cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှစ်လအတွင်း မြန်မာ့ပဲတန်ချိန် ၁.၄ သန်း အိန္ဒိယ ဝယ်ယူမည်

. ဈေးကွက်
အိန္ဒိယပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစဉ်းငုံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကို ထိန်းချုပ်လိုတာကြောင့် မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းဖို့ စီစဉ်ရတာလို့လည်း ၎င်းက ဆိုပါတယ်။

  • လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း အိန္ဒိယအစိုးရက မြန်မာ့ပဲစဉ်းငုံ တန်ချိန် (၄) သိန်းနဲ့ မတ်ပဲတန်ချိန် (၁) သန်း ဝယ်ယူတင်သွင်းဖို့ ရှိနေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Economic Times သတင်းစာက ဖော်ပြပါတယ်။

    အိန္ဒိယပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစဉ်းငုံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကို ထိန်းချုပ်လိုတာကြောင့် မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းဖို့ စီစဉ်ရတာလို့လည်း ၎င်းက ဆိုပါတယ်။

    အိန္ဒိယအနေနဲ့ ပဲစိုက်ဧကများကျဆင်းပြီး ယခင်နှစ်ကထက် ပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားလို့ ယခုလို ပြည်ပကနေ တင်သွင်းနေရတာပါ။

    ဒီဇင်ဘာလဆန်းပိုင်းမှာ အိန္ဒိယဈေးကွက်အတွင်း မတ်ပဲ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) ကို ၁၁၁၉၈.၀၉ ရူပီးရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ရူပီး ၁,၅၀၀ ကျော် မြင့်တက်ခဲ့သလို ပဲစဉ်းငုံဈေးဖောင်းပွမှုလည်း စက်တင်ဘာလထက် ၃၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

    အစိုးရအနေနဲ့ မတ်လအတွင်းက ပဲစဉ်းငုံအပေါ် သွင်းကုန်ခွန်ဖယ်ရှားခဲ့ပြီး အာဖရိကနဲ့ မြန်မာနိုင်ငံတို့ကနေ တိုးမြှင့်တင်သွင်းခဲ့တဲ့ကြားမှ ဈေးနှုန်းတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

    ပြည်ပကနေ တင်သွင်းထားတဲ့ ပဲများ ဈေးကွက်အတွင်း ဝင်ရောက်လာပါက ယခုလို ပဲဈေးနှုန်းများ ရုတ်တရက်မြင့်တက်ခြင်းမျိုး မရှိနိုင်တော့ဘူးလို့ ခန့်မှန်းရကြောင်း အိန္ဒိယပဲမျိုးစုံနှင့် သီးနှံအသင်းဥက္ကဌ Bimal Kothari က ပြောပါတယ်။

    ၂၀၂၄ ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလများအတွင်း မြန်မာ့ပဲတန်ချိန် (၁.၄)သန်း အိန္ဒိယက တင်သွင်းမယ့်အပေါ် ပဲတင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြဖို့ နယူးဒေလီအခြေစိုက် မြန်မာစီးပွားရေးသံမှူးက အကြံပြုထားပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views100views2059