cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆန်အသစ်ဝင်ရောက်မှုနည်းခြင်းကြောင့် လက်လီ ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်

. ဈေးကွက်
ဒီဇင်ဘာ လဆန်းပိုင်းမှာ ၇,၀၀၀ ကျပ်သို့ရောက်ရှိခဲ့ပြီး ၊ ရွှေဘို အလယ်အလတ်ဆန် တစ်ပြည်လျှင် ငွေကျပ် ၆,၈၀၀ ကနေ ၇,၂၀၀ ၊ ရွှေဘိုဆန်ရှယ် တစ်ပြည် ငွေကျပ် ၇,၂၀၀ က ၇,၆၀၀၊ ကြားပျံပေါ်ဆန်း နှင့် မြောင်းမြပေါ်ဆန်း တို့ဟာလည်း တစ်ပြည်ကို ငွေကျပ် ၅,၀၀၀ ကနေ ၅,၆၀၀ ၊ ရိုးရိုးပေါ်ဆန်းတစ်ပြည်ကို ငွေကျပ် ၄,၈၀၀ ကနေ ၅,၄၀၀ စသည်ဖြင့် အသီးသီးထပ်မံ မြင့်တက်ခဲ့ပါတယ်။
  • ရန်ကုန်ဈေးကွက်အတွင်း နို၀င်ဘာလ တတိယအပတ်မှ စတင်ကာ ဆန်အသစ်ဝင်ရောက်မှုနည်းပါးခြင်း၊ ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခက်အခဲများရှိခြင်းနှင့် ဝယ်လိုအားများလာခြင်းတို့ကြောင့် ဆန်ချော၊ ဆန်ကြမ်း လက်လီဈေးနှုန်းများဟာ ယခု ဒီဇင်ဘာလဆန်းပိုင်းမှာ အနည်းငယ်ဈေးမြင့်တက်လာတယ်လို့ ဆန်လက်လီလက်ကားရောင်းဝယ်လုပ်ကိုင် နေသူတွေထံမှ သိရပါတယ်။

    ဆန်‌ချောလက်လီဈေး

    ကွက်အတွင်းမှာဆိုရင် နိုဝင်ဘာလအတွင်းကရွှေဘိုပေါ်ဆန်း တစ်ပြည်ကို ငွေကျပ် ၆,၆၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ လဆန်းပိုင်းမှာ ၇,၀၀၀ ကျပ်သို့ရောက်ရှိခဲ့ပြီး ၊ ရွှေဘို အလယ်အလတ်ဆန် တစ်ပြည်လျှင် ငွေကျပ် ၆,၈၀၀ ကနေ ၇,၂၀၀ ၊ ရွှေဘိုဆန်ရှယ် တစ်ပြည် ငွေကျပ် ၇,၂၀၀ က ၇,၆၀၀၊ ကြားပျံပေါ်ဆန်း နှင့် မြောင်းမြပေါ်ဆန်း တို့ဟာလည်း တစ်ပြည်ကို ငွေကျပ် ၅,၀၀၀ ကနေ ၅,၆၀၀ ၊ ရိုးရိုးပေါ်ဆန်းတစ်ပြည်ကို ငွေကျပ် ၄,၈၀၀ ကနေ ၅,၄၀၀ စသည်ဖြင့် အသီးသီးထပ်မံ မြင့်တက်ခဲ့ပါတယ်။

    ဒါ့အပြင် အဆိုပါကာလအတွင်း ဆန်ကြမ်းလက်လီဈေးကွက်မှာလည်း ရက် (၉၀)ဆန် တစ်ပြည်ကို ငွေကျပ် ၃,၄၀၀ ကနေ ၃၆၀၀ ကျပ်နှင့် သီးထပ်(ရှယ်) တစ်ပြည်ကို ငွေကျပ် ၃၂၀၀ ကနေ ၃၄၀၀ ကျပ် နှင့် ဆန်ကြမ်း ခွံနီရှယ် တစ်ပြည် ငွေကျပ် ၃၇၀၀ ကနေ ၄၀၀၀ ကျပ်သို့ အသီးသီး မြင့်တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    "ရန်ကုန်ကို နို၀င်ဘာလ တတိယအပတ်မှ စပြီး ဆန်အသစ်ခွဲကြိတ်ပြီးသား ဝင်ရောက်မှုက နည်းနေတာဖြစ်ပါတယ်။ လက်ကျန် ဆန်အဟောင်းတွေ ကိုသာ ရောင်းချနေတာ လည်းဖြစ်ပါတယ်။ ယခု မိုးစပါးပေါ်နေပေမယ့် ဆန်ကြိတ်ခွဲစက်တွေမှာ မီးပုံမှန်မရရှိလို့ စက်သုံးဆီ သုံးပြီး ခွဲကြိတ်ရတဲ့အခါမှာ စက်သုံးဆီဈေးမြင့်လာတာကလည်း ကြိတ်ခွဲရာမှာ အခက်အခဲရှိ နေပါတယ်။ ဝယ်လိုအားကလည်း များလာတာတွေကြောင့် ကျွန်တော်တို့ ဒိုင်ယူဈေးတောင် ရွှေဘိုဆိုရင် ၁ သိန်း ၃ သောင်းလောက် အထိကို ပေးဝယ်နေရတာဖြစ်ပါတယ်။ အခြားဆန်တွေလည်း အဲဒီလိုပဲ၊ ယခင်လထက် အနည်းငယ် ဈေးနှုန်းမြင့်လာပါတယ်"လို့ လှိုင်သာယာမြို့နယ်နေ ဆန်လက်လီလက်ကား ရောင်းဝယ်သူ တစ်ဦး ကပြောပါတယ်။

    သို့သော် လက်ကားဈေးကွက်မှာ အောက်တိုဘာ၊ နိုဝင်ဘာလများရဲ့ ဆန်ချော၊ ဆန်ကြမ်း ဈေးနှုန်းများဟာ ထူးထူးခြားခြားကွာခြားမှုမရှိဘဲ အမြင့်ဈေးနဲ့ ဆက်လက်ရပ်တည်နေတယ်လို့မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ စာရင်းတွေအရသိရပါတယ်။

    နိုဝင်ဘာလမှ ဒီဇင်ဘာလ ပထမအပတ်အတွင်း လက်ကားဒိုင် ဈေးကွက်အရ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းအမြင့်ဈေးဟာဆိုရင် ၂၄ ပြည်ဝင် တစ်အိတ်ကို ငွေကျပ် ၁၂၅,၀၀၀ ၊ မြောင်းမြပေါ်ဆန်း၊ ရိုးရိုးပေါ်ဆန်းနှင့် ကြားပျံပေါ်ဆန်းတို့မှာ ၂၄ ပြည်ဝင်တစ်အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ဖြင့် ဈေးနှုန်းအသီးသီး ရှိခဲ့ပါတယ်။ 

    ထို့အတူဆန်ကြမ်းအကောင်းဈေးဟာဆိုရင်လည်း လက်ကားဒိုင် ဈေးကွက်၌ ရက် ၉၀ ဆန် ၂၄ ပြည်ဝင် တစ်အိတ်ကိုငွေကျပ် ၇၅,၀၀၀ ၊ သီးထပ်(ရှယ်)ဆန် တစ်အိတ်ကို ၆၉,၀၀၀ ကျပ်နှင့် ဆန်ကြမ်းခွံနီရှယ် တစ်အိတ်ကို ၈၇,၀၀၀ ကျပ် ဈေးရှိခဲ့ပြီး နေရာဒေသပေါ်မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်တယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (Myanmar Rice) ရဲ့ထုတ်ပြန်စာရင်းများအရ သိရပါတယ်။ 

    MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download




  • article
likes7comments0
views100views2423