cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းနည်းများ

. ပိုးမွှား
ငမြှောင်တောင်ပိုးများသည် အပင်များရှိ အရွက်များကို ညအချိန်တွင် စားသောက်ဖျက်ဆီးလေ့ ရှိပါသည်။
  • ဥမှ ပေါက်ကာစ ငမြှောင်တောင် ပိုးများသည် အပင်ထိပ်ဖူးများနှင့် အရွက်များကို ဖျက်ဆီးပစ်ကာ ညှိုးနွမ်းစေပါသည်။ 


    ငမြှောင်တောင်ပိုး သွင်ပြင်လက္ခဏာများကတော့... 


    အပင်၏ အစိတ်အပိုင်းတိုင်းတွင် ပြာလဲ့လဲ့ရောင် ဥလေးများကို အပင်၏ နေရာတိုင်းတွင် ဥလေ့ရှိပြီး 


    ဥများသည် ဘဲဥပုံ ခပ်တိုတို ပုံစံရှိပီး တစ်ဖက်စွန်းတွင် မသိမသာ ခွက်ဝင်နေကာ မျက်နှာပြင်သည် နူးညံ့ တောက်ပနေတတ်ပါသည်။ 


    ငမြှောင်တောင် ဖျက်ပိုးအား ကာကွယ်နှိမ်နှင်းခြင်း 


    - ငမြောင်တောင်ပိုးများ ကျရောက်မှုမှ ကာကွယ်ရန် သီးလှည့်စိုက်စနစ်ကို လုပ်ဆောင်ပါ။ 


    - မြေကို နက်နက် ထွန်ယက်ပေးခြင်းဖြင့် ပိုးကောင်များနှင့် ဥများပေါ်လာကာ ငှက်များက လာရောက်စားသောက် ဖျက်ဆီးပေးနိုင်ပါသည်။ 


    - မလိုလားအပ်သော အပင်များနှင့် ပေါင်းပင်များကို ဖယ်ရှားပစ်ပါ။ 


    - ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားပါ။ 


    - အပင်ပေါက်အဆင့်တွင် အပင်များကို ရေလွှမ်းပေးပါက ငမြောင်တောင်ပိုးများ ပေါ်ထွက်လာပြီး ၎င်းတို့ကို ကောက်ယူ ဖျက်ဆီးသင့်ပါသည်။ ထို့အပြင် ငှက်များမှလည်း လာရောက် စားသောက်ပစ်လေ့ရှိပါသည်။ 


    - စိုက်ခင်းဝန်းကျင်တွင် ငှက်များ လာရောက်စေရန် ငှက်နားတန်းများ၊ ငှက်အိမ်များ ပြုလုပ်ပေးကာ ငှက်စာ စပါးတွဲများကို ချိတ်ဆွဲပေးထားပါ။ 


    - အိမ်မွေးကြက်များ၊ ဘဲများကို လွှတ်ပေးခြင်းဖြင့်လည်း ငမြောင်တောင်ကောင်များကို ဖျက်ဆီး စားသောက်ပစ်နိုင်ပါသည်။ 


    - နဂျီကောင်၊ ပင့်ကူ စသည့် မိတ်ဆွေပိုးများသည်လည်း ငမြောင်တောင် ကောင်များကို စားသောက်ပစ်လေ့ရှိပါသည်။ 


    - ငမြောင်တောင် လောက်ကောင်များ ရှင်သန်မနေနိုင်ရန် မြေလှန်ရာတွင် ပြာများကို ထည့်သွင်း အသုံးပြုပေးပါ။ 


    - အသိအမှတ်ပြု လက်မှတ်ရထားသော မြန်မာစာ အညွှန်းပါရှိသည့် ပိုးသတ်ဆေးများကိုသာ အသုံးပြုပါ။ 


    - ငမြောင်တောင် လောက်ကောင်များကို လက်ဖြင့် ဖမ်းယူပြီးနောက် ဖျက်ဆီးပစ်ပါ။ 


    - တမာပိုးသတ်ဆေးကို ပက်ဖြန်းပေးခြင်းဖြင့်လည်း ငမြောင်တောင်လောက်ကောင်များကို နှိမ်နင်းနိုင်ပါသည်။ 


    - ငမြောင်တောင်ကောင်များ၏ ရန်မှ ကာကွယ်ရန် စိုက်ခင်းပတ်လည်တွင် အနံ့ပြင်းသည့် အပင်များဖြစ်သည့် (ပူစီနံ၊ တရုတ်နံနံ၊ ပင်စိမ်းရိုင်းပင်၊ စပါးလင်ပင်များ) စိုက်ပျိုးပေးပါ။ 


    - သစ်ကိုင်းခြောက်များကို စိုက်ခင်း ဘေးပတ်လည်တွင် ထားပေးပါ။ သစ်ကိုင်းခြောက်ပေါ်တွင် လောက်ကောင်များ လာရောက် စုဝေးသည့် အခါ လက်ဖြင့် ကောက်ယူဖယ်ရှားပေးပါ။ 


    - စိုက်ခင်းထဲရှိ လောက်ကောင်များကို လက်ဖြင့်ကောက်ယူ ဖျက်ဆီးပစ်ပါ။ 


    - ကတ်ထူပြားကို စိုက်ခင်းဘေးတွင် ထားပေးပါ။ ညဘက်အချိန်တွင် လောက်ကောင်များက ကတ်ထူပြားအောက်တွင် ဝင်ပုန်းနေတက်သောကြောင့် အလွယ်တကူ ကောက်ယူ နှိမ်နင်းနိုင်ပါသည်။ 


    ငမြောင်တောင်ရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။ 


    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် အီမာမက်တင်ဘန်ဇိုအိတ် + လန်ဒါဆိုင်ဟေလိုသရင် စားပွဲတင်ဇွန်း ၂ ဇွန်းနှုန်း 


    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အင်ဒေါက်ဇာကတ်+အီမာမက်တင်ဘန်ဇိုအိတ် စားပွဲတင်ဇွန်း ၂ ဇွန်းနှုန်း 


    Source: Htwet Toe 

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes21comments0
views439views3398