cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲသီး ခူးဆွတ်ချိန်တန်ပြီဆိုရင် တွေ့ရတဲ့အချက် ၅ ချက်

. ရိတ်သိမ်းခြင်း
ခူးဆွတ်ရန် သင့်တော်သော ဖရဲသီး
  • ဖရဲသီး ခူးဆွတ်သည့် အခါ အမှည့်လွန်ခြင်း အဖြစ်စေရန် ဖရဲပင်များ မညှိုးကျခင် ခူးဆွတ်ရမည်။ ဖရဲသီး အမှည့်လွန်လျှင် အတွင်းသား အရောင် ပြောင်းသွားပြီး၊ အရသာသည် ချဉ်သွားသည်။ ဖရဲသီးကို မခူးဆွတ်ခင် ကောင်းစွာမှည့်၊ မမှည့် သိနိုင်သည့် အချက်များမှာ-


    - အသီးနှင့် အနီးဆုံး ကပ်လျှက်တွင် ရှိသော ပင်စည်သည် ညှိုးပြီး အစိမ်းရောင်မှ အညိုရောင် ပြောင်းသွားလျှင် ခူးဆွတ်နိုင်သည်။


    - မြေကြီးနှင့် ကပ်လျှက်ရှိ ဖရဲသီးအောက်ခြေသည် အဖြူရောင်မှ အဝါရောင် ပြောင်းပါက ဖရဲသီးခူးဆွတ်ရန် အကောင်းဆုံး ဖြစ်သည်။


    - ဖရဲသီးကို လက်ဖြင့်ပုတ်ကြည့်လျှင် မာကျစ်ကျစ်အသံ (အသံပိတ်) ဖြစ်နေလျှင် မရင့်မှည့်သေးပါ။ အခေါင်းပွသံ (ဝမ်းခေါင်းသံ) ပေါက်လျှင် ရင့်မှည့်ပြီဟု ခန့်မှန်းနိုင်သည်။


    - ဖရဲသီး တွင်ပါသော အစိမ်းရောင် အကြောင်းများ စိပ်မနေဘဲ ကျဲနေပါက ရင့်မှည်ပြီဟု သိနိုင်သည်။


  • article
likes7comments0
views479views1844