cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆောင်းကြက်သွန် စိုက်ပျိုးစရိတ် ကုန်ကျမှုမြင့်တက်

. ဈေးကွက်
ဆောင်းကြက်သွန်စိုက်ပျိုးသူတွေ စိုက်ခင်းကိုရေသွင်းဖို့အတွက် ဒီဇယ်ကို လိုအပ်သလောက်ဝယ် ယူလို့မရတဲ့အပြင် ဈေးနူန်းမြင့်တက်နေတာကြောင့် ကြက်သွန်စိုက်ခင်းကို ရေသွင်းရန် အခက်အခဲဖြစ်ရတယ် လို့ တောင်သူအချို့ကပြောပါတယ်။
  • မှိုရောဂါ ကျရောက်မှုကို တားဆီးရခြင်းအပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင်း နေရာဒေသအလိုက် ဆောင်းကြက်သွန် စိုက်စရိတ် ကျပ်သိန်း၃၀ ကျော် အထိကုန်ကျတယ်လို့ တောင်သူတွေက ပြော ပါတယ်။

    အလုပ်သမားငှားရမ်းခနူန်းထား ၊ မြေဩဇာ ၊ စိုက်ပျိုးရေးသွင်းအားစု၊ ကြက်သွန် မျိုးဝယ်ယူရတဲ့နှုှုး ၊ စက်သုံး ဆီ စ တဲ့ထွေထွေကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ယခုနှစ်ဆောင်းကြက်သွန် စိုက်ပျိုးမှုကုန်ကျ စ ရိတ်မြင့် တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    " ဒီနှစ်ရာသီကဆိုးတော့ မှိုသတ်ဆေးက ဖြန်းနေရတယ်၊ဒီထက်ပိုကုန်ဖို့ပဲရှိတယ်။ အခု ၂၅ သိန်းလောက် ကုန် နေပြီ၊ဆီဖိုးမပါသေးဘူး။အရင်နှစ်ကထက်ပိုကုန်ကျပါတယ် " လို့ မလိူင်မြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ကိုတိုးနိုင်ကရှင်းပြပါတယ်။

    လက်ရှိ ဆောင်းကြက်သွန်စိုက်ပျိုးမှုတွေမှာ ဂျိုလိန်ရောဂါ၊ ရွက်ဖျားခြောက်ရောဂါ တွေဝင်ရောက်နေလို့ မှိုသတ် ဆေး၊ ပိုးသတ်ဆေးတွေကို ပိုပြီးသုံးစွဲနေရတယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဆောင်းကြက်သွန်စိုက်ပျိုးချိန်တုန်းက ကြက်သွန်နီ စိုက်ဧကတစ်ဧကို စိုက်ပျိုးမှုကုန်ကျမှုစရိတ်က ၁၅ သိန်းကနေ သိန်း ၂၀ လောက်သာရှိတာကြောင့် ခုနှစ်ဆောင်းကြက်သွန်စိုက်ပျိုးမှုက တစ်ဧကကို ၁၅ သိန်းက နေ သိန်း ၂၀ လောက်အထိ မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

    " စစ်ကိုင်းဘက်မှာတော့ တစ်ဧကကို သိန်း ၃၅ သိန်း လောက်ကုန်တယ်။အရဲစွန့်စိုက်ရတာပေါ့။နယ်မြေ မတည် ငြိမ်ရင် စိုက်ခင်းတွေထားပြီးတော့ ပြေးရမှာဆိုတော့ တောင်သူတွေက စွန့်စားစိုက်ရတာ " လို့ စစ်ကိုင်းကကြက်သွန်စိုက်တောင်သူ တစ်ဦးကပြောပြပါတယ်။

    ယခုနှစ်မှာ ကြက်သွန်စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတာကြောင့် တစ်ဧကကို အပုတ်အနာဆာမရှိရောင်း တန်း ဝင် ကြက်သွန် ပိဿာချိန် ၅၀၀၀ လောက်ထွက်ရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ရရှိပါက ထိုက်သင့်တဲ့အကျိုးအ မြတ်ကိုရရှိနိုင်တဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။အကယ်၍ ရောဂါဝင်ရောက်ပြီး ကြက်သွန်အရည်အသွေး ကျပြီး အထွက်နှုန်းပါလျော့ကြခဲ့ပါက တောင်သူတွေ အကျိုးအမြတ်မရှိနိုင်ပေ။

    လက်ရှိမှာ ဆောင်းကြက်သွန်စိုက်ပျိုးသူတွေ စိုက်ခင်းကိုရေသွင်းဖို့အတွက် ဒီဇယ်ကို လိုအပ်သလောက်ဝယ် ယူလို့မရတဲ့အပြင် ဈေးနူန်းမြင့်တက်နေတာကြောင့် ကြက်သွန်စိုက်ခင်းကို ရေသွင်းရန် အခက်အခဲဖြစ်ရတယ် လို့ တောင်သူအချို့ကပြောပါတယ်။ကြက်သွန်ကို မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ပဲခူးတိုင်းမှာ အများဆုံးစိုက်ပျိုးကြတာဖြစ်ပါတယ်။

    ချစ်ခွန်းချို(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes7comments0
views165views1485