cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့ရန် ဦးစားပေးဆောင်ရွက်လျက်ရှိ

. ဈေးကွက်
ဒီဇင်ဘာလတွင် ပြည်တွင်းဈေးကွက်သို့ သကြားအသစ်များ စတင်ဝင်ရောက်မည် ဖြစ် ပါသည်။ 
  • မြန်မာနိုင်ငံမှ သကြားတန်ချိန်ပေါင်း (၁၀,၀၀၀)ကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရန်အတွက်  အမှာလက်ခံစာ ရရှိပြီးဖြစ်သောကြောင့် ဗီယက်နမ်နိုင်ငံကို ဦးစားပေးတင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်အရ သိရှိရပါသည်။


    မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားပြည်ပနိုင်ငံများသို့ သကြား တင်ပို့ရန် စီစဉ်လျက်ရှိပါသည်။ သို့သော် ဗီယက်နမ်၏ ဝယ်ယူမှုအမှာစာအရ သကြားတင်ပို့မှုကို ၎င်း နိုင်ငံသို့ ဦးစွာတင်ပို့မည် ဖြစ်ပါသည်။


    မြန်မာနိုင်ငံသည် သကြားကို ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပိုလျှံသကြားများကို ပြည်ပ ကုန်သွယ်ဖက်များထံ တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် သကြားစက်ရုံများမှ ကြံကြိတ်ဝါးခြင်း လုပ်ငန်းများကို နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ အပြည့်အ၀ လုပ်ဆောင်လျက် ရှိပါသည်။ 


    ဒီဇင်ဘာလတွင် ပြည်တွင်းဈေးကွက်သို့ သကြားအသစ်များ စတင်ဝင်ရောက်မည် ဖြစ် ပါသည်။  ယခုနှစ်တွင် သကြားစက်များသည် ယခင်သတ်မှတ်နှုန်းထားဖြစ်သော ကြံတစ်တန်လျှင် ကျပ်(၁၁၀,၀၀၀)မှ (၂၀၂၃-၂၀၂၄)ကြံရာသီအတွက် ကြံတစ်တန်လျှင် ကျပ်(၁၅၀,၀၀၀)သို့ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း (၂၉.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Global  New Light of Myanmar ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။


    Source: MIS of DoA

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes
3
comments
0
views
3216