမ်းခြင်းနှင့် ငါးမွေးကန်ပတ်လည်ညစ်ညမ်းမှုတို့ကြောင့် ဘက်တီးရီးယားပိုးကြောင့် ကော်လစ်နာရစ် ရောဂါသည် ရောဂါဖြစ်စတွင် ငါး၏ ဦးခေါင်း၊ အရေ ပြားနှင့်ပါးဟက်ဆူးတောင်များတွင် အဖြူရောင် အစက်အပျောက်များ ထွက်လာပြီး မကြာမီ ၄င်းအဖြူစက် ပတ်ပတ်လည်တွင် အနီရောင်ကွင်းများ ဝိုင်းရံဖြစ်ပေါ်လေ့ရှိပါသည်။

    🐟ကာကွယ်ကုသခြင်းလုပ်ငန်းအနေဖြင့် ငါးမွေးကန်တစ်ဧကတွင် အိမ်သုံးဆား ၁၅ပိဿာ နှင့် ထုံး ၁၅ပိဿာ (သို့မဟုတ်) ၃၀ပိဿာကို ကန်အတွင်းပက်ပေးပါ။

    🐟အထက်ပါအတိုင်း သုံးစွဲပြီးနောက် နောက်ထပ် သုံးပါက အထက်ပါနှုန်း၏ တစ်ဝက်ကို ဆောင်ရာသီနောက်ပိုင်း တစ်လခြားစီ ကန်အတွင်းပက်ပေးပါ။ ရောဂါဖြစ်သော ငါးကို ရေ ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၀၃ကျပ်သား)ဖျော်ရည်တွင် ငါးကို ၁၀စက္ကန့်စိမ်ထားပေးပါ။

    🐟ရေအနက်(၃)ပေရှိ တစ်ဧက ကန်တွင် ဘက်တီးရီးယားပိုးသတ်ဆေး ၁ ပိဿာ ၆၀ကျပ်သားကို သုံးစွဲနိုင်ပါသည်။


  • article
likes23comments2
views430views31533