cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပမှတင်သွင်းသော ရာဘာမျိုးများနှင့် မျိုးသစ်များအကြောင်း

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
ပြည်တွင်းကုမ္ပဏီတစ်ခုကမြန်မာပြည်တွင်ဖြန့်ဖြူးခဲ့သောမျိုးသစ်များနှင့်ယင်းတို့၏မိဘများကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။
  • အားလုံးမင်္ဂလာပါဗျ

    ဒီညကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ရာဘာမျိုးများကိုမြန်မာနိုင်ငံသို့ ၁၉၉၃ တွင်နောက်ထပ်တင်သွင်းခဲ့သောမျိုးများနှင့် ၂၀၀၅-၂၀၀၆ခုနှစ်လောက်ကမလေးရှားနိုင်ငံမှရာဘာမျိုးများကို ပြည်တွင်းကုမ္ပဏီတစ်ခုကမြန်မာပြည်တွင်ဖြန့်ဖြူးခဲ့သောမျိုးသစ်များနှင့်ယင်းတို့၏မိဘများကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။ 

     ၁၉၉၃ ခုနှစ်တွင်ပြည်ပမှတင်သွင်းသော တတိယမျိုးအုပ်စုရာဘာမျိုးများ 

     (1) RRIC 102,

     (2) RRIC 103, 

     (3) RRIC 121,

     (4) SCATC- 44-9, 

     (5) SCATC-88-13,

     (6) SCATC-2-14-39,

     (7) HAIKEN 1,

     (😎 HAIKEN 2, 

     (9) IAN 873 

    ၂၀၀၅-၂၀၀၆ခုနှစ်ခန့်တွင် ပြည်ပမှတင်သွင်းလာသော မျိုးသစ်များ

    (1)PB 350 = RRIM 600 x PB 235

    (2)RRIM 3001 = IAN 873 x PB 235

    (3) RRIM 2024 = IAN 873 xPB 235

    (4) RRIM 2001 = RRIM 600 x PB 260

    (5) RRIM 2002 =PB 5/51 xFord 351

    (6) RRIM 2003 = PB 5/51 x RRIM 703

    (7) RRIM 2004 = PB5/51 x RRIM 703

    (😎 RRIM 2005 = PB5/51 x RRIM 703

    (9) RRIM 2006 = PB 5/51 x PR 261

    (10) RRIM 2007 = GT 1 x PB 260

    (11)RRIM 2008 = RRIM 623 x PB 252

    (12)RRIM 2009 = GT 1 x PB 260

    (13) RRIM 2010 = RRIM 623 x PR 261

    (14) RRIM 2011 = GT 1 x PB 260

    (15) RRIM 2012 = GT 1 x PB 260

    (16) RRIM 2013 = RRIM 600 x PR 261

    (17) RRIM 2014 = RRIM 717 x PB 217

    (18) RRIM 2015 = PB 5/51 x IAN 873

    (19) RRIM 2016 =PB 5/51 x IAN 873

    (20) RRIM 2017 = PB 5/51 x RRIM 623

    (21) RRIM 2018 = PB 5/51 x RRIM 623

    (22) RRIM 2019 = PB 5/51 x IAN 873

    (23) RRIM 2020 = PB 5/51 x IAN 873

    (24) RRIM 2021 = PB 5/51 x IAN 873

    (25) RRIM 2022 = PB 5/51 x RRIM 623

    (26) RRIM 2023 = IAN 873 xPB 260

    (27) RRIM 2024 = IAN 873 xPB 235

    (28) RRIM 2025 =IAN 873 x RRIM 803

    (29) RRIM 2026 = PBIG-GG-4/5 seedling

    (30) RRIM 2027 = PBIG-GG-4/5 seedling

    အထက်ကဖော်ပြမျှဝေမူ့မှ ရာဘာမိသားစုများအနေနဲ့ မိမိခြံထဲတွင်စိုက်ပျိုးထားသော ရာဘာမျိုးများသည် မည်သည့်အုပ်စုတွင်ပါဝင်ပြီးယင်းမျိုးတို့၏မိဘများနှင့်မူရင်းဒေသများကိုသိရှိစေရန်ရည်ရွယ်ပြီးတင်ပေးခြင်းသာဖြစ်ပြီးတစ်ခြားမည်သည့်ရည်ရွယ်ချက်တစ်စုံတစ်ရာမှမပါဝင်ကြောင်းကြိုတင်ပြောကြားလိုပါတယ်ခင်ဗျာ။

    ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ယခုရေးသားချက်များကို ၂၀၁၇ ခုနှစ် ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း (ဆရာလက်စွဲ) စာအုပ်မှလည်းပြန်လည်ကူယူကိုးကာဖော်ပြပေးထား ခြင်းဖြစ်ပါသည်။ 

    ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

    တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။

    ရာဘာမိသားစုဝင်များအားလုံး ကျန်းမာချမ်းသာ၍ ရာဘာလုပ်ငန်းဖြင့် စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းရင်း 

    မင်းထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး 

    ခင်ဌေးမော်(B.Agr.Sc) - ရာဘာနည်းပညာအကြံပေး 

    အနာဂတ်မြန့်မာ့ရာဘာအဖွဲ့ (Future Myanmar Rubber Group)

    ထွက်တိုး ဒေါင်းလုပ်ရယူရန် - www.bit.ly/fbhtwettoe

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/


  • article
  • article
  • article
  • article
  • article
likes12comments1
views72views3863