cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မွေးမြူရေးသမားတိုင်းအတွက် ရွှေလို့ တင်စားရလောက်တဲ့ အေဇိုလာ.....

. စိုက်ပျိုးနည်းစနစ်များ
ဒီကနေ့မှာတော့ မွေးမြူရေးသမားများအတွက် ရွှေလို့တင်စားခေါ်ဝေါ်ရလောက်အောင် တန်ဖိုးရှိတဲ့ အေဇိုလာအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
  • အေဇိုလာကိုတော့ ပီရူးနိုင်ငံမှ မွေးမြူရေးတစ်ယောက်က ၁၇၂၅ ခုနှစ်ကတည်းက ဖြည့်စွက်စာအဖြစ် အသုံးပြုလာပြီး ဗီယက်နမ်၊ တရုတ်၊ အာဖရိက မွေးမြူရေးသမားတွေပါ အသုံးပြုလာကြပါတယ်။ 


    အေဇိုလာကို စိုက်ပျိုးပြီး ချမ်းသာလာတဲ့ အာဖရိကန် မွေးမြူရေးသမားများလည်း အများအပြားရှိလာပြီး အေဇိုလာကို စီးပွားဖြစ်စိုက်ပျိူးပြီး နိုင်ငံတကာကို ကုန်စည်တစ်ခုအဖြစ်တင်ပို့နေကြသူများလည်းရှိလာ ကြပါတယ်။ 


    အေဇိုလာဟာ စိုက်ပျိုးရလွယ်ကူသလို မွေးမြူရေးသမားများအတွက်လည်း အစာဖိုးကုန်ကျစရိတ်ကို သက်သာအောင် များစွာကူညီဖြေရှင်းပေးနိုင်ပါတယ်။ 


    ဒါကြောင့် အေဇိုလာရဲ့ စိုက်ပျိုးရေးမှာသာ မက မွေးမြုရေးမှာပါ အသုံးဝင်ပုံကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 


    အေဇိုလာဟာ မွေးမြူရေးအစာအဖြစ် အထူးသင့်တော်ပြီး ၎င်းမှ ပရိုတင်းဓာတ်အများအပြားထုတ်လွတ်ပါတယ်။ 


    အေဇိုလာဟာ သဘာဝ ဂေဟစနစ်များကို ဖယ်ရှားရန်မလိုဘဲ ရေတွင်ကြီးထွားနှုန်းမြင့်မားပြီး ကြက်၊ ဘဲ၊ဝက်၊ ကျွဲ ၊ နွား၊ ငါး၊ သိုး ၊ ဆိတ်နှင့် ယုန်တို့အတွက် အာရှနှင့် အာဖရိက တလျောက်တွင် မွေးမြူရေးအစာ အဖြစ် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ ကြပါတယ်။ 


    အေဇိုလာဟာ အမိုင်နို အက်ဆစ်ကိုလည်း အကန့်အသတ်မရှိနီးပါ အလွယ်တကူ ရရှိနိုင်ပါတယ်။ အေဇိုလာရဲ့ ပရိုတိန်းပါဝင်မှုဟာ ၂၅ မှ၃၅ ရာခိုင်နှုန်းထိ ရှိပြီး အမိုင်နိုအက်ဆစ်ပါဝင်မှုနှုန်းကတော့ ၇ ကနေ ၁၀ ရာခိုင်နှုန်းထိ ရှိပါတယ်။ အေဇိုလာထဲမှာ အမိုင်နိုအက်စစ် ၇ ကနေ ၁၀ ရာခိုင်နှုန်း အေဇိုလာဟာ အလွယ်တကူစိုက်ပျိုးနိုင်ခြင်း၊ ကုန်ထုတ်စွမ်းအားနှင့် အာဟာရ တန်ဖိုးများကြောင့် မွေးမြူရေးလုပ်ငန်းများအတွက် အလားအလာအကောင်းဆုံး ‌ရေနေ အပင် တစ်ခုလည်းဖြစ်ပါတယ်။ 


    အိန္ဒိယ နိုင်ငံရဲ့ သုတေသနမှတ်တမ်းများ အရ ငယ်ရွယ်သော ကြက်များ ရဲ့ အစာ၂၀ ရာခိုင်နှုန်းတွင် အေဇိုလာကို အစားထိုး ကျွေးမွေးနိုင်ခဲ့ ကြောင်း ကောက်ချက်ချခဲ့ ကြပါတယ် ။ ကြက်အကောင်အရေ ၂၀၀ အတွက် တစ်နေ့လျင်ပေါင် ၂၀ ခန့်စားသုံးပေးရန်လိုအပ်သည်ဟု ခန့်မှန်းကြပါတယ်။ 


    အေဇိုလာတွင် ပရိုတိန်းပါဝင်မှု မြင့်မားခြင်းနှင့် ကယ်လ်ဆီယမ်ပါဝင်မှု အနည်းငယ် နှိမ့်ခြင်းကလွဲရင် ၎င်းရဲ့ အာဟာရဖွဲ့ စည်းပုံဟာ စီးပွားဖြစ်ထုတ်လုပ်ထားတဲ့ ကြက်စာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 


    ကုန်ကျစရိတ်အနည်း ငယ်နှင့် အရည်အသွေးရှိသော အစာကျွေးမွေးမှုသည် အောင်မြင်သော မွေးမြူ‌ရေးလုပ်ငန်း တစ်ခု ၏ အဓိက သော့ချက်တစ်ခုပဲဖြစ်ပါတယ် ။ 


    ဒါကတော့ အေဇိုလာ ဟာ စိုက်ပျိုးရေး ကဏ္ဍတွင်သာမက မွေးမြူရေးကဏ္ဍမှာပါ အရေးပါပြီး ရေရှည်မှာ အလားလာကောင်းသော အေဇိုလာ ထုတ်လုပ်မှု လုပ်ငန်းတခုဖြစ်လာနိုင်ပါတယ်။ 


    ရေးသားသူ - စုသီရိထွေး 


    Reference - https://youtu.be/g_SgGMGXyjs


    Azolla pinnata as unconventional feeds for ruminant feeding | Bulletin of the National Research Centre | Full Text (springeropen.com) 

    ------------------

     ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/ download လုပ်ထားပါ။ 


    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 


  • article
  • article
likes6comments0
views412views1858