cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စျေးကွက်သုံးသပ်ချက်

. ဈေးကွက်
အိန္ဒိယ၏ဝယ်လိုအား၊ ငွေလဲနှုန်းမူဝါဒအပြောင်းအလဲနှင့် လှုပ်ရှားနေသောပဲဈေးကွက်
ရာသီဥတု ဖောက် ပြန် ပြီး ပဲအထွက် လျော့ သော အိန္ဒိယ နိုင်ငံ၏ ဝယ်လိုအားကောင်းခြင်း၊ နိုင်ငံခြားငွေမူ ဝါဒ အ ပြောင်း အလဲကြောင့် လုပ်သာကိုင်သာရှိလာခြင်းတို့ကြောင့် ပြည်ပပဲတင်ပိုမှု အလေားအ လာကောင်း များ ၏ အကျိုးဆက်ကို ပြည်တွင်းဈေးကွက်မှာ သက်ရောက်မှုတွေရှိလာ ပါတယ်။ဈေးနှုန်း များလှုပ်ရှားလာပြီး မြင့်တက် မှုတွေရှိလာပါတယ်။

  • မတ်ပဲ


    ဗဟိုဘဏ်က ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ လုပ်ပေးမှုနဲ့အတူ ဒီဇင်ဘာလဆန်း ကတည်း ဈေး တွေပြန်တက်လာပြီး အမြင့် ဈေးတန်းမှာပဲ ရှိနေ ပါတယ်။ အိန္ဒိယဘက်က မတ်ပဲ တန်ချိန် တစ်သန်း မြန်မာ ကနေဝယ်ယူဖို့ရှိတယ်ဆိုတဲ့ သတင်းကြောင့်လည်း မြန်မာမတ်ပဲဈေးကွက်က မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။


    ဒါကြောင့်အခု မတ်ပဲအသစ် တွေ မန္တလေးဈေးကွက်ထဲကို စတင်ဝင်ရောက်နေပေမယ့် လည်း ဈေးတန်းက အများကြီးကျဆင်းလာတာမရှိသလို တနိုင်ငံလုံးအတိုင်းအတာ မတ်ပဲအသစ်ပေါ် ချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ မှာလည်း မတ်ပဲဈေးက အများကြီးကျဆင်းနိုင်တဲ့အခြေအနေ မရှိဘူးလို့ ကုန်သည်တွေ ကသုံးသပ်ပါ တယ်။


    ခုတပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ၂၉၈၂၅၀၀ ကျပ်အထိအမြင့်ဆုံး ဈေးပေါက်ခဲ့လို့ အရင်တပတ်ကထက် ၄၀၅၀၀ ကျပ်တက်လာတာတွေ့ရပါတယ်။ မန္တလေးဈေးကွက်မှာ တော့ အရင်တပတ် ကဈေးအတိုင်း ပိဿာ ၆၀ တစ်အိတ်ကို အသစ်က ၂၁၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပြီး မတ်ပဲအဟောင်းက ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိနေပါတယ်။ နယ်ဈေးကွက်မှာ လည်း မတ်ပဲ ပိဿာ ၂၀ ကို ကျပ် ၉၆၀၀၀ ကျပ်အထိ ထပ်တက်လာ နေ ပါတယ်။


    ကုလားပဲ


    ကုလားပဲကတော့ခုတပတ်ရန်ကုန်ဈေးကွက်ရော မန္တလေးဈေးကွက်မှာပါ ဈေးထပ်တက်လာပါတယ်။ ရန် ကုန်ဈေးကွက် မှာ ကုလားပဲဖြူ လုံးက ၄၆၆၅ မှ ၄၇၅၀ မှ ၄၅၈၅ ကျပ် ၊ ကုလားပဲဖြူလုံးကြီးက ၄၇၅၀ မှ ၄၈၃၅ ကျပ်ဈေးပေါက်လာပြီး တစ်ပိဿာကို ၈၅ ကျပ်ကနေ ၁၀၀ ကျပ်ကျော်အထိ ထပ်တက်လာပါတယ်။

    ကုလားပဲ ခြမ်း က ၆၀၀၀ ကျပ်မှ ၆၁၅၀ ဈေးပေါက်ပြီး ခုတပတ်မှာ ၅၀ ကျပ်ထပ်တက် လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း ကုလားပဲ(V2)က ၅၆.၂၅ ပိဿာ ကို၂၇၀၀၀၀ မှ ၂၇၂၀၀၀ ကျပ်ဈေးရှိ ပြီး ကု လားပဲ V7ကလည်း ၂၇၈၀၀၀ ကျပ်ဈေး ရှိပြီး ၃၀၀၀ ဝန်းကျင် ထပ် တက်လာပါတယ်။

    ကုလားပဲ ၉၂၉ က ၂၆၅၀၀၀ကျပ်ဈေးရှိပြီး ၅၀၀၀ ကျပ်တက်လာသလို ကုလားပဲထိုင်ဝမ်ကလည်း ၂၆၂၀၀၀ကျပ်ဈေးရှိပြီး၂၀၀၀ကျပ်တက်လာပါတယ်။.


    ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိက ဖြစ်ပြီး ပြည်တွင်း ပဲခွဲစက်ပိုင်တွေရဲ့ဝယ်ယူမှုအပေါ်လိုက်ပြီး ဈေးအ တက်အကျ ရှိတာဖြစ်တဲ့အပြင် ပို့ကုန်ရငွေ ဖြေလျှော့မှုဂယက်ကြောင့် လည်း ဈေးတန်း ကပြန်တက် လာတာ တွေ့ရ ပါတယ်။


    ထို့အပြင် ကုလားပဲလက်ကျန်က နည်းတာကတကြောင်း စက်ပိုင်တွေ ဝယ်ယူမှုများလာတာ ကြောင့်လည်း ခုတပတ်မှာ ဈေးက အနည်းငယ်ထပ်တက်လာတာဖြစ် လို့သိရပါတယ်။


    ပဲတီစိမ်း


    ဈေးတန်းအတက်မရှိဘဲ အကျဈေးတန်းမှာ ငြိမ်လာတဲ့ ပဲတီစိမ်းကလည်း ပို့ကုန်ရငွေဖြေလျှော့မှုအပြီး ဈေးတန်း ပြန်တက်လာပြီး အရောင်းအဝယ်ကောင်းလာ တယ်လို့သိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ဈေးတန်းကအရင် တပတ်က အတက်ဈေးမှာပဲရှိနေပေမယ့် မန္တလေးဈေးကွက် မှာတော့ ပဲအသစ်ဈေးက တက်လာတာတွေ့ ရပါ တယ်။


    ယခုတပတ် ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ် ရှိပြီး ပဲတီ စိမ်း(ပဲခူးရွှေဝါ)ကလည်း ၃၅၈၀ ကျပ် နဲ့ အရင်တပတ်က အတိုင်းဈေးငြိမ် နေပေမယ့် ပဲတီစိမ်း(ဝါးခယ်မ) က တော့ တစ်ပိဿာကို ၂၇၅၀ ကျပ်မှ ၃၅၀၀ ကျပ်ဈေးရှိပါတယ်။


    မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို အသစ်က ၁၆၀၀၀၀ မှ ၁၇၀၀၀၀ ကျပ် ရှိပြီး ပဲအဟောင်းကတော့ ၁၃၀၀၀၀ မှ ၁၅၀၀၀၀ ကျပ်နဲ့ ရှိနေပါတယ်။


    ပဲတီစိမ်း အသစ်ဈေးကအရင် တပတ် ကထက် ၁၀၀၀၀ လောက်တက်လာပေမယ့် အဟောင်း ဈေးက တော့ငြိမ် နေပါတယ်။


    ပဲတီစိမ်းက တရုတ်ကို အဓိကတင်ပို့ရတာဖြစ်ပြီး လက်ရှိမှာ တရူတ်ဘက်က ပဲအသစ်တွေကို အဝယ်လိုက်လာ တာကြောင့် မန္တလေးဈေးကွက်မှာ ဈေးတက်ရိပ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။


    ပဲစဉ်းငုံနီ


    ပဲစဉ်းငုံနီက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာဈေး တက်ရိပ်ပြ လာပြီး မန္တလေးဈေးကွက်မှာလည်း ခုတပတ် မှာ ဈေးတန်းပြန် ဖွင့်လာတာကိုတွေ့ရ ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစဉ်းငုံနီ တစ်တန်ကို ၃၁၂၅၀၀၀ ဈေးပေါက်လာပြီး အရင်တပတ်ကထက် ၂၅၀၀၀ ကျပ်တက်လာတာ ဖြစ်ပါတယ်။


    မန္တဈေးကွက်မှာ ပဲစဉ်းငုံနီပိဿာ ၆၀ တစ်အိတ် ကို ၂၉၀၀၀၀ ကျပ်နဲ့ ဈေးပြန်ဖွင့်လာပါတယ်။ပဲစဉ်းငုံက နိုဝင်ဘာလ ဆန်းကစပြီး ဈေးတွေဆက်တိုက်ကျဆင်းလာပြီး အကျဈေးတန်းမှာ ငြိမ်နေရာကနေ ပို့ကုန်ရငွေဖြေလျှော့တာ၊ အိန္ဒိယက ဝယ်ယူဖို့ရှိတယ်ဆိုတဲ့သတင်းတွေကြောင့်အနည်းငယ် တက်ရိပ် ပြလာ တာဖြစ်ပါတယ်။


    အခုဒီဇင်ဘာလ နောက်ဆုံးပတ်လောက်မှာ ပဲစဉ်းငုံနီအသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာဖွယ်ရှိပြီး ကြိုပွိုင့် စနစ်နဲ့ ဝယ်ယူဖို့လုပ်နေသူတွေရှိတာကြောင့် ပဲအသစ်ပေါ်ပါကလည်း သိန်း ၃၀ အောက်ကို ကျနိုင်တဲ့အလား အလာ မရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။


    စားတော်ပဲ


    စားတော်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်မှာ ဈေးကျလာတာတွေ့ရပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ အရင်တပတ်ကအတိုင်း စားတော်ပဲလုံးတစ်ပိဿာကို ၆၃၃၀ ကျပ်မှ ၆၈၃၅ ကျပ်ဈေးပေါက်နေပါတယ်။


    မန္တလေး ကုန်စည်ဈေးကွက်မှာတော့ စားတော်ပဲ ကနေဒါက ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပြီး အရင်တပတ် ကထက် ၁၀၀၀၀ တက်လာပြီး စားတော်ပဲ ယူကရိန်းက ၂၇၀၀၀၀ ကျပ်ရှိပြီး အရင်တပတ်နဲ့ ယှဉ်ရင် ၁၀၀၀၀ ကျပ် တက်လာပါတယ်။ စားတော်ပဲ ကျွန်းကတော့ ၃၁၀၀၀၀၀ ကျပ်မှ ၃၃၀၀၀၀ဈေးတန်းမှာပဲငြိမ်နေပါတယ်။


    မြေပဲ


    နိုဝင်ဘာလမှာ ဆက်တိုက်ကျဆင်းခဲ့တဲ့ မြေပဲဈေးကွက်ကလည်း ဒေါ်လာအပြောင်းအလဲနဲ့ တရုတ်ဝယ်လိုအား ရှိလာတာကြောင့် ဒီဇင်ဘာလမှာ ဈေးတွေ ဆက်တိုက်ပြန်တက်လာပါတယ်။


    လက်ရှိမြေပဲဈေးကွက်က မြေပဲအနီလုံးဆံတစ်ပိဿာကို ၆၃၀၀ ကျပ်မှ ၆၅၀၀ ကျပ်ရှိပြီး မြေပဲအဖြူလုံးဆံ က လည်း တစ်ပိဿာကို ၆၃၀၀ ကျပ်မှ ၆၅၀၀ ကျပ် ရှိပြီး ဆီစက်တွေကဝယ်ယူ ကြိတ်ခွဲတဲ့မြေပဲဆံအခြမ်းအောက် ကျ ကတော့တစ်ပိဿာကို ၄၆၀၀ မှ ၄၈၀၀ ကျပ်ဈေးပေါက် လာပါတယ်။


    ဒါကြောင့်တစ်ပိဿာကို ၁၀၀၀ လောက်ပြန်တက်လာတာဖြစ်ပြီး လက်ရှိမှာ အရောင်းအဝယ် လည်းသွက်နေ တယ် လို့သိရပါတယ်။


    မြေပဲဆံအတောင့်ကတော့ အနီလုံးဆံ ၊အဖြူလုံးဆံ အတောင့် ၇ ပိဿာကို ၂၆၀၀၀ မှ ၃၀၀၀၀ ကျပ် ဈေးပေါက်လာပါတယ်။


    ယခုဖော်ပြပေးခဲ့တာက ဒီဇင်ဘာလ ၁၁ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိဖြစ်ခဲ့တဲ့ဈေးနူန်းနဲ့ အရင်တပတ် ဈေးကွက် နှိူင်းယှဉ်သုံးသပ်ချက်ဖြစ်ပါတယ်။

    #Htwettoe

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download



  • article
likes13comments0
views166views1759