cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဘာစိုက်ခင်းပေါင်းရှင်းခြင်းနှင့်အကျိုးကျေးဇူးများ

. ဉာဏ်စမ်း
ရာဘာဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ပေါင်းကာကွယ်နှိမ်နင်းခြင်း 

    (က) ပေါင်းရှင်းခြင်းလုပ်ငန်းအား တစ်နှစ်လျှင် (၃) ကြိမ် မြေပြင်အထက် (၆) လက်မအမြင့်အထိ လူအား စက်အားဖြင့် ဆောင်ရွက်ရမည်။ 

    (ခ) ရော်ဘာပင်တန်းကြားတွင် သက်တမ်း (၃) နှစ်ကာလထိ မြေဆီထိန်းပဲ (သို့မဟုတ်) ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့်လည်း ပေါင်းကာကွယ်နှိမ်နင်းနိုင်သည်။ 

    (ဂ) ရော်ဘာပင်လိုင်းတန်းတစ်လျှောက် အပင်၏တစ်ဖက်လျှင်(၃)ပေ အကျယ်ဖြင့် (၆) ပေလိုင်းအတွင်း ကျွေးရသဖြင့် (၆) ပေလိုင်း အပြောင်ရှင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရမည်။ ပေါင်းရှင်းခြင်း 

    အပင်မစိုက်မီ မေလအတွင်းမှာစိုက်ကျင်းနေရာ၏ (၃)ပေ ပတ်လည် အတွင်းမှာရှိသည့်ငုတ်၊ ပေါင်းမြက်များကို အပြောင်ရှင်းပေးရသည်။ အပင်တန်းတစ်လျောက် ငုတ်၊ ပေါင်းအပြာင်ရှင်းခြင်းကို အပင်စိုက်ပြီးသည့် နှစ်စဥ် မေလ၊ စက်တင်ဘာလတွင် မြေသြဇာမကျွေးမှီ အောက်ပါအတိုင်း ဆောင်ရွက်ရပါသည်။ သက်ကယ်နှင့်ဝါးများကို အမြစ်မှ တူးထုတ်ရသည်။ 

    ပေါင်းရှင်းခြင့်ဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ 

    -မြေကြီးအစိုဓါတ်အလွယ်တကူရရှိခြင်း 

    -ထည့်သွင်းသောမြေသြဇာနှင့်မြေကြီးတွင်းရှိသောသဘာဝမြေဆီမြေနှစ်ကိုအပင်မှ အလွယ်တကူစားသုံးနိုင်ခြင်း 

    -ရာဘာပင်များလောင်းရိပ်မမိခြင်းနှင့် ပိုးမွှာတိရစ္ဆာန် ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ပေးခြင်း။ 


    ပင်သက်တမ်း လိုင်းတန်းအကျယ် ဆောင်ရွက်ရမည့်လ 

    ပထမနှစ် အပင်တန်းတစ်လျောက်တဖက်(၃)ပေ စက်တင်ဘာလ 

    ဒုတိယနှစ် အပင်တန်းတစ်လျောက်တဖက်(၄)ပေ မေ၊ စက်တင်ဘာလ 

    တတိယနှစ် အပင်တန်းတစ်လျောက်တဖက်(၅)ပေ မေ၊ စက်တင်ဘာလ 

    စတုတ္ထနှစ် မှ သတ္တမနှစ်အထိ အပင်တန်းတစ်လျောက်တဖက်(၆)ပေ မေ၊ စက်တင်ဘာလ 

    ---------

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- https://htwettoe.com/download

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/ 

    https://htwettoe.com/organization/3

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes14comments1
views749views1387