cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးမျိုးဥချ စိုက်ပျိုးခြင်းနှင့်ရေသွင်းခြင်း

. မျိုးစေ့ရွေးချယ်ခြင်း/မျိုးရွေးချယ်ခြင်း
အာလူးဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ
  • မျိုးဥစိုက်ပျိုးနည်းမှာ အောက်ပါအတိုင်းဖြစ်သည်။ 


    🥔ကြိုတင် အစို့အညှောက်ဖောက်ထားသော အာလူးမျိုးဥများကို ပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကိုင်တွယ်ရပါမည်။ 


    🥔စိုက်ပျိုးရန် အသင့်တော်ဆုံး မျိုးဥအရွယ်အစားမှာ ၃၅ - ၅၅ မီလီမီတာ/ ၁.၄ လက်မမှ ၂.၂ လက်မ (အေဝမ်းနှင့် အိုကေ) အတွင်း ရှိရမည်။ 


    🥔စိုက်တန်း၏ အလယ်တည့်တည့်တွင် မျိးဥအား စိုက်ပျိုးခြင်းဖြင့် ဘောင်ဝင်ချိန်တွင် လွယ်ကူခြင်း၊ တူးဖော်ချိန်တွင် မျိုးဥထိခိုက်ခြင်း (သို့) ပိုးမွှားဖျက်ဆီးမှုမှ သက်သာနိုင်သည်။ 


    🥔တန်းကြားညီညာမှုရှိပြီး ဖြောင့်တန်းစွာ စိုက်ပျိုးရမည်။ တူညီသော အနက်ရှိရမည်။ 


    🥔စိုက်ပျိုးပြီးနောက် မျိုးဥများ အပူကြောင့် ခြောက်သွေ့ခြင်းနှင့် ပျက်စီးမှုများ မရှိစေရန် ချက်ချင်းဖုံးပေးရမည်။ 


    #စိုက်ပျိုးပြီးချိန် ရေသွင်းခြင်း 


    🥔စိုက်ပျိုးပြီးချိန်တွင် မြေတွင်းအစိုဓာတ်ရှိမှု သေချာစေရန် အာလူးမျိုးဥအနီးမှ မြေနမူနာယူ၍ အစိုဓာတ်အား ခန့်မှန်းပါ။ 


    🥔စိုက်ပျိုးမြေဖုံးပြီးနောက် စိုက်ခင်းအား အစိုဓာတ် ရရှိစေရန် ရေ ၂၀-၂၂ မီလီမီတာ ( ၈၁ ကုဗမီတာ ) ခန့် ထည့်သွင်းရန် လိုအပ်ပါသည်။ 


    🥔အလွန်ခြောက်သွေ့သော မြေသည် အာလူးပင်ထွက်ရှိမှုနှုန်း နှေးကွေးပြီး ပင်စည် အရေအတွက် လျော့နည်းနည်းစေပါသည်။ 


    🥔အစိုဓာတ် အလွန်များပါကလည်း မြေကြီးတွင်း အောက်ဆီဂျင်မရှိသည့်အတွက် အာလူးဥများ ပုပ်နိုင်ပါသည်။ 


    🥔မစိုက်မှီ ရေသွင်းခြင်းထက် စိုက်ပျိုးပြီး ရေသွင်းခြင်းသည် ပို၍ ကောင်းပါသည်။ 


    🥔အာလူးပင် လျင်မြန်စွာ ကြီးထွားစေရန်အတွက် ပုံမှန်မြေအစိုဓာတ်သည် အကောင်းဆုံးဖြစ်သည်။ 


    Source: Fresh Studio 

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 


  • article
likes11comments0
views356views1534