cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲတွင် ကျရောက်သော ပင်ညှိုးရောဂါ

. ရောဂါ
ဖရဲပင်တွေ ညှိုးနေပြန်ပြီလား၊ ရောဂါသိဖို့ အဖြေရှာစို့
  • ဖရဲတွင် ကျရောက်သော ပင်ညှိုးရောဂါ


    ရောဂါပင်ပြ လက္ခဏာ


    မှိုကြောင့် ဖြစ်သော ရောဂါ ဖြစ်ပြီး ရောဂါကျရောက်သည့် အခါ အပင်သည် အစိမ်းဖျော့ရောင် ဖြစ်ပြီး အရွက်နှင့် အညွှန့်များ အောက်သို့ ငိုက်ကျလာသည်။ တချို့ညှိုးကျနေသာ အပင်များသည် ညနေဘက်တွင် ပြန်လန်းလာသော်လည်း အများစုသည် ပြန်လန်း မလာတော့ပါ။ ညှိုးပြိးနောက် အရွက်များသည် အဝါရောင် ပြောင်းလာပြီး နောက်ပိုင်းတွင် နီညိုရောင် ဆဲလ်သေကွက် များအဖြစ်ပြောင်းသွားသည်။


    အပင်များသည် ပင်ခြေနှင့် ပင်စည်များပုပ်ခြင်း၊ အပင်ပုခြင်း နှင့် အပင်ညှိုးခြင်းသည် ကပ်လျှက် ရှိသော အပင်များထိ အပင်များထိ ပျံ့နှံ့သွားပြီး နောက်ပိုင်းတွင် တစ်ခင်းလုံး နီညိုရောင် ပြောင်းသွားသည်။ ပင်ညှိုးရောဂါ ကူးစက်ခံရသည့် တချို့သော အပင်များသည် ယာယီညှိုးပြီး နောက်ပိုင်းတွင် ပြန်လန်း လာတက်သော်လည်း တချို့ သောအပင်များသည် ပြန်လန်းလာခြင်း မရှိဘဲ ညှိုး၍ သေသွားသည်။


    ဖရဲတွင် ကျရောက်သော ပင်ညှိုးရောဂါ ကို ကာကွယ် နှိမ်နင်းခြင်း နည်းလမ်းများ


    ဖရဲခင်းမှာ ဖြစ်တတ်တဲ့ ပင်ညှိုးရောဂါအတွက် ဘက်စုံကာကွယ်နှိမ်နင်းနည်း ၅သွယ်

    စိုက်နည်းပျိုးနည်းဖြင့်ကြိုတင်ကာကွယ်နှိမ်နင်းခြင်း :


    ရောဂါကင်းသော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ပင်ညှိုးရောဂါကျနေသော စိုက်ခင်းမှ ရေကို အခြား အခင်းသို့ မပျံ့နှံ့စေရန် ရေသွင်းရေထုတ် ကိုဂရုစိုက်ရမည်။ ရိတ်သိမ်းပြီးနောက် ရောဂါကျနေသော ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးရမည်။


    ဘက်စုံရောဂါ ကာကွယ်နှိမ်နင်းခြင်း 


    ဦးကြီးတို့ စိုက်ခင်းတွင် ကျရောက်နေသော ဖရဲပင်ညှိုးရောဂါကိုကာကွယ်ရန်


    - ကိုင်းဖြတ် မျိုးပွားထားသော ဖရဲပင်ညှိုး ရောဂါဒဏ်ကို ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ် စိုက်ပျိုးပါ။

    ပဲ၊ အာလူး၊ ပြောင်းကဲ့သို့သော မျိုးရင်းဝင် မတူသော သီးနှံပင်များနှင့် (၇-၁၀)နှစ်ခန့် သီးလှည့် စိုက်ပျိုးပေးပါ။

    - မြေကြီးထဲတွင် လိုအပ်သော အာဟာရဓါတ် ကယ်ဆီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်၊ ချို့တဲ့ခြင်းသည် ဖရဲပင်ညှိုးရောဂါ ကျရောက်မှုကို အားပေးသည်။

    - မြေဆီလွှာကို ထယ်ထိုး ထွန်မွှေပြီးနောက် (၈)ပတ်ခန့် ကြာအောင် နေလှန်းခြင်းဖြင့် မြေကြီးထဲတွင် ရှိသော ဖရဲပင်ညှိုး ရောဂါကို ဖြစ်စေသည့် ဖျူစေရီယမ် မှိုစပိုးများ (Fusarium spores ) ကို သတ်နိုင်သည်။

    - သစ်စိမ်း မြေဩဇာ ကဲ့သို့သော အပင်များကို စိုက်ခြင်းဖြင့်လည်း ရောဂါ ကျရောက်မှုကို သက်သာစေသည်။

    - ထရိုက်ဂို ဒါးမားမှိုကို မြေပြင်စဉ်တွင် တစ်ဧကလျှင် ထရိုက်ဂိုး (Trigold) ၅ဝဝ ဂရမ် ပုလင်း တစ်ပုလင်းနှုန်းဖြင့် သုံးပြီး ကာကွယ်နိုင်သည်။


    ဓါတုဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း


    - ဖရဲ ပင်ညှိုးရောဂါကို ကာကွယ် နှိမ်နှင်းရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထောက်ခံထားပြီး မြန်မာဘာသာ အညွှန်းပါသည့် မှိုသတ်ဆေးများကို ဝယ်ယူအသုံးပြုပါ။


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ကော့ပါး ဟိုက်ဒရော့ဆိုဒ် (၇၇%) (Copper hydroxide 77% WP)စားပွဲတင်ဇွန်း (၇-၁၀) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် (၁၄) ရက်တို့ကို ဖရဲပင်ညှိုးရောဂါကို ကာကွယ်ရန် အသုံးပြုနိုင်သည်။ 


    - ဆေးထုပ်တွင် မြန်မာဘာသာဖြင့် ရေးထားသော အညွှန်းကို သေချာ ဖတ်၍ ဆေးနှုန်းထား၊ ဆေးဖျန်းသင့်သည့် အချိန်၊ အများဆုံး ဆေးဖျန်းသင့်သည့် အကြိမ် အရေအတွက်၊ သီးနှံပင် မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် နှင့် ဆေးဖျန်းသည့် အခါ အဝတ်အစား များကိုလည်း လုံခြုံအောင် ဝတ်ဆင်ရန် စသည်ဖြင့် ညွှန်ကြားထားသည်များကို သေချာ လိုက်နာရန် လိုအပ်ပါသည်။


  • article
likes2comments0
views437views1537