cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

🐬ငါးအစာကျွေးရာတွင် သိသင့်သော အချက်များ🐬

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
မိမိထည့်သွင်းမွေးမြူထားသော ငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့် နည်းစနစ်ပေါ်မူတည်ပြီး ငါးအစာကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါသည်။

  • ✅မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ ၄ နေရာ (သို့) ၆ နေရာ၌ အညီအမျှ ကြဲပတ်၍ အစာကျွေးခြင်း၊ 


    ✅ကန်ဘောင်မှ ၆ ပေ (သို့) ၁၀ ပေခန့်ရှည်သော လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကို ကြဲပတ်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း၊ 


    ✅ကန်ထဲလှေစီးပြီး ကန်၏ တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း၊ 


    ✅ကြီးသော ကန်အမျိုးအစားများအတွက် ကြိုး ၂ ချောင်း (သို့) ၃ ချောင်းအား ကန်၏ အရှည်၊ အကျယ်အတိုင်း တားစေပြီး ၎င်းကြိုးလေးများ အရှည်အတိုင်း လှေဖြင့် ဖြစ်စေ၊ ဝါးဖောင်ဖြင့်ဖြစ်စေ အစာကျွေးနိုင်ပါသည်။ 


    အစာကျွေးချိန်နှင့် အကြိမ်ရေ 


    ✅ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့ သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။ 


    ✅ငါးကန်ရေ၏ ပျော်ဝင်အောက်ဆီဂျင် လျော့ကျတတ်သည့် မိုးအုံ့သော ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက် လျော့ချကျွေးသင့်သည်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင် ပမာဏ သည် ၅-၇ မီလီဂရမ်/၁လီတာ ဖြစ်သည်။) 


    ✅ငါးကန်ရေ၏ အပူချိန် အတက်အကျသည်လည်း အစာစားနှုန်းကို လျော့ကျစေသည်။ ( အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅°C - ၃၂°C ) အကယ်၍ ရေ၏ အပူချိန်သည် ၂၀°C- ၂၄°C ၊ ၁၆°C -၁၉°C နှင့် ၃၃°C -၃၈°C အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀%၊ ၆၀% အထိလျော့ပြီး ကျွေးသင့်သည်။ 


    ✅မနက်ပိုင်း နေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏ ၆၀- ၆၅ % (တစ်နေ့လုံးကျွေးရမည့် အစာ၏ တစ်ဝက်ကျော်) ကို ကျွေး၍ ညနေနေမဝင်မီ နှစ်နာရီခန့် အလိုတွင် ကျန် ၃၅-၄၀ % ကို ကျွေးသင့်သည်။ 


    ✅ငါးကန်ရေ၏ အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့် နေ့များတွင် အပြောင်းအလဲ မြန်သဖြင့် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိသည်။ 


    Source: Worldfish 

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


     


  • article
likes11comments0
views68views3435