ပဲပင်စည်ထိုးယင်အကြောင်း သိကောင်းစရာ
မျိုးစေ့လူးနယ်ဆေး (Imidacloprid)အား ဆေးဘူးပါအညွှန်းအတိုင်း မျိုးစေ့အားလူးနယ်၍ စိုက်ပျိုးပါ။
ပင်လုံးပြန့်ပိုးသတ်ဆေးများအား တလှည့်စီပက်ဖျန်း၍ ကာကွယ်နှိမ်နင်းပါ။
ပဲပင်စည်ထိုးယင်သည် ပဲသီးနှံအများစု၏ ဖျက်ပိုးတစ်မျိုးဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးမှုများသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲပုပ်တို့တွင် ပိုမိုကျရောက်တတ်သည်။ ပဲပင်အစေ့မှအပင်ပေါက်ပြီး အရွက်စတင်ထွက်ချိန် မှစ၍ အပင်တစ်လသားအတွင်း ကျရောက်ဖျက်ဆီးနိုင်သည်။
ဖျက်ပိုးပုံသဏ္ဍာန်
အရွယ်ရောက်အကောင်ကြီးသည် သေးငယ်ပြီး ခန္ဓာကိုယ်အနက်ရောင်ရှိကာ အရွယ်အစားမှာ ၂မီလီ မီတာခန့်ရှိသည်။ လောက်ကောင်မှာ ဖြူဝါရောင်ဖြစ်ပြီး ရုပ်ဖုံးမှာ စက်ဝိုင်းခြမ်းပုံရှိသည်။
ဖျက်ဆီးမှုလက္ခဏာနှင့် ပျက်စီးမှုလက္ခဏာ
လောက်ကောင်သည် ပဲပင်များ၏ ပင်စည်များနှင့်အရွက်များကို တိုက်ခိုက်သည်။ ယင်မသည် အရွက်၏ မျက်နှာပြင်ပေါ်တွင် ဥဥသည်။ ဥမှပေါက်လာသော လောက်ကောင်ငယ်သည် လှိုဏ်ခေါင်းပြုလုပ်၍ စားသောက် ဖျက်ဆီးမှု့ကြောင့် အရွက်မျက်နှာပြင်ပေါ်တွင် ရွက်ထွင်းများဖြစ်ပေါ်စေသည်။ ထိုအခါ အရွက်များသည် အဝါ ရောင်ဖြစ်လာပြီး ခြောက်သွေ့သွားသည်။ ထို့နောက် လောက်ကောင်သည် အရွက်မှ အညှာ၊ အညှာမှ မြေကြီးနှင့် ကပ်နေသော ပင်စည်သို့ သွားရောက်တိုက်ခိုက်သည်။ ထိုအခါ ပင်စည်ဖောင်းခြင်း၊ ကွဲထွက်ခြင်းများ ဖြစ်ပေါ်စေ သည်။ ဆိုးဝါးစွာ တိုက်ခိုက်ခံရပါက အပင်များညှိုးနွမ်းပြီး သေသည်အထိ ဖြစ်နိုင်သည်။
ကာကွယ်နှိမ်နင်းနည်းများ
ပေါင်းမြက်များအား ရှင်းလင်းပါ။
ပိုးကျရောက်ဖျက်ဆီးခံထားရသော ပင်ကြွင်းပင်ကျန်များအား ဖယ်ရှား/ဖျက်ဆီးပစ်ပါ။
သီးလှည့်စိုက်ပျိုးပါ။
စိုက်ချိန်စောစောစိုက်ပါ။
အဝါရောင်ထောင်ချောက်သုံး၍ အကောင်ကြီးများအား နှိမ်နင်းပါ။
စိုက်ခင်းအား ပိုးကျရောက်မှုရှိမရှိအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လက်ဦးမှုရယူ၍ ကာကွယ် နှိမ်နင်းပါ။
နှစ်စဉ်ဆိုးရွားစွာ ကျရောက်သော စိုက်ခင်းများတွင် မြေပြုပြင်စဉ်၌ ဓါတုပိုးသတ်ဆေးတမျိုးမျိုး မြေခံထည့်ပေးပါ။
မျိုးစေ့လူးနယ်ဆေး (Imidacloprid)အား ဆေးဘူးပါအညွှန်းအတိုင်း မျိုးစေ့အားလူးနယ်၍ စိုက်ပျိုးပါ။
ပင်လုံးပြန့်ပိုးသတ်ဆေးများအား တလှည့်စီပက်ဖျန်း၍ ကာကွယ်နှိမ်နင်းပါ။
ထွက်တိုး
ကျမ်းကိုး
https://blog.plantwise.org/2022/06/30/bean-fly-how-to-recognize-prevent-and-manage-this-ommon-legume-pest/
https://plantwiseplusknowledgebank.org/doi/epdf/10.1079/pwkb.


