cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲတွင် ကျရောက်သော ကျိုင်းကောင်၏ ဖျက်ဆီးမှုလက္ခဏာ

. ပိုးမွှား
ဖရဲရွက်တွေမှာ အပေါက်တွေ ဖြစ်စေတဲ့အပြင် အပင်ကိုညှိုးသေစေတဲ့ ဖျက်ပိုးအကြောင်း
  • ဖရဲကျိုင်း၏ ဖျက်ဆီးမှု လက္ခဏာ


    ဖရဲတွင် ကျရောက်သော ကျိုင်းကောင် အမျိုးမျိုးရှိသည်။ ကျိုင်းကောင်များသည် အစေ့ရွက်လောင်း၊ ပင်စည်၊ အရွက်နုလေးများ၊ ဝတ်မှုံ၊ ပန်းပွင့် နှင့် အဖူးများကို စားသောက် ဖျက်ဆီးသည်။ အပင်ငယ်စဉ်တွင် ဖျက်ဆီခံရပါက အပင်သည် ပု၍ ဆက်လက် မကြီးထွားနိုင်ဘဲ တစ်ခါတစ်ရံ အပင်သည် သေသွားပါသည်။ ကျိုင်းအမသည် ဥများကို အပင်ခြေ မြေကြီးထဲ အုတတ်၍ လောက်ကောင်များသည် ပင်စည်ထဲသို့ ဝင်ရောက် စားသောက် သဖြင့် ရုတ်တရက် တစ်ပင်လုံး ညှိုးသေစေပါသည်။


    အပင်ကြီး အဆင့်တွင် ဖျက်ဆီးခံရပါက အရွက်များ ကြွေကျသည်။ အပင်ငယ်စဉ်တွင် ဖရဲကျိုင်းများ ကျရောက် မှုများပါက အပင်သည် ပု၍ သေသွားပါသည်။ တခြား ကျိုင်းကောင်များသည် အရွက်များတွင် အပေါက်များ ဖြစ်အောင် စားသောက် ဖျက်ဆီးပြီး ဆိုးဝါးပါက တစ်ပင်လုံး အရွက်ကြွေကျသည်။ ပန်းပွင့် များကိုလည်း စားသောက်လေ့ ရှိသည်။ အဆိုးဆုံးမှာ ကျိုင်းကောင်များသည် ဘတ်တီးရီးယား ပင်ညှိုးရောဂါကို ဖြစ်စေသော သက်ရှိကို သယ်ဆောင်ပေးသည်။


    ကျိုင်းကောင် ကြီးထွားပုံအဆင့်ဆင့်


    - ဥအဆင့် : အပင်ခြေတွင် အဝါရောင် ဥလေးများကို ဥလေ့ရှိသည်။  


    - လောက်ကောင်အဆင့် : အဖြူရောင် လောက်ကောင် ငယ်လေးသည် လက်မဝက် ခန့်ရှည်ပြီး အနက်ရောင်ဖြင့် အဆုံးသတ်ထားသည်။


    - အကောင်ကြီးအဆင့်: ကျိုင်းကောင်သည် (၁ စင်တီမီတာ) ခန့်ရှည်ပြီး အဝါရောင် အခံရှိပြီး အနက်ရောင် အစက်အပြောက် လေးများ ပါရှိသည်။   


    ဖရဲခင်းစိုက်တောင်သူတွေ သိသင့်တဲ့ ကျိုင်းကောင်ကာကွယ် နှိမ်နင်းနည်း ၄ နည်း              


    ဖရဲကျိုင်း ကျရောက်မှုကို ကာကွယ်နှိမ်နင်းခြင်း


    စိုက်နည်းပျိုးနည်းဖြင့်ကြိုတင်ကာကွယ်နှိမ်နင်းခြင်း


    စောစော ထယ်ထိုးပေးခြင်းဖြင့် ပေါင်းပင်များနှင့် ဥအိမ်များကို ဖယ်ရှားပေးနိူင်သည်။ ဖရဲစိုက်ခင်းတွင် ကျရောက်သော ကျိုင်းကောင်များကို လက်ဖြင့်ကောက်ယူ ဖယ်ရှားပေးပါ။ မြေဖုံးခြင်းဖြင့် ကျိုင်းကောင်များ ပင်စည်ခြေတွင် ဥအုခြင်း၊ လောက်ကောင်များ အပင်ကို စားသောက် ဖျက်ဆီးခြင်း တို့ကို အဟန့်အတား ဖြစ်စေသည်။ လောက်ကောင်သည့် ဖရဲသီးမှည့် ထဲကိုဝင်၍ စားသောက် ဖျက်ဆီးရန် စိုစွတ်သည့် မြေအနေအထားကို လိုအပ်သည်။ ထိုအချိန်တွင် ရေသွင်းခြင်းကို ရပ်ထားရန် လိုအပ်ပါသည်။ 


    သက်ရှိများကို အသုံးပြု၍ ကာကွယ် နှိမ်နင်းခြင်း


    ဖရဲကျိုင်းကို စားသောက် ဖျက်ဆီးပေးသော သားရဲကောင်များနှင့် ကပ်ပါးပြုသော မိတ်ဆွေပိုး များမှာ ပင့်ကူ၊ သားရဲကျိုင်း၊ ဘရာကိုးနစ် နဂျီ (braconid wasps) ၊ ကာရာဗစ်ကျိုင်း (carabid ground beetles) တို့ဖြစ်ပါသည်။ စိုက်ခင်း ထဲတွင်ရှိသော အကျိုးပြု မိတ်ဆွေပိုးများကို ထိန်းသိန်းရန် ပိုးသတ်ဆေး အလွန်အကျွံ မဖျန်းပါနှင့်။


    ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နှင်းခြင်း


    - ကျိုင်းကောင်များ ခိုအောင်း နေထိုင် ပေါက်ပွားနိုင်သော စိုက်ခင်းအတွင်းရှိ ပေါင်းပင်များကို ရှင်းလင်းပေးရမည်။


    - မျိုးရင်းဝင် မတူသောသီးနှံများနှင့် သီးလှည့်စိုက်ပျိုးရမည်။


    - ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးရမည်။


    - ကျိုင်းကောင်များ ကြိုက်နှစ်သက်သာ အပင်များကို ထောင်ချောက် အနေဖြင့် စောစော စိုက်ပျိုးပါ။ ထို့နောက် ကျိုင်းကောင်များ ကျနေသော အပင်ကို ပိုးသတ်ဆေး ဖျန်းပြီး ဖျက်ဆီး ပစ်ပါ။ 


    - ကျိုင်းကောင်များကို ဆွဲဆောင်သည့် အဝါရောင် စေးကပ် ထောင်ချောက်များကို ထောင်ချောက်ပင်နှင့် အတူထားပြီး ကျိုင်းကောင်များကို ဖမ်းနိုင်သည်။


    ဓါတုဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း


    ဖရဲကျိုင်း ကျရောက်မှုကို ကာကွယ် နှိမ်နှင်းရန်အတွက် စိုက်ပျိုးရေး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ထောက်ခံထားပြီး မြန်မာဘာသာ အညွှန်းပါသည့် ပိုးသတ်ဆေး များကို ဝယ်ယူ အသုံးပြုပါ။


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် အဆီဖိတ် (၇၅%) (Acephate 75% SP )၊စားပွဲတင်ဇွန်း (၄-၆) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၁၄) ရက် - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဖန်သိုအိတ် (၅၀% အီးစီ)( Phenthoate 50% EC)၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၇) ရက် 


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ၊ ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆိုက်ပါမီသရင် + ကလိုပိုင်ရီဖော့စ် (၅၅% အီးစီ) ၊ စားပွဲတင်ဇွန်း (၄-၆) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ (သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် ၂၁ ရက်) တို့ကို အသုံးပြုနိုင်သည်။


    မြန်မာ ဘာသာဖြင့် ရေးထားသော အညွှန်း တွင်ပါရှိသည့် လမ်းညွှန်ချက်များ အတိုင်း ဂရုတစိုက် လိုက်နာဖို့ လိုအပ်ပါသည်။ ဆေးဖျန်းလျှင် အကာအကွယ် ပေးနိုင်သည့် အဝတ်အစားများကို ဝတ်ဆင်ရမည်။ ဆေးဖျန်းသည့် အခါ ဆေးထုပ်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးထားသော ဆေးနှုန်းထား၊ ဖျန်းရမည့်အချိန်၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် တို့ကို လိုက်နာရန် လိုအပ်ပါသည်။


  • article
likes2comments0
views397views1592