cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသားစားအပင်/အင်းဆက်စားအပင် (နတ်သမီးထောင်ချောက်)

. အိမ်တွင်းဥယျာဉ်
ဒီအင်းဆက်ကို ဖမ်းယူအစာချက်ဖို့အတွက် နေရောင်ခြည် လိုအပ်ပါတယ်။ အစာချက်ပြီး (ဆယ်ရက်ခန့်အကြာ) အရည်မရှိတော့တဲ့ အင်းဆက်အခွံကို ပြန်ထုတ်ပါတယ်။ ပြီးမှ နောက်ထပ် သားကောင်အတွက် ပွင့်ချပ်ပါးစပ်ကို ပြန်ဖွင့်ထားလိုက်ပါတယ်။
  • Venus Flytrap(Dionaea muscipula) နတ်သမီးထောင်ချောက်-ဒီအပင်လေးက အသားစားအပင်/ အင်းဆက်စားပင်(Carnivorous plants)အုပ်စုထဲကပါ။ ဒီအပင်လေးရဲ့ အင်းဆက်တွေဖမ်းစားတဲ့ ထူးခြားတဲ့ တုံ့ပြန်မှုကြောင့် လူသိများတဲ့ အပင်လေးလဲဖြစ်ပါတယ်။ ဒီအပင်လေးရဲ့ (ပွင့်ချပ်)ပါးစပ်ထဲကနေ မွှေးပြီးချိုတဲ့ စေးကပ်တဲ့အရည်ကို ထုတ်ပါတယ်။ ဒီရနံ့နဲ့အချိုရည်ကို စားသုံးဖို့ အင်းဆက်ကလာပါပြီ။ အင်းဆက်က ပါးစပ် အတွင်းမှာ ဝင်ရောက်ပြီး အချိုရည်ကို စုပ်ယူစားသုံးနေစဉ်မှာ ပါးစပ်ရဲ့ တဖက်တချပ်စီမှာ အာရုံခံ အမွေးချောင်း (sensitive hairs)သုံးခုစီ ပါရှိပြီး အင်းဆက်က ပထမအာရုံခံ အမွှေးတစ်ချောင်းကို စထိမိပြီဆိုတာနဲ့ ခဏစောင့် နေပါတယ်။ ပြီးနောက် နောက်ထပ် အာရုံခံအမွေးတွေကို ထိမိပြီဆိုတာနဲ့ လျှပ်စစ်လှိုင်းအချက်ပြမှုတခုရရှိပြီး အင်းဆက်ကို ဖမ်းယူလိုက်ပါတယ်။ အင်းဆက်သားကောင်က ထွက်ပြေးလို့မရ အောင်စေးကပ်နေစေပြီး ပါးစပ် ထိပ်က လက်ချောင်းနဲ့တူတဲ့ အမျှင်လေးတွေက ညီညာစေ့စပ်စွာနဲ့ ဖမ်းအုပ်လိုက်ပါတယ်။ နောက်အပင်ပင်စည် ကနေ အင်းဆက်ကို အရည်ပျော်စေတဲ့ အရည်တမျိုးထုတ်ပြီး အရည်ဖျော်ပြီး အင်းဆက်ဆီကရတဲ့ အဟာရ အရည်များကို စုပ်ယူပါတယ်။ ဒီအင်းဆက်ကို ဖမ်းယူအစာချက်ဖို့အတွက် နေရောင်ခြည် လိုအပ်ပါတယ်။ အစာချက်ပြီး (ဆယ်ရက်ခန့်အကြာ) အရည်မရှိတော့တဲ့ အင်းဆက်အခွံကို ပြန်ထုတ်ပါတယ်။ ပြီးမှ နောက်ထပ် သားကောင်အတွက် ပွင့်ချပ်ပါးစပ်ကို ပြန်ဖွင့်ထားလိုက်ပါတယ်။ အဟာရပြည့်တဲ့ အပင်လေးတွေက အနီရောင် ပိုသန်းကြပါတယ်။ ဆယ့်ငါးရက်လောက်ကျတော့ (၁) ကြိမ်လောက် အစာစားဖို့လိုအပ်ပါတယ်။ ပွင့်ချပ်ပါး စပ် လေးတစ်ချပ်ဟာ သားကောင် (၅ - ၆)ကောင်ခန့် စားသုံးပြီးသွားရင်တော့ သေဆုံးသွားပါတယ်။ လုံလောက်တဲ့ အဟာရရသွားပြီမို့ဖြစ်ပါတယ်။ အပင်တစ်အုံလုံး သေတာမဟုတ်ပါဘူး။ နောက်ထပ်ပွင့်ချပ်အသစ် ထွက်လာ ပါမယ်။ ဒါကြောင့် ဒီအပင်စိုက်ထားတဲ့သူတွေက အစာမဟုတ်တဲ့ တခြားအရာများနဲ့ သွားထိ၊ သွားတို့တာတွေ မလုပ်ရပါဘူး။ အစာကျွေးနေစဥ် ပွင့်ချပ်ကမပိတ်ခဲ့ရင် ပွင့်ချပ်အတွင်းက အမွှေးနုလေးတွေကို အစာနဲ့ထိလိုက် ရင်ချက်ချင်း ပိတ်သွားပါလိမ့်မယ်။ သူရဲ့ အာရုံခံအမွှေးလေးတွေက တစ်ခုထဲထိရုံနဲ့ မပိတ်ပါဘူး။ တစ်ခုတည်း ထိတာက တခြားလှုံ့ဆော်မှုကြောင့်ဖြစ်နိုင်လို့ မသေချာသေးလို့ပါ။ တစ်ခုထက်ပိုတဲ့ အာရုံခံအမွေးလေးတွေကို ထပ်ထိလာပြီဆို ဒါဟာ သက်ရှိအဟာရကောင်လို့သတ်မှတ်ပြီး ဖမ်းယူကြတာပါ။ မသေချာသေးပဲ ဖမ်းယူပြီး သူတို့ရဲ့ စွမ်းအင်ကိုမဖြုန်းတဲ့သဘောပါ။ ဒီအပင်လေးတွေက နေကြိုက်၍ နံနက်ခင်းနေပြပေးပါ။ ရေကြိုက်တယ် ရေဝပ်တာမကြိုက်ပါဘူး။ သဲအုံးဆံမှုန့် သစ်ဆွေးမှုန့်ထည့်ပြီး စိုက်လို့ရပါတယ်။ အပင်ရဲ့ဘေးမှာ ရေညှိ ရေမှော် ထည့်ပေးလည်းရပါတယ်။ အိမ်တွင်းစိုက်ပျိုးသူများက အလင်းရောင်ပေးထားရပါမယ်။ ပန်းအိုးအောက်မှာ ဗန်းခံပြီး ရေထည့်ထားလည်းရပါတယ်။ ရေက မိုးရေ ၊ ပေါင်းခံရည်ဖြစ်ရပါမယ်။ တွင်းရေ၊ ဘုံဘိုင်ရေမရပါ။ သာမန်ရေထဲမှာပါတဲ့ ဆားဓာတ် သတ္တုဓာတ်၊ ထုံးဓာတ်တို့က အပင်အတွက် အဆိပ်ဖြစ်စေလို့ပါ။ အပင်ကို ရေလောင်းများရင်လည်း အပင်မှိုစွဲတတ်ပါတယ်။ မျိုးပွားစိုက်ဖို့ကတော့ အစေ့ကိုဖြစ်စေ အပင်ရဲ့ အောက်ခြေ အရွက်ကို သေချာယူပြီး သဲနဲ့သစ်ဆွေးအုံးဆံမှုန့် ရောထားတဲ့ ရေသန့်ထည့်ထားတဲ့ မြေမျိုးမှာ ပျိုးယူလို့ရပါ တယ်။ အပင်ရှင်သန်လာပြီး တစ်နှစ်လောက်ဆို အိုးသစ်ပြောင်းလို့ရပါပြီ။ နောက်အသားစားအပင်တွေထဲက လူသိများတာ ရေတကောင်းပင် (Tropical pitcher plant)နဲ့ နေနှင်းပေါက်ပင် (sundew)တို့လည်း ရှိပါသေးတယ်။ Sundewဆို သဘာဝအရိုင်းအဖြစ် ပေါက်ရောက်နေတာ တွေ့ရလေ့ရှိပါတယ်။ 


    Author - Ei Ei 

    Source - Myanmar Biodiversity 


  • article
likes12comments0
views285views4323