cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲတွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ

. ရောဂါ
ရေစိုနာကွက်တွေ ဖရဲရွက်တွေမှာ ဘာလို့တွေ့ရလဲ
  • ရောဂါပင်ပြလက္ခဏာ


    ထိုရောဂါသည် ဖရဲရွက်တွင်သာ ကျရောက်သည်။ ရေစိုနာကွက်များကို အရွက် အပေါ် မျက်နှာပြင် ပေါ်တွင် အဝါမှ အညိုရောင်ရှိသော အကွက်များကို တွေ့ရသည်။ အဝါရောင် အကွက်များ တဖြည်းဖြည်း အညိုရောင် သို့ပြောင်းသွားသည်။ နောက်ဆုံးတွင် ရောဂါရ အရွက်များ တွန့်လိမ် ခြောက်သွေ့ပြီး သေသွားသည်။


    ရောဂါကျရောက်ရန် ရာသီဥတု အခြေအနေပေးပါက အလျှင်အမြန် ပျံ့နှံ့နိုင်ပြီး တစ်ကွင်းလုံး အကွက်လိုက် မီးလောင်ထားသလို ဖြစ်နေသည်။ စွတ်စိုသော ရာသီဥတုနှင့် တွေ့ကြုံပါက မှိုမျှင်များသည် မီးခိုးရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားသည်။


    ဖရဲမှာဖြစ်တဲ့ ဒေါင်းနီးရွက်ခြောက်ရောဂါအတွက် ဘက်စုံကာကွယ်နှိမ်နင်းနည်း ၅သွယ်

    ဖရဲ ဒေါင်းနီးရွက်ခြောက် ရောဂါကို ကာကွယ် နှိမ်နင်းခြင်း နည်းလမ်းများ


    စိုက်နည်းပျိုးနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း


    ဒေါင်းနီးရွက်ခြောက် ရောဂါသည် ရေမှ တစ်ဆင့် ကူးစက် ပျံ့နှံ့သောကြောင့် စိုက်ခင်းကို အပေါ်မှ ရေဖျန်းပေးခြင်းကို ရှောင်ရှားရမည်။ စောစော စိုက်ခြင်းဖြင့် ဒေါင်းနီးရွက်ခြောက် ရောဂါ အဆိုးရွားဆုံး အချိန်ကို ရှောင်ရှား နိုင်သောကြောင့် ရောဂါကျရောက်မှု လျော့နည်းစေသည်။


    ဘက်စုံရောဂါ ကာကွယ်နှိမ်နင်းခြင်း


    ဖရဲစိုက်ခင်းတွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက် ရောဂါကို ကာကွယ်ရန်


    - အကောင်းဆုံး နည်းလမ်းမှာ ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးနှင့် သက်တမ်းတိုမျိုးကို စိုက်ပျိုးပါ။ ဒေသ၏ ရေမြေရာသီဥတု နှင့် ကိုက်ညီပြီး ဒေသအတွင်း ရရှိနိုင်သော မျိုးကို ရွေးချယ် စိုက်ပျိုးပါ။ အချိန်တို အတွင်းမှာ တောင်သူများ အတွက် လိုအပ်သော မျိုးကို ရွေးချယ် စိုက်ခြင်းဖြင့် ဒေါင်းနီးရွက်ခြောက် ရောဂါကို ရှောင်ရှားနိုင်သည်။


    - ဖရဲစိုက်ခင်း အတွင်း လေဝင်လေထွက် ကောင်းစေရန် နှင့် အပင်ဦးရေ များမှုအား လျော့နည်းစေရန် အတွက် ကျန်းမာ သန်စွမ်းသည့် အပင်ကို ချန်၍ မသန်စွမ်းသည့် အပင်ကို ဖယ်ရှားပေးပါ။


    - ရေသွင်း ရေထုတ် စနစ်ကို စနစ်တကျ လုပ်ဆောင်ပေးပါ။


    - ရိတ်သိမ်းပြီးနောက် ပင်ကြွင်းပင်ကျန်များကို ရှင်းလင်း၍ မီးရှို့ ဖျက်ဆီးခြင်း၊ တိရစ္ဆာန် များကို ကျွေးခြင်း၊ မြေကြီးနှင့် အတူ ထယ်ထိုးခြင်းများ ပြုလုပ်ပေးရမည်။


    - ပေါင်းမြက်များကို လည်းနှိမ်နင်းပေးရမည်။


    - ထရိုက်ဂို ဒါးမားမှိုကို မြေပြင်စဉ်တွင် တစ်ဧကလျှင် ထရိုက်ဂိုး (Trigold) ၅၀ဝ ဂရမ် ပုလင်း တစ်ပုလင်းနှုန်းဖြင့် သုံးပြီးကာကွယ်နိုင်သည်။


    ဓါတုဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း


    ဒေါင်းနီးရွက်ခြောက် ရောဂါကို ကာကွယ်နှိမ်နှင်းရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထောက်ခံထားပြီး မြန်မာဘာသာအညွှန်းပါသည့် မှိုသတ်ဆေးများကို ဝယ်ယူအသုံးပြုပါ။


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် မန်ကိုဇတ် (၈၀%) Mancozeb 80% WP၊ စားပွဲတင်ဇွန်း (၇-၈) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၁၄) ရက်


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် မီတက်လဇီ (၂၅%) (Metalaxyl 25% WP) စားပွဲတင်ဇွန်း (၆-၈) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် (၁၄)ရက်


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဒိုင်မီသိုမော့ (၅၀ဝ) Dimethomorph 500 WP စားပွဲတင်ဇွန်း (၃-၄) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၁၄) ရက်


    - ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး ဖော့စတိုင်း အလူမီနီယမ် (၈၀ %) (Fosetyl-Aluminium 80% WG)၊ စားပွဲတင်ဇွန်း (၅-၇) ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅)ပုံး၊ သီးနှံ မရိတ်သိမ်းခင် စောင့်ဆိုင်း ရမည့်ရက် (၂၁) ရက် တို့ကို ဒေါင်းနီးရွက်ခြောက် ရောဂါကို ကာကွယ်ရန် အသုံးပြုနိုင်သည်။


    ဆေးထုပ်တွင် မြန်မာဘာသာဖြင့် ရေးထားသောအညွှန်းကို သေချာ ဖတ်၍ ဆေးနှုန်းထား၊ ဆေးဖျန်းသင့်သည့် အချိန်၊ အများဆုံးဆေးဖျန်းသင့်သည့် အကြိမ် အရေအတွက်၊ သီးနှံပင် မရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်ရက် နှင့် ဆေးဖျန်းသည့် အခါ အဝတ် အစားများကိုလည်း လုံခြုံအောင်ဝတ်ဆင်ရန် စသည်ဖြင့် ညွှန်ကြား ထားသည်များကို သေချာလိုက်နာ ရန် လိုအပ်ပါသည်။


  • article
  • article
likes4comments0
views457views1652