cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေကြည်နှုံးတိုင်းတာခြင်းဖြင့် ရေဩဇာ ကောင်း ၊မကောင်း စစ်ဆေးနိုင်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ရေဩဇာပြန်လည်ရရှိစေရန် ကန်အတွင်းမြေဩဇာထည့်သွင်းရမည့်နှုံးမှာ တဧကကန် ရေအနက် (၅)ပေရှိပါက NPK မြေဩဇာ၃ပိဿာ ၆ကျပ်သား (သို့မဟုတ်) ယူရီးယား ၂ပိဿာ၄၀ကျပ်သားမှ ၃ပိဿာ အထိထည့်ပေးရပါမည်။ရေထုထည်နှင့်ထည့်လိုပါက ၃၅၃၁၅ ကုဗပေတွင် ယူရီးယား ၆၀ကျပ်သားမှ ၁ပိ ဿာ၂၀ကျပ်သားအထိထည့်သွင်းနိုင်ပါသည်။

  • ငါးမွေးတောင်သူများသည် မိရိုးဖလာ လုပ်ငန်းစဉ်အရ ကန်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးသည် နှင့် ကန်အတွင်းရေထည့်သွင်းပြီး ရေဩဇာရရှိစေရန် ပုလဲ တီစူပါ နှင့်ပိုတက် မြေဩဇာများထည့်သွင်းကြပါ သည်။ အချို့သောတောင်သူများသည် ကျွဲ နွား ကြက် ချေးများကို ထည့်သွင်းကြပါသည်။ ကြက်ခြံနှင့်ငါးတွဲ ဖက်မွေးမြူသူများသည် ငါးမထည့်မှီ ကြက်ကို ကြိုတင်မွေးမြူထားခြင်းများဆောင်ရွက်ကြပါသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းသည် ရေဩဇာ ရရှိစေရန်ဟု အဆိုရှိကြပါသည်။ ရေဩဇာ ရရှိခြင်းသည် ကန်ရေ အတွင်း အပင်မျှောလှေးနှင့် အကောင်မျှောလှေးများပေါက်ဖွားစေခြင်းဖြစ်ပါသည်။ အဆိုပါ အကောင်မျှော လှေးနှင့်အပင်မျှောလှေးများသည် ရေသတ္တဝါများကို အဓိက သက်ရှိအစာဖြစ်ကြပါသည်။ ရေဩဇာကောင်း စွာရရှိနေသော ကန်သည် ငါးများပုံမှန်ကြီးထွားနှုံးကောင်းစေပြီး အစာကျွေးခြင်းကိုလည်းလျှော့ချနိုင်ပါ သည်။ 


    ကန်အတွင်းပြုပြင်ဖန်တီးထားသော ရေဩဇာသည် ကန်ရေအပူချိန် ၊ နေရောင်ခြည်ရရှိမှု့ နှင့် မိုး ရွာသောအခြေအနေပေါ် မူတည်ပြီး ရေဩဇာတက်ခြင်း ၊ ရေဩဇာကျခြင်းများရှိလာတတ်ပါသည်။တနည်း အားဖြင့် ကန်ရေထဲတွင် အပင်မျှောလှေးနှင့် အကောင်မျှောလှေးများ လုံလောက်ခြင်း ၊နည်းနေခြင်း ၊များနေ ခြင်းများသည် ကန်၏ရေအရောင် နှင့်ပြသသလို၊ ကန်ရေ၏ ရေကြည်နှုံးဖြင့်လည်း ပြသပါကြောင်းတင်ပြ အပ်ပါသည်။ ကန်ရေ၏အစိမ်းရောင် အနု ၊အရင့် အလိုက် ရေကြည်နှုံးလည်း အနည်းအများကိုဖြစ်စေပါ သည်။ ကန်အတွင်းရှိအပင်မျှောလှေး နှင့် အကောင်မျှောလှေး များ လုံးလောက်စွာရှိ ၊ မရှိကို ကန်ရေ၏ ရေကြည်နှုံးကို ကြည့်ပြီးဆုံးဖြတ်နိုင်ပါသည်။ 


    ကန်ရေ၏အရောင်သည် အစိမ်းရင့်ရောင်ဖြစ်နေပြီး ရေကြည်နှုံးသည်လည်း ၁၀လက်မအောက်ရှိနေ ပါက ရေဩဇာပေါကြွယ်ဝစွာရှိနေပြီး ကန်အတွင်းမြေဩဇာထည့်သွင်းခြင်း မလိုအပ်ပါကြောင်းနှင့် ညပိုင်းတွင် ကန်အတွင်းအောက်စီဂျင် ပြတ်တောက်ခြင်းရှိ မရှိကိုသာ စောင့်ကြည်ံသင်ပါသည်။ 


    ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ဖြစ်နေပြီး၊ ရေကြည်နှုံးသည်လည်း ၁၀လက်မမှ ၁၆လက်မ အတွင်းရှိနေပါက ရေဩဇာကြွယ်ဝမှု့ လုံလောက်စွာရှိနေပြီး ငါးများအတွက် သဘာဝအစာလုံလောက်စွာရှိ နေပါသည်။ ငါးများသွာလာ နေထိုင်ခြင်းကိုသာ ကြည့်ရှု့လေ့လာပါ။ 


    ကန်ရေ၏အရောင်သည် အစိမ်းရောင်ဖျော့နေပြီး၊ ရေကြည်နှုံးသည်းသည် ၁၆လက်မ မှ ၂၄လက်မ အတွင်းရှိနေပါက ရေဩဇာကျဆင်းလာနေကြောင်းကို ပြသပြီး ငါးများအတွက် သဘာဝအစာနည်းလာ ကြောင်းကို ပြသပါသည်။ထို့ကြောင့် ရေဩဇာပြန်လည်တက်လာစေရန် မြေဩဇာထည့်သွင်းဘို့ လိုအပ်လာ ပါသည်။ 


    ရေ၏အရောင်သည် အစိမ်းရောင်ပြောက်ပြီး၊ ရေကြည်နှုံးလည်း (၂၄)လက်မထက်ကျော်လာပါက ကန်အတွင် ရေဩဇာ မရှိခြင်းနှင့် သဘာဝအစာမရှိခြင်းကိုပြသနေသဖြင့် မြေဩဇာထည့်သွင်းခြင်းသည် ပုံ မှန်ထည့်သွင်းခြင်းထက် ပိုမိုထည့်သွင်းရန်လိုအပ်ပါကြောင်းတင်ပြအပ်ပါသည်။ 


    ရေဩဇာပြန်လည်ရရှိစေရန် ကန်အတွင်းမြေဩဇာထည့်သွင်းရမည့်နှုံးမှာ တဧကကန် ရေအနက် (၅)ပေရှိပါက NPK မြေဩဇာ၃ပိဿာ ၆ကျပ်သား (သို့မဟုတ်) ယူရီးယား ၂ပိဿာ၄၀ကျပ်သားမှ ၃ပိဿာ အထိထည့်ပေးရပါမည်။ရေထုထည်နှင့်ထည့်လိုပါက ၃၅၃၁၅ ကုဗပေတွင် ယူရီးယား ၆၀ကျပ်သားမှ ၁ပိ ဿာ၂၀ကျပ်သားအထိထည့်သွင်းနိုင်ပါသည်။ 

    ဦးဆန်းအောင်(ထွက်တိုး)

    ========

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
  • article
  • article
likes8comments0
views141views3215