cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲတွင် ကျရောက်သော ပျပိုး ၏ဖျက်ဆီးမှု လက္ခဏာ

. ရောဂါ
စိုက်ခင်းအတွင်း ပျပိုး ကျရောက်မှု ရှိ/မရှိ စောင့်ကြည့် စစ်ဆေးပါ။ နိုက်ထရိုဂျင် ဓါတ်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်းဖြင့် အပင်ကို ကြီးထွားသန်စွမ်းစေပြီး အရည်ရွှမ်းစေသဖြင့် ပျပိုး ကျရောက်စေရန် အားပေးသောကြောင့် သင့်တင့်သော နှုန်းထားကိုသာ သုံးပေးပါ (သို့မဟုတ်) လျှော့သုံးရမည်။ မျိုးရင်းဝင် မတူသော သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
  • ပျပိုး ၏ဖျက်ဆီးမှု လက္ခဏာ


    ပျများသည် ဖရဲပင် အရွက်၏ အောက်မျက်နှာပြင်မှ နေ၍ ပင်ရည်များကို စုပ်စားသောကြောင့် အရွက်များ တွန့်လိမ်ပြီး အပင်ပု၍ ဆက်မကြီးထွားတော့ပါ။ ပျပိုးကျရောက်သည့်အခါ အပင်သည် အဝါရောင်ပြောင်း၍ တွန့်လိမ်ညှိုးကျကာ နောက်ပိုင်းတွင် ခြောက်၍ သေသွားပါသည်။ ပျပိုး စားသောက် ဖျက်ဆီးထားသော ပန်းဖူးများသည် ပုံသဏ္ဍန် မမှန်သော အသီးများကို ဖြစ်စေသည်။


    ပျပိုးများသည် စေးကပ်သော အချိုရည်များကို ထုတ်သဖြင့် အရွက်နှင့် အကိုင်းများ၏ အောက်ခြေတွင် အချိုရည်များ တွေ့ရပြီး ထိုမှတဆင့် ကြပ်ခိုးမှို ကျရောက်မှု ဖြစ်စေသည်။ ကြပ်ခိုးမှို ထပ်ဆင့် ကျရောက်ပါက အရွက်များ မဲနေပါသည်။ 


    ကြပ်ခိုးမှို ကျရောက်မှုနှင့် စေးကပ်သော အချိုရည်များကြောင့် အပင်တွင် အစာချက်လုပ်နှုန်းကို ထိခိုက်စေပြီး အထွက်နှုန်းကို လျှော့ကျစေသည်။ ပျပိုးများကြောင့် ဗိုင်းရပ်စ် ရောဂါများ နောက်ဆက်တွဲ ဝင်ရောက်နိုင်သည်။


    ပျပိုး ကြီးထွားပုံအဆင့်ဆင့်:


    ဥအဆင့် : သေးငယ်၍ အရောင်တောက်နေသော ဥများကို အဖူးများ၊ခေါက်နှင့် ပင်စည် အက်ကွဲကြောင်း များကြားတွင် တွေ့ရသည်။ 


    ပိုးမမယ် အဆင့်: အကောင်ကြီး အဆင့်နှင့် ပုံစံတူ၍ ပို၍ သေးငယ်သည်။


    အကောင်ကြီးအဆင့်: အကောင်ကြီးအဆင့်သည် သေးငယ်၍ (၁-၄) မီလီ မီတာ ရှည်သည်။ ခန္ဓာကိုယ် အရှည်သည် ပျပိုးကောင်၏ ဥမျှင်တံ အရှည် နှင့် ညီမျှသည်။ အရောင်သည် အနက်ရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ ပန်းရောင်၊ အညိုရောင်၊ မီးခိုးရောင် စသည်တို့ကို အမျိုးမျိုး တွေ့ရသည်။ 


    ပျပိုးကင်းစင် ဖရဲခင်းတစ်ခွင်


    ပျပိုးကျရောက်မှုကို ကာကွယ်နှိမ်နင်းခြင်း


    စိုက်နည်းပျိုးနည်းဖြင့် ကြိုတင် ကာကွယ်နှိမ်နင်းခြင်း


    စိုက်ခင်းအတွင်း ပျပိုး ကျရောက်မှု ရှိ/မရှိ စောင့်ကြည့် စစ်ဆေးပါ။ နိုက်ထရိုဂျင် ဓါတ်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်းဖြင့် အပင်ကို ကြီးထွားသန်စွမ်းစေပြီး အရည်ရွှမ်းစေသဖြင့် ပျပိုး ကျရောက်စေရန် အားပေးသောကြောင့် သင့်တင့်သော နှုန်းထားကိုသာ သုံးပေးပါ (သို့မဟုတ်) လျှော့သုံးရမည်။ မျိုးရင်းဝင် မတူသော သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။


    သက်ရှိများကို အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း


    မိတ်ဆွေပိုးများ ဖြစ်သည့် ရှစ်ခိုးကောင်၊ ပင့်ကူ၊ ဓါးခုတ်ကောင်၊ ပျစားယင်၊ အစိမ်းရောင် ဇာတောင်ပိုး၊ နဂျီ နှင့် ကျိုင်းကောင်များသည် ပျပိုး များကို စားသောက် ဖျက်ဆီးခြင်းဖြင့် နှိမ်နင်း ပေးသောကြောင့် ပိုးသတ်ဆေးကို အလွန်အကျွံ မဖြန်းသင့်ပါ။ 


    ဘက်စုံကာပိုးမွှားကာကွယ်နှိမ်နှင်းခြင်း  


    ပျပိုးများ ခိုအောင်း၍ ရှင်သန် ပေါက်ဖွားနိုင်သော ပေါင်းမြက်များနှင့် မျိုးရင်းဝင် တူသော အပင်များကို ရှင်းလင်း ပစ်ရမည်။ 

    မျိုးရင်းဝင် မတူသော အပင်များနှင့် သီးလှည့် စိုက်ပျိုးပေးပါ။


    ဓါတုဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း 


    ပျပိုး ကျရောက်မှုကို ကာကွယ်နှိမ်နှင်းရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထောက်ခံထားပြီး မြန်မာဘာသာ အညွှန်းပါသည့် ပိုးသတ်ဆေးများကို ဝယ်ယူ အသုံးပြုပါ။


     - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် အင်မီဒါ ကလိုပရစ် (၇၀%) Imidacloprid 70% WP၊ စားပွဲတင်ဇွန်း (၁-၂ ) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၂၁) ရက် 


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် အဆီဖိတ် (၇၅%) (Acephate 75% SP )စားပွဲတင်ဇွန်း (၄-၅) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၁၄) ရက် တို့ကို ပျပိုးကျရောက်မှုကို ကာကွယ်ရန် အသုံးပြုနိုင်သည်။


    ဆေးထုပ်တွင် မြန်မာဘာသာဖြင့် ရေးထားသော အညွှန်းကို သေချာ ဖတ်၍ ဆေးနှုန်းထား၊ ဆေးဖျန်းသင့်သည့် အချိန်၊ အများဆုံး ဆေးဖျန်းသင့်သည့် အကြိမ် အရေအတွက်၊ သီးနှံပင် မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် နှင့် ဆေးဖျန်းသည့် အခါ အဝတ် အစားများကိုလည်း လုံခြုံအောင် ဝတ်ဆင်ရန် စသည်ဖြင့် ညွှန်ကြား ထားသည်များကို သေချာ လိုက်နာရန် လိုအပ်ပါသည်။


  • article
likes4comments0
views398views1300