cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ကိုက်လံစိုက်ပျိုးနည်း”

. စိုက်ပျိုးနည်းစနစ်များ
မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်း မှာစိုက်တဲ့ ကိုက်လန်ပင်ထက် စျေးပိုရလေ့ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်းမှာ စိုက်ပျိုးလို့မရတဲ့အချက်ဟာ စျေးပိုရစေတာဖြစ်ပါတယ်။

  • ကိုက်လန်ပင်မှာ အာဟာရဓာတ်ပေါင်းစုံပါဝင်ပြီး အဲဒီထဲကမှ ဗိုက်တာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုး ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စျေးကွက်ထဲမှာတော့ ကိုက်လန်ကို အရွက်စားကိုက်လန်၊ အဖူးစားကိုက်လန်စသဖြင့် ရောင်းချကြပါတယ်။ ကိုက်လန်ပင်ဟာ အအေးကြိုက်တဲ့ သီးနှံပင်တစ်မျိုးဖြစ်ပြီး အပင်အမြင့် တစ်ပေကနေ တစ်ပေခွဲ လောက်အထိရှိပြီး အကိုင်းအခက်တွေဟာ (၃)ပေလောက်အထိ ပြန့်ကားပါတယ်။ အပင်သက်တမ်းကတော့ (၂)နှစ်လောက် အထိခံပေမယ့် နှစ်ချင်းစားသုံးလို့ရပါတယ်။ ကိုက်လန်ကိုတော့ အရွက်တွန့်လိမ်နေတဲ့ ပုံစံတွေအပြင် ချောမောညီညာတဲ့ အရွက်ပုံစံကိုတွေ့ရမှာဖြစ်သလို. ခရမ်းရောင်ရှိတဲ့ အရွက်မျိုးကိုလည်း တွေ့နိုင်ပါတယ်။ ကိုက်လန်ပင်ရဲ့ အနံ့အရောင် တွေဟာ ရာသီဥတုအေးမြလေ ကောင်းလေဖြစ်ပါတယ်။ ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ နှောင်းပိုင်းနဲ့ မိုးရာသီနှောင်းပိုင်းတွေမှာ စိုက်ပျိုးကြတာများပါတယ်။ ပြင်ဦးလွင်ဒေသမှာစိုက်ပျိုးတဲ့ ကိုက်လန်တွေထဲမှာ မိုးမျိုးဟာအရွက်ရှည်ပြီး ဆောင်းမျိုးဟာ အရွက်ဝိုင်းပါတယ်။ ဆောင်းမျိုးက အပင်နိမ့်လို့ရပြီး မိုးမျိုးဟာ အပင်မြင့်မှ ရတာဖြစ်ပါတယ်။ အပင်နိမ့်ရင် အရွက်တွေဟာရေနဲ့ထိပြီး ပုပ်သွားတတ်ပါတယ်။ မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်း မှာစိုက်တဲ့ ကိုက်လန်ပင်ထက် စျေးပိုရလေ့ရှိပါတယ်။ မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်းမှာ စိုက်ပျိုးလို့မရတဲ့အချက်ဟာ စျေးပိုရစေတာဖြစ်ပါတယ်။ 

    ကိုက်လန် စပြီးစိုက်ပျိုး တော့မယ်ဆိုရင် ပျိုးခင်းလုပ်ဖို့အတွက် ဦးဆုံးပြင်ရမှာဖြစ်ပါတယ်။ ပျိုးခင်းကို (၁-၂)လက်မလောက် မြေဆွေးဖုံးပြီး မျိုးစေ့တွေကို လက်မဝက်အနက်နဲ့ တစ်စေ့နဲ့တစ်စေ့ကို တစ်လက်မခြား စိုက်ပျိုးရပါ တယ်။ ပျိုးပင်ပေါက်တွေကို တစ်ပင်နဲ့ တစ်ပင် (၆)လက်မခြားပြီး၊ စိုက်တန်း တစ်ခုနဲ့တစ်ခုကြား (၂ - ၃)ပေ ခွာထားရပါ တယ်။ ပျိုးပင်တွေအမြစ်စွဲတဲ့အခါ (၁၅-၂၀)ရက်အကြာ အတန်းတွင်းမှာ တစ်ပင်နဲ့တစ်ပင် (၆)လက်မမခြားပဲ တစ်ပေကွာ အောင် မလိုအပ်တဲ့အပင်တွေကို နုတ်ပစ် ရမှာဖြစ်ပါတယ်။ အပင်တွေ (၄)လက်မအမြင့်ရှိလာတဲ့အခါ နိုက်ထရိုဂျင်များတဲ့ ဓာတ်မြေသြဇာအရည် ပက်ဖျန်းပေးရပါတယ်။ မြေကြီးကို ကောက်ရိုး၊သစ်ဆွေး စတာတွေနဲ့ ဖုံးအုပ်ပေးခြင်းအားဖြင့် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့အပြင် ပေါင်းမြက်တွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် မြေကြီးကိုလည်း အေးမြ စေပါတယ်။ 

    အရွက်နုတွေကို စိုက်ပြီး(၁)လလောက်ကြာတဲ့အခါ စတင်ခူးဆွတ်လို့ရနိုင်ပြီဖြစ်ပါတယ်။ အရွက်ရင့်ကို စားချင်ရင် တော့ (၁)လခွဲ (၂)လလောက်ထိ ထားပေးရမှာဖြစ်ပါတယ်။ ရာသီဥတုအေးပြီးတော့ အရွက်ရင့်လာလေလေ အချိုဓာတ်များ လာလေလေဖြစ်ပါတယ်။ ကိုက်လန်ပင်ဟာ တစ်ပင်စိုက်ထားမယ်ဆိုရင် (၄ - ၅)ခါလောက် အရွက်ကို ခူးယူနိုင်ပါတယ်။ ရေရှည်ထားချင်ရင်တော့ အပင်ရဲ့အရွက်ရင့် တွေကိုပဲခူးယူပြီး အလယ်မှာရှိတဲ့အရွက်နုတွေကို ချန်ထားရပါတယ်။ ဒါကြောင့် ကိုက်လန်ပင်ဟာ ရာသီပေါ်သီးနှံပင်ဆိုပေမယ့်လည်း စိုက်ပျိုးတောင်သူတွေအတွက် တွက်ချေကိုက်တဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုက်လန်ပင်ကို အကြမ်းအားဖြင့် စစိုက်တဲ့အချိန်ကနေ (၂)လခွဲလောက်ဆိုရင် ရောင်းတန်းဝင်တဲ့ အရွက်တွေ ရနိုင်မှာ ဖြစ်ပါတယ်။ အရွက်ခူးနိုင်တဲ့ ကာလကတော့ မိမိရဲ့ပြုစုမှုပေါ်မူတည်ပြီး (၃)လလောက်ထိရှိပါတယ်။ ဒါကြောင့် ကိုက်လန်သက်တမ်းဟာ (၅)လခွဲလောက်အထိရှိနိုင်ပါတယ်။ ကိုက်လန်ပင်ကို မျိုးအဖြစ်ထားဖို့ ရည်ရွယ်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အပင်ကိုမှတ်သားထားပါ။ အပင်ရင့်အောင်ထားပြီး ရလာတဲ့မျိုးစေ့ကို ရယူပြီးရင် နေ(၂)ရက်လောက် လှမ်းထားပေးပါ။ ပြီးရင်အအေးခံပြီး လေလုံအောင် ပုလင်းထဲမှာ ထည့်ထားရပါတယ်။ 

    Source - စိုက်ပျိုးရေးဦးစီးဌာန 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 


  • article
likes7comments0
views185views2493