cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အမိုးနီးယား တိုင်းတာခြင်းနှင့် အန္တရာယ် ရှိ၊ မရှိ တိုင်းတာနည်းစနစ်များ

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များတွင် ငါးမွေးတောင်သူ ၃၀၀ ကျော်အား ရေအရည်အသွေးတိုင်းတာသော ပစ္စည်းများ နှင့် အမိုးနီးယားတိုင်းတာသော ပစ္စည်းများကို ပံ့ပိုးပေးဖြစ်ပါသည်။
  • ကျွန်ုပ်တို့ Villagelink co., ltd သည် သဘာဝနှင့် လိုက်လျှောညီထွေရှိစေမည့် အစိမ်းရောင် ငါးမွေးမြူခြင်း လုပ်ငန်းကို တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များတွင် ကူညီဆောင်ရွက်ပေးလျက် ရှိနေပါသည်။ အဆိုပါြမို့နယ်များမှ ငါးမွေးတောင်သူ ၃၀၀ ကျော်အား ရေအရည်အသွေးတိုင်းတာသော ပစ္စည်းများ နှင့် အမိုးနီးယားတိုင်းတာသော ပစ္စည်းများကို ပံ့ပိုးပေးဖြစ်ပါသည်။ အဆိုပါ အမိုးနီးယားတိုင်းတာသော ပစ္စည်းများသုံးစွဲပုံကိုလည်း သင်ကြားပေးခဲ့ပါသည်။ သို့သော် လုပ်နည်းစနစ် မှန်ကန်စေရန်အတွက် ထပ်မံတင်ပြအပ်ပါသည်။

    အမိုးနီးယားတိုင်းတာရာတွင် ငါးပုစွန် မွေးကန်၏ အနက်(၃)ပေရှိ ကန်အောက်ရေကို ရယူရပါမည်။ အဆိုပါကန်အောက်ရေကို ယူရာတွင် ဖန်ပုလင်း(သို့မဟုတ်) ကော်ပုလင်း၏ အဝကိုပိတ်ပြီး၊ ကန်အောက် ခြေ(၃)ပေရောက်မှ ပုလင်းအဖုံးကိုဖွင့်ပါ။ ထို့နောက် ပုလင်းအဖုံးကို ပိတ်ပြီးမှ အပေါ်သို့ ယူဆောင်လာရပါ မည်။ အဆိုပါ ရေကို ပထမဉီးစွာ ရေချဉ်ဖန်နှုန်း တိုင်းတာပြီး မှတ်သားထားရပါမည်။

    အမိုးနီးယားတိုင်းသော ကိရိယာတွင် ဆေးဘူး ၃ ဘူး ပါရှိပြီး၊ အမှတ် (၁)၊ (၂) နှင့် (၃) ဟုဖော်ပြထားပါ သည်။ ကန်အောက်ခြေမှ ရယူထားသော ရေသည် ရေချို ဖြစ်သဖြင့် ၁၀ မီလီလီတာကို ဖော်ပြပါဖန်ဘူးအတွင်း ထည့်ပြီး အမှတ်စဉ် (၁) ဘူးမှ ဆေးစက် ၆စက် ၊ အမှတ်စဉ် (၂) မှာ ဆေးစက် ၆စက် နှင့် အမှတ်စဉ်(၃)မှာ ဆေးစက် ၆ စက်ကို ထည့်ပြီး ၅ မိနစ်ခန့် စောင့်ကြည့်ပါ။ ဘူးအတွင်းရှိ ရေအရောင်သည် အရောင်ပြောင်းလာသည်ကို တွေ့ရှိရပါမည်။ အဆိုပါ ရေ၏အရောင် နှင့် အမိုးနီးယားစမ်းသပ်ဘူးအတွင်း ပါရှိသော အမိုးနီးယား ပါဝင်နှုန်း ပြသသော ဇယား၏ အရောင်ကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီး မိမိကန်ရေတွင် အမိုးနီးယား မည်မျှပါဝင်နေသည်ကို တွေ့ရှိရပါမည်။ အမိုနီးယားပါဝင်နှုန်းကို မီလီဂရမ်/လီတာ (mg/l) ဖြင့်ဖော်ြပထားပါသည်။ မိမိစမ်းသပ်သောရေ၏ အရောင်သည် အဝါရောင်ပြနေပါက အမိုးနီးယား 0 mg/l ဖြစ်သဖြင့် မိမိကန်ရေတွင် အမိုးနီးယား ကင်းရှင်းကြောင်းကို တွေ့ရှိရပါသည်။ အစိမ်းနုရောင် ပြသပါက အမိုးနီးယားပါဝင်နှုန်းသည် 0.5 mg/l ပါရှိနေပြီး ၊ရေ၏ ချဉ်ဖန်နှုန်းသည် 7.5 အောက်နေပါက ကန်အတွင်း အမိုးနီးယားမရှိကြောင်းကို တွေ့ရပါသည်။ သို့သော် ရေ၏ ချဉ်ဖန်နှုန်းသည် 8၊ 8.5 နှင့် 9 တွင်းရှိနေပါက ကန်အတွင်း အမိုးနီးယားရှိနေပြီး ပါဝင်နှုန်းနည်းသေးကြောင်းကို ဖော်ပြပါသည်။ အန္တရာယ်ရှိသော အခြေအနေ မဟုတ်သော်လည်း စောင့်ကြည့်ရမည့် အခြေအနေကို ဖော်ပြနေကြောင်းကို ပြပါသည်။

    အမိုးနီးယားစမ်းသပ်သော ရေအရောင်သည် အစိမ်းရင့်ရောင် အထက်ပြသနေပြီး အမိုးနီးယားပါဝင် နှုန်းကလည်း 2mg/l အထက်ရှိနေပါက သတိထားရမည့်အခြေအနေကိုသိထားသင့်ပါသည်။ အဆိုပါ အခြေအနေတွင် ရေ၏ချဉ်ဖန်နှုန်းသည် 8၊ 8.5 နှင့် 9 ရှိနေခဲ့လျှင် ကန်အတွင်းတွင် အမိုးနီးယားသည် အဆိပ် သင့်သောအခြေအနေ ရှိနေကြောင်းကိုပြသပြီး ငါးများကို ထိခိုက်စေနိုင်ကြောင်း တင်ပြအပ်ပါသည်။

    ထို့ကြောင့် အမိုးနီးယားတိုင်းတာရာတွင် ရေ၏ချဉ်ဖန်နှုန်းကိုပါ တိုင်းတာပြီး ၊ တိုင်းတာရရှိသော အမိုးနီးယား ပါဝင်မှုကို ရေချဉ်ဖန်နှုန်းဇယားဖြင့် တိုက်ဆိုင်စစ်ဆေးပြီး အဆိပ်ဖြစ်စေသော NH3 အဆင့် mg/l မည်မျှပါဝင်နေသည်ကို အောက်ပါ (ပုံ-၃) ဇယားအတိုင်းကြည့်ပြီး စစ်ဆေးနိုင်ကြောင်း တင်ပြအပ်ပါသည်။

    ဇယားအရ အဝါရောင်ပြသောအခြေအနေသည် အမီုးနီးယားကင်းရှင်းကြောင်းနှင့် အစိမ်းရောင်ပြသောအခြေအနေသည် အမိုးနီးယားဖြစ်ပေါ်သော အခြေအနေရှိသော်လည်း အဆိပ်မသင့်သေးကြောင်းကို ဖော်ပြပါသည်။ အနီရောင်ပြသော အခြေအနေသည် အဆိပ်သင့်သော အခြေအနေဖြစ်ကြောင်းကို ဖော်ပြနေခြင်း ဖြစ်ပါသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
  • article
  • article
  • article
likes10comments0
views239views3648