cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သတိပြုစရာ ကုလားပဲပင်ညှိုးရောဂါ

. ပိုးမွှား
အပင်ကြီး၏ ပင်စည်အတွင်းရှိ ရေကြော အဖွဲ့အစည်းသည် အညိုရောင်မှ အနက်ရောင်သို့ ပြောင်းသွား ပါသည်။ ကူးစက်ခံရမှုများပါက တစ်ကွင်းလုံးကို ခြုံကြည့်လျှင် အကွက်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။
  • ကုလားပဲပင်ညှိုးရောဂါ လက္ခဏာများ

    စိုက်ပြီး ၃-၅ ပတ်အကြာတွင် ရောဂါဖြစ်ပွားပါက ပျိုးပင်ငယ် တစ်ပင်လုံး မြေကြီးပေါ်တွင် နဂိုအစိမ်းရောင် မပြယ်ဘဲ ညှိုးကျ ယိုင်လဲနေပါသည်။ အမြစ်ကိုဆွဲနှုတ်ကြည့်သည့်အခါ အမြစ်နှင့် ပင်စည်ဆက်ထားသောနေရာ၏ အပေါ်ပိုင်း နှင့်အောက်ပိုင်းသည် ရှုံ့တွနေသည်။ ထိုအပိုင်းသည် ၂.၅ စင်တီမီတာ ခန့်ရှည်သည်။

    အပင်ကြီး၏ ပင်စည်အတွင်းရှိ ရေကြော အဖွဲ့အစည်းသည် အညိုရောင်မှ အနက်ရောင်သို့ ပြောင်းသွား ပါသည်။ ကူးစက်ခံရမှုများပါက တစ်ကွင်းလုံးကို ခြုံကြည့်လျှင် အကွက်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။ ထိုရောဂါကို ဖြစ်စေသော မှိုသည် မျိုးစေ့နှင့် မြေကြီးထဲတွင် ရှင်သန် နေထိုင်ကြသည်။

    ရောဂါကျရောက်မှုသည် ရွှံ့ဆန်သောမြေထက် သဲအနည်းငယ်ဆန်သော မြေတွင်ပို၍ပြင်းထန်သည်။ မြေကြီး၏ အပူချိန်မြင့်မားလာမှုနှင့် အစိုဓါတ်လျှော့နည်းမှု အခြေအနေသည် ရောဂါကျရောက်မှုကို အားပေးပါသည်။ မြေကြီးထဲတွင် သဘာဝမြေသြဇာကို များများအသုံးပြုပေးပါက ပင်ညှိုးရောဂါ ကျရောက်မှုကို သက်သာစေသည်။

    နိုက်ထရိုဂျင် ဓါတ်မြေသြဇာ အသုံးများပါက ရောဂါကျရောက်မှုကို အားပေးပါသည်။ သီးနှံကို နောက်ကျ စိုက်ပျိုးခြင်းသည် ရောဂါကျရောက်မှုကို သက်သာစေသည်။ စိုက်ပြီး ၃ပတ်သား ပျိုးပင်ငယ် အဆင့်တွင် ရောဂါကျရောက်မှုကို တွေ့ရှိနိုင်သည်။

    ကုလားပဲပင်ညှိုးရောဂါကိုကာကွယ်နှိမ်နင်းခြင်း

    စိုက်နည်းပျိုးနည်းဖြင့်ကာကွယ်နှိမ်နှင်းခြင်း

    နွေရာသီတွင်ထယ်ရေးနက်နက်ထိုးရန်လိုအပ်ပါသည်။

    မျိုးရင်းဝင်မတူသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုးရပါမည်။ (ဥပမာ- ဂျုံ) သန့်စင်သောမျိုးစေ့နှင့် ရောဂါကင်းသော မျိုးစေ့ ကိုအသုံးပြု သင့်ပါသည်။

    အပူချိန်မြင့်သောအချိန်တွင် မစိုက်ပျိုးသင့်ပါ။သင့်တော်သော မှိုသတ်ဆေးကိုအသုံးပြု၍ လူးနယ်စိုက် ပျိုးသင့်ပါသည်။

    ဘက်စုံရောဂါကာကွယ်နှိမ်နင်းနည်း

    မြေဆောင်ရောဂါနှင့် မျိုးစေ့ဆောင်ရောဂါဖြစ်သည့် ကုလားပဲပင်ညှိုးရောဂါကို ကာကွယ်ရန် မျိုးစေ့ကို မစိုက်ခင်လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် ရောနယ် အသုံးပြုနိုင်သည်။

    ရိတ်သိမ်းပြီးသည့်အခါ ထယ်ထိုးထွန်မွှေ၍ ပင်ကြွင်း ပင်ကျန် များကို ဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။

    ထိုရောဂါကို ကာကွယ်ရန် သီးလှည့် စိုက်ပျိုးခြင်း၊ ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးခြင်း၊ သင့်တော်သော ပင်ခြား တန်းခြားတွင် စိုက်ပျိုးခြင်းများကို ပြုလုပ်ပေးသင့်ပါသည်။

    မြေဆောင်ရောဂါကို ကာကွယ်ရန် သီးလှည့် စိုက်ပျိုးခြင်းကို မဖြစ်မနေ လုပ်ဆောင် ပေးသင့်ပါသည်။

    မြန်မာပြည် အထက်ပိုင်းတွင် ကုလားပဲကို တစ်သီးတည်း စိုက်ပျိုးကြပါသည်။

    မိုးရေကို အဓိကထား စိုက်ပျိုးသော နေရာများတွင် အစိုဓါတ် ထိန်းထားနိုင်ရန် ထယ်ထိုး ထွန်မွှေခြင်းကို မကြာခဏ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ပိုးမွှားရောဂါ ကျရောက်မှုကိုလည်း သက်သာစေသည်။

    ဓါတုဆေးကိုအသုံးပြု၍ ကာကွယ်နှိမ်နင်းနည်း

    ကုလားပဲ ပင်ညှိုးရောဂါကို ကာကွယ်ရန် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ထောက်ခံချက် ပေးထားသော ဆေးများကို ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပါသည်။

    ရောဂါဖြစ်ပွားပါက အောက်ဖော်ပြပါမှိုသတ်ဆေးများကိုအသုံးပြုနိုင်ပါသည်။

    (၁) ဟက်ဇာကိုနာဇိုးလ် (Hexaconazloe)

    (၂) ဒိုင်ဖန်နို ကိုနာဇိုးလ် (Difenoconazole)

    (၃) ဟိုင်မန်ဇာဇိုးလ် (Hymenxazole) စတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။

    ထွက်တိုး 

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes6comments0
views174views2882