cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲသီး ခူးဆွတ် ရိတ်သိမ်း ပြီးနောက် ဆက်လက် လုပ်ဆောင်ရမည့် အချက်များ

. ရိတ်သိမ်းခြင်း
ဖရဲကို မအက်ကွဲအောင် သိုလှောင်ထိန်းသိမ်းနည်း၊ခူးဆွတ်ပြီးနောက် သယ်ယူပို့ဆောင်ခြင်း၊ စနစ်တကျ နေရာချထားခြင်း
  • ဖရဲသီး ရိတ်သိမ်းသည့် အခါ ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်းအားဖြင့် ဖရဲသီးများကို ထိခိုက် ဒဏ်ရာရပြီး အရည်အသွေး ညံံ့သောကြောင့် ဈေးကောင်းမရနိုင်ပါ။ ဖရဲသီးကို အတင်အချ ပြုလုပ်သည့်အခါ အသီးတွင် ဒဏ်ရာမရစေရန် ဂရုစိုက်ရမည်။ နေရောင်ခြည် တိုက်ရိုက်မထိစေဘဲ အရိပ်ထဲတွင် ထားရန် အရေးကြီးသည်။ ဖရဲသီးကို အဆင့်ခွဲခြင်း၊ ထုပ်ပိုးခြင်းနှင့် ဈေးကွက်သို့ တင်ပို့ ရောင်းချခြင်းကို ချက်ချင်း လုပ်ဆောင် ပေးရမည်။ 


    အရည်အသွေး ကောင်းမွန်သည့် ဖရဲသီး ရရှိရန် အတွက် အပူချိန်ကို ထိန်းညှိပေရန် လိုအပ်ပါသည်။ ဖရဲသီး တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သည့် အခါ အတင်အချ ပြုလုပ်သည့် အချိန်တွင် အပူချိန် (၅၅°F - ၇၀°F) ဒီဂရီ ဖာရင်ဟိုက် ရှိရန် နှင့် လေဝင်လေထွက် ကောင်းစေရန် လိုအပ်ပါသည်။ ဖရဲသီး သိုလှောင်သည့်အခါ အပူချိန် (၅၀°F) ဒီဂရီ ဖာရင်ဟိုက် အောက်ရောက်ပါက အအေးဒဏ်ကို မခံနိုင်သောကြောင့် အတွင်းသားများ အနီရောင် မဟုတ်တော့ဘဲ ဖရဲသီး ကွဲအက်လာကာ မှိုရောဂါများ အလွယ်တကူ ဝင်နိုင်သည်။ 


     ဖရဲသီး ခူးဆွတ်ချိန်နှင့် ခူးဆွတ်ပြီး နောက်ပိုင်း အဖြစ်မနေ လုပ်ဆောင်ရမည့် အချက်များမှာ


    - ဈေးကွက်ဝင် ဖရဲသီးကို တင်ပို့နိုင်ရန် အတွက် ကောင်းစွာ ရင့်မှည့်နေသည့် ဖရဲသီးများကို အချိန်ကိုက် ခူးဆွတ်ပါ။


    - ဖရဲသီး ခူးဆွတ် ရိတ်သိမ်းနေချိန်၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေသည့် အချိန်၊ ထုပ်ပိုးနေချိန်တွင် ထိခိုက်မှုမရှိစေရန် ဂရုစိုက်ရမည်။


    - ဖရဲသီး သိုလှောင်ရန် အတွက် အသင့်တော်ဆုံး အပူချိန်မှာ (၆၀ °F- ၇၀°F) ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။


  • article
likes4comments0
views359views2037