cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)        

. ရာသီဥတု သတင်းများ
၄-၅ လကြာ မွေးမြူပြီးနောက် ငါး၏ ကိုယ်အလေးချိန် ၂၀၀-၄၀၀ ဂရမ်ဖြစ် လာသည်နှင့် စျေးဗန်းခင်းကျင်း (သို့) စျေးကွက်တင်ခြင်းတို့ကို အစပျိုး လုပ်ဆောင်ရမည်။
  • ပဲခူးတိုင်းဒေသကြီး  

    ၁။လက်ပံတန်းမြို့နယ်၊မိုးညိုမြို့နယ်၊သာယာဝတီမြို့နယ် 

    ယနေ့ ၁၈ ရက်နေ့မှ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

       

    ရန်ကုန်တိုင်းဒေသကြီး      

    ၁။ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ယနေ့၁၈ ရက်နေ့မှ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

        

    ငါးကန်များအတွက်အကြံပြုချက်     

    ကန်ဖော်ရန်နှင့် ရောင်းချရန် သင့်လျော်သော အချိန်

    (က) ၄-၅ လကြာ မွေးမြူပြီးနောက် ငါး၏ ကိုယ်အလေးချိန် ၂၀၀-၄၀၀ ဂရမ်ဖြစ် လာသည်နှင့် စျေးဗန်းခင်းကျင်း (သို့) စျေးကွက်တင်ခြင်းတို့ကို အစပျိုး လုပ်ဆောင်ရမည်။

    ပြင်းထန်သော ရာသီ/ မိုးခေါင်ခြင်းကြောင့် ကန်ရေအနက် ၃ ပေအောက် လျော့ နည်းလာလျှင် ငါးကန်ကို ဖော်ရမည်။  

    (ခ) စျေးကွက်ပေါက်စျေး မြင့်မားစဉ်ငါးကန်ဖော်၍ ရောင်းသင့်၏။

    ကန်ဖော်စဉ် ရရှိသော ငါးများကို သန့်ရှင်းသောရေဖြင့် ဆေးကြောရမည်။ သို့သော် အလွန်အကျွံ ဆေးကြောသော်လည်း အကျိအချွဲများ မပျောက်နိုင်သည်ကို သတိပြုရမည်။

    သက်ရှိ ငါးများသည် စျေးကွက်ဝင်တန်ဖိုး ပိုမိုမြင့်မားသောကြောင့် ၎င်းတို့ကို ​ရေဖြည့်ထားသော အိုးထဲ ထည့်ကာ စျေးတွင် အရှင်ရောင်းချနိုင်သည်။ 

     

    Weather Source: CIAT   


  • article
likes9comments0
views230views2008