cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာသက်တမ်းအလိုက် အသုံးပြုနိုင်သော ပေါင်းသတ်ဆေးများ

. ပေါင်းမြက်
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • ရော်ဘာသက်တမ်းအလိုက် အသုံးပြုနိုင်သော ပေါင်းသတ်ဆေးများ 


    မြန်မာနိုင်ငံတွင် ရော်ဘာသီးနှံကို စိုက်ခင်းငယ် (သို့) စိုက်ခင်းကြီးများအဖြစ် စိုက်ပျိုးကြသည်။ ရော်ဘာ အစေးထွက်ကောင်းစေရန် ပေါင်းပင်များကို ငယ်စဉ်ကတည်းမှ ထိရောက်စွာ နှိမ်နှင်းရန် လိုအပ်ပါသည်။ အထူးသဖြင့် ရော်ဘာပင်များ ကြီးထွားသည့် ကာလအတွင်း ပေါင်းပင်များ ပေါက်ရောက်မှု ဆိုးရွားသဖြင့် ယင်းကာလအတွင်း ပေါင်းပင်များအား ထိရောက်စွာ နှိမ်နှင်းရန် လိုအပ်ပါသည်။ ရော်ဘာစိုက်ပြီးစအခင်းများတွင် အလင်းရောင်လုံလောက်စွာ ရရှိသဖြင့် ပေါင်းပင်များ ထူထပ်စွာပေါက်ရောက်တတ်ပါသည်။ သို့ဖြစ်ရာ ရော်ဘာပင်ပတ်လည်တွင် အချင်း(၆)ပေအကျယ် ဧရိယာကို အောက်ဖော်ပြပါ ပေါင်းသတ်ဆေးများကို အသုံးပြု၍ ရွေးချယ်နှိမ်နှင်းနိုင်သည်။ ထို့အပြင် ရော်ဘာစိုက်တန်းများကြားတွင် မြေပြင်ဖုံးပင်များ စိုက်ပျိုး၍သော်လည်းကောင်း၊ ယာစပါးများ စိုက်ပျိုး၍သော်လည်းကောင်း ပေါင်းပင်များ၏ ပြသနာကို လျော့နည်းစေနိုင်ပါသည်။ 


    ရော်ဘာသက်တမ်းအလိုက် အသုံးပြုနိုင်သော ပေါင်းသတ်ဆေးများမှာ 


    ပျိုးခင်းအစတွင် လင်နျူရွန် (Linuron) သို့မဟုတ် ဒိုင်ယူရွန် (Diuron)ပေါင်းသတ်ဆေးကို ပေါင်းပင်မပေါက်မှီ မြေပြင်ပေါ် ပက်ဖျန်းသုံးနိုင်သည်။ အပင်စိုက်ပြီး (၁၂)ရက်အတွင်း ဖျန်းရန်လိုအပ်ပြီး ပေါင်းပင်အား (၆-၈) ပတ်ကြာ နှိမ်နှင်းနိုင်ပါသည်။ 


    ထို့အပြင် ပျိုးခင်းအစတွင် ပါရာကွစ် (Paraquat)၊ အမ်အက်စ်အမ်အေ+ ဒိုင်ယူရွန် (MSMA+Diuron)၊ ဒယ်လပွန်(Dalapon)၊ အမ်အက်စ်အမ်အေ+ တူးဖိုးဒီ (MSMA+2,4-D)၊ ဂလိုင်ဖိုဆိတ် စသည့်ပေါင်းသတ်ဆေးများကို ပေါင်းပင်များ ပေါက်ပြီးချိန်တွင် အသုံးပြုနိုင်ပြီး ပေါင်းပင်များပေါ်သို့ တိုက်ရိုက်ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ အမ်အက်စ်အမ်အေ+ ဒိုင်ယူရွန် (MSMA+Diuron)ကို ရော်ဘာပင် (၈)လသားမှ (၁)နှစ်သားအထိ သုံးနိုင်ပြီး ဒယ်လပွန်(Dalapon) ပေါင်းသတ်ဆေးကို ရော်ဘာပင် တစ်နှစ်သားနှင့် အထက် ပက်ဖျန်းသုံးနိုင်သည်။ အမ်အက်စ်အမ်အေ+ တူးဖိုးဒီ (MSMA+2,4-D)၊ ဂလိုင်ဖိုဆိတ် စသည့်ပေါင်းသတ်ဆေးများကို ရော်ဘာပင် တစ်နှစ်သားနှင့် အထက်ကျော်လွန်ပါက ပက်ဖျန်းသုံးနိုင်ပါသည်။ 


    အရွယ်ရောက်ပျိုးခင်းအတွက် ပါရာကွပ်(paraquat)ပေါင်းသတ်ဆေးကို ပေါင်းပင်များ ပေါက်ပြီးမှ ပေါင်းပင်ပေါ်သို့ တိုက်ရိုက်ဖျန်း၍ အသုံးပြုနိုင်ပြီး ရော်ဘာပင်ပေါ်သို့ ဆေးမှုန်များမ‌ရောက်အောင် သတိပြုရန် လိုအပ်ပါသည်။ 


    ရော်ဘာပင်ကြီးများအတွက် အမ်အက်စ်အမ်အေ+ တူးဖိုးဒီ (MSMA+2,4-D) ပေါင်းသတ်ဆေးကို ပေါင်းပင်များပေါက်ပြီးချိန်တွင် ရွက်ပြန့်ပေါင်းများနှင့် မြက်ပေါင်းများ နှိမ်နှင်းရန်အတွက် သုံးနိုင်ပြီး (၅-၇)လကြာ ပေါင်းများကို နှိမ်နှင်းပေးနိုင်ပါသည်။ 


     ဉာဏ်စမ်းဖြေဆိုရန်လင့်_ https://htwettoe.com/post/47135


  • article
likes17comments0
views747views4457