cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးရွာနိုင်ချေမရှိ ရာသီဥတုသာယာအေးမြ
  • မိုးရွာနိုင်ချေမရှိ ရာသီဥတုသာယာအေးမြ


    ဧရာဝတီတိုင်းဒေကြီးအတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်

     

    ဟင်္သာတမြို့နယ်အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့ နယ်၊ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်း မြို့နယ်၊ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ပုသိမ်မြို့နယ် 


    မိုးလေ ဝသခန့်မှန်းချက်


    ဒီဇင်ဘာ ၂၂ကနေ ဒီဇင်ဘာ ၃၁ရက်နေ့ထိ ၁၀ရက်တာ ကာလအတွင်း ရာနှုန်းပြည့် နီးပါး နေသာနိုင်ပြီး ရာသီဥတု ကြည်လင်ပြီး သာယာအေးမြနေမှာဖြစ်ပါတယ် ။


    စိုက်ပျိုးရေးအကြံပြုချက်

    ပဲ တီစိမ်း မတ်ပဲ စိုက်တောင်သူတို့အတွက် ပုလဲ၊ လက်ချား အသုံးပြုနည်းလေးကို လိုက်သုံးကြည့်ကြဖို့ အကြံပေးလိုက်ပါတယ် ခင်ဗျာ

    “ယူရီးယားနှင့် လက်ချားအသုံးပြု၍ ကုန်ကျစရိတ်နည်းသည့် ပဲမျိုးစုံအထွက်တိုးအောင်စိုက်ပျိုးနည်း” 

    ပဲမျိုးစုံအတွက် အရေးကြီးသော အနည်းလိုအာဟာရဓါတ်တစ်မျိုးမှာ ဘိုရွန် (ခေါ်) လက်ချားဓါတ်ဖြစ်သည်။ ဘိုရွန် ဓါတ်သည် မြေဆီလွှာအတွင်း မူလကတည်းက ပါဝင်မှုနည်းတတ်ပြီး အများဆုံးလျှင် မြေကြီးတစ်ကီလိုလျှင် ဘိုရွန် (၅) မီလီ ဂရမ်ခန့်သာ ပါဝင်တတ်သည်။ မြေအချဉ်ငန်ဓါတ် (pH) နိမ့်သောမြေတွင် ရေစီးလျှင် အလွယ်တကူ ပါဝင်ဆုံးရှုံးတတ်ပြီး မြေအချဥ် အငန်ဓါတ်မြင့်ပါက မြေတွင်တွဲကပ်နေပြီး အပင်မှစုပ်ယူ၍ မရနိုင်တော့ပါ။ ထို့ကြောင့် ပဲစိုက်မြေအများစုတွင် ဘိုရွန်ဓါတ် လျော့နည်းချို့တဲ့နေတတ်သည်။ ဘိုရွန်ဓါတ် ချို့တဲ့‌နေပါက အပင်၏ထိပ်ပိုင်း ဆဲလ်ပွားများမှုနည်းခြင်း၊ ပရိုတိန်း တည်ဆောက်မှု နှေးကွေးခြင်း၊ အပွင့်၊အသီးများကြွေခြင်းနှင့် ပန်းပွင့်၏ ရှင်သန်မှုကာလတိုလာခြင်းတို့ကြောင့် ပဲအထွက်ကို လျော့နည်းစေနိုင်ပါသည်။ 

    သို့ပါ၍ ပဲမျိုးစုံသီးနှံများဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်နှင့် ပဲလွမ်းတို့တွင် ပန်းပွင့်ချိန်မှ သီးကင်းဝင်စချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓါတ်ကို အရွက်ပေါ်မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တစ်ကြိမ် ဖျန်းပေးခြင်းဖြင့် အထွက်နှုန်း (၂၀) မှ (၄၀) ရာခိုင် နှုန်းအထိ တိုးလာကြောင်း ခိုင်လုံသော စမ်းသပ်ချက်တွေ့ရှိချက်များ ရရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ပဲစိုက်တောင်သူများ အနေ ဖြင့် မိမိတို့၏ လက်တစ်ကမ်းတွင်ရှိနေသော ပစ္စည်းများကို အသုံးပြု၍ မိမိကိုယ်တိုင် ဖျော်စပ်အသုံးပြုနိုင်ပါသည်။  

    ပါဝင်ပစ္စည်းများ 

    ၁) ယူရီးယား 

    ၂) လက်ချား 

    တစ်ဧက တစ်ကြိမ်ဖျန်းရန်အတွက် ယူရီးယား (၄) ပေါင်ခန့်နှင့် လက်ချား ၀.၅ ပေါင်ခန့် လိုအပ်ပါသည်။ 

    ဖျော်စပ်နည်း 

    ရေတစ်ဂါလံလျှင် ယူရီးယား ဟင်းစားဇွန်း (၄) ဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း (၁) ဇွန်းကို ပျော်အောင်ဖျော်ပါ။ 

    မှတ်ချက်။ ပရဆေးဆိုင်မှ လက်ချားအား အပူပေးပြီး၊ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန် ပုလင်းဒလှိမ့်တုံးဖြင့် အမှုန့်ပြုလုပ်ပြီးမှ အသုံးပြုပါ။ (သို့) လက်ချားအမှုန့်ကို ဝယ်ယူအသုံးပြုပါ။ 

    ဖျန်းရန်အကြိမ် - ပန်းဖြိုင်ဖြိုင်ပွင့်ချိန် (၁) ကြိမ် 

    ဖျန်းရန်ပမာဏ - တစ်ဧကလျှင် (၂၀) ဂါလံနှုန်း 

    ဖျန်းရန်အချိန် - နံနက်စော၊ ညနေစောင်း၊ နေအေးသောအချိန် 

    ပဲမျိုးစုံသီးနှံအပေါ် အကျိုးသက်ရောက်မှု - ကုလားပဲ - ၂၀%, ပဲတီစိမ်း - ၂၅% , မတ်ပဲ  - ၃၀%, ပဲပုပ်   - ၄၀% ပိုမိုထွက်ရှိနိုင်ပါသည်။ 


    နွေစပါး သီးနှံ အကြံပြုချက်


    မကြာခင်နွေ စပါးစိုက်ကြတော့မယ့် အချိန် ရောက်ရှိလာတော့မှာဖြစ်လို့ နွေစပါး စိုက်နည်း စနစ်အကြောင်းလေးကို ဝေမျှပေးလိုက်ပါတယ်၊


    နွေစပါးစိုက်နည်းစနစ် 

    တောင်သူလယ်သမားကြီးများက နွေစပါးအတွက် စိုက်နည်းစနစ်အမှန်ကို သိလိုကြသည်။ “ နွေစပါးကို ဘယ်နည်းစနစ်နဲ့ စိုက်သင့်ပါသလဲ“ ယခုအခါ စပါးစိုက်ပျိုးရာတွင် တိုက် ရိုက်မျိုးစေ့ချစိုက်နည်းစနစ်ကို အများစုကျင့်သုံးလာသည်။ ပျိုးထောင်ကောက်စိုက်သည့် စနစ်ကိုလည်း ဆောင်ရွက်နေတာတွေရှိပါသည်။ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီးဆောင်ရွက်နိုင်တာကို ကျွန်တော်ပြောပြလိုက်ပါသည်။ “ စိုက်ပျိုးမဲ့ဒေသရဲ့ သွင်းရေရရှိနိုင်မှုအခြေအနေ၊ လွယ်ကူမှု၊ခက်ခဲမှု၊ မြေဆီလွှာရဲ့ ရေထိန်းထားနိုင်မှု၊ စိုက်ပျိုးသူရဲ့ ကုန်ကျစရိတ်ကျခံနိုင်မှု၊ စိုက်ပျိုးမည့်မြေဧရိယာပမာဏ တစ်ပိုင်တစ်နိုင်သို့မဟုတ် ဧရိယာအကျယ်အဝန်း များပြားမှုတို့အပေါ်မူတည်ပြီး စဉ်းစားရန်ဖြစ်ပါတယ်“ ဤသို့ပဲဖြေရမှာ ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့ မြေဧရိယာပိုင်ဆိုင်မှု များသော ဒေသများ၌ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးလေ့ရှိသည်။ အကြောင်းရင်းတွေရှိပါသည်။ မုတ်သုံမိုး စတင်ကျရောက်သည့် ဒေသဖြစ်၍ မိုးဦးမကျမီ ရိတ်သိမ်းလိုခြင်းကြောင့်လည်းမြန်ဆန်သည့် ကြဲပက်စနစ်ကို ကျင့်သုံးခြင်းဖြစ်ဟန်တူသည်။ မြေဧရိယာများသော်လည်း ရင်းနှီးမှုလျှော့ချ၍ ကုန်ကျစရိတ်သက်သာစေလိုခြင်းသည် အကြောင်းတစ်ချက် ပါဝင်နိုင်ပါသည်။ 

    မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ နွေစပါးကို နည်းလမ်းနှစ်မျိုးစလုံး ကျင့်သုံးစိုက်ပျိုးကြောင်းတွေ့ရှိရသည်။ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးဒေသတို့လို မိုးစပါး - ပဲမျိုးစုံ - နွေစပါးသုံးသီးစားပုံစံကို ဆောင်ရွက်ကြသည့် လယ်သမားများက ပဲမျိုးစုံရိတ်သိမ်းအပြီး မြန်မြန်ဆန်ဆန် နွေစပါးကို စိုက်လိုသဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ကြသည်။ အများစုကကြဲပက်သည်။ အချို့က မျိုးစေ့ချကိရိယာဖြင့်ဆွဲ၍ မျိုးစေ့ချကြသည်။ တချို့ကမူကြိုးတန်းဆွဲ လက်ဖြူးချ စိုက်ပျိုးကြသည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် ဆည်ရေရရှိမှုကို ချွေတာရာလည်း ရောက်သည်။သို့သော် ရေနေရေထိုင်ကောင်း၍ ရေရရှိမှု လွယ်ကူသော ဒေသများတွင်မူ ပျိုးထောင်ကောက်စိုက်စနစ်ကို ကျင့်သုံး 

    ကြပါသည်။ ပျိုးထောင်ကောက်စိုက် စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်တို့သည် စနစ်အလိုက် ပြုစုဂရုစိုက်ဆောင်ရွက်မှု မှန်ကန်ပါက စပါးအထွက်ရရှိနိုင်မှု ကွာခြားခြင်းမရှိကြောင်း သုတေသနရလဒ်များက ဖော်ပြထားပါသည်။ 


    နွေစပါးနှင့် ပိုးမွှားရောဂါပေါင်းမြက် 

    စပါးသီးနှံတွင် ပိုးမွှားရောဂါ ကျရောက်မှု၊ ပေါင်းမြက်ပင်များ ပေါက်ရောက်မှု စသည့် အဖျက်အဆီးများရှိပါသည်။ပိုးမွှားရောဂါနှင့် ပေါင်းမြက်တို့သည် စပါးအထွက်လျော့နည်းစေသော အဟန့်အတားများ ဖြစ်ပါသည်။ နွေစပါးနှင့်ပတ်သက်၍ သိလိုကြပါသည်။“ ပိုးမွှားရောဂါ ပေါင်းမြက်ကျရောက် ဖျက်ဆီးမှု မိုးစပါးနဲ့ နွေစပါး ကွာခြားမှုရှိပါသလား“ “ ဟုတ်ကဲ့။ မိုးစပါးမှာ ပိုးမွှားရောဂါပေါင်းမြက်အဖျက်အဆီးရှိသလို နွေစပါးမှာလည်း ပိုးမွှားရောဂါ ပေါင်းမြက်အဖျက်အဆီးတွေ ရှိပါတယ်။ ကွာခြားမှုတွေလည်းရှိပါတယ်“ ဆက်လက်ပြီး အသေးစိတ်ရှင်းပြရပါတော့သည်။ 

    ပိုးမွှားရောဂါကျရောက်မှုသည် သဘာဝပတ်ဝန်းကျင် ရာသီဥတုနှင့် ဆက်စပ်ပါသည်။ စပါးတွင် ကျရောက်တတ်သော ဘက်တီးရီးယား ရွက်ခြောက်ရောဂါသည် မိုးရာသီတွင် ပို၍ဆိုးရွားသည်။နွေစပါးတွင်မူ ဘက်တီးရီးယားရွက်စင်းရောဂါကျရောက်လေ့ရှိသည်။ 

    စပါးခင်း၌ ပေါက်ရောက်သောပေါင်းမြက်ကို အုပ်စုသုံးစု ခွဲခြားနိုင်သည်။ ၎င်းင်းတို့မှာ မြက်မျိုးနွယ်ဝင် အုပ်စု၊ မြက်မုန်ညင်းနွယ်ဝင် အုပ်စုနှင့် ရွက်ပြားမျိုးနွယ်ဝင်အုပ်စုတို့ ဖြစ်သည်။ မိုးစပါးတွင် ရွက်ပြားမျိုးနွယ်ဝင်အုပ်စု ပေါင်းမြက်များ ပိုမိုပေါက်ရောက်လေ့ရှိသည်။ နွေစပါးတွင်မူ မြက်မုန်ညင်းနွယ်ဝင်အုပ်စုနှင့် မြက်မျိုးနွယ်ဝင်အုပ်စု ပေါင်းမြက်များမိုမိုပေါက်ရောက်သည်။ ဤသည်မှာမိုးရာသီတွင် ပျိုးထောင်ကောက်စိုက်စနစ်ဖြင့် စပါးစိုက်ပြီး၊ နွေရာသီတွင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စပါးစိုက်ခြင်းကြောင့်လည်း ဖြစ်သည်။ 

    ပျိုးထောင်ကောက်စိုက်စနစ်ဖြင့်စိုက်သည့် မိုးစပါးလယ်မြေများတွင် မိုးရေ ရရှိသိုလှောင်ထားသည်။ ပေါင်းမြက်အများစုသည် ရေအောက်တွင် အပင်ပေါက်ရောက်ဖြစ်ထွန်းမှု မရှိချေ။ နွေစပါးတွင် တိုက်ရိုက်မျိုးစေ့ချစနစ်ကို ကျင့်သုံးခြင်း၊ သွင်းရေအားကိုးရခြင်းကြောင့် စပါးစိုက်လယ်မြေများ၌ ရေပြတ်လပ်မှုများကို ကြုံတွေ့ရသည်။ ထို့ပြင်တိုက်ရိုက်မျိုးစေ့ချစနစ်ဖြစ်၍ ပေါင်းမြက်ပင်များသည်စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့် ရရှိသည်။ ထို့ကြောင့် နွေစပါးတွင် ပေါင်းမြက်ပေါက်ရောက်ဖျက်ဆီးမှု ပိုမိုသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ 

    နွေစပါးနှင့် မိုစပါးမြေသြဇာသုံးစွဲရေး ကျွန်တော့်မိတ်ဆွေ လယ်သမားကြီးက နွေစပါးနှင့် မိုးစပါးမြေသြဇာသုံးစွဲရန်လိုအပ်မှုကွာခြားမှုကိုလည်း သိလိုပြန်ပါသည်။ “ မိုးစပါးနဲ့ နွေစပါး မြေသြဇာလိုအပ်မှုနဲ့ သုံးစွဲသင့်မှုကိုလည်း ရှင်းပြပါဦး“ “ မိုးစပါးရော နွေစပါးပါ မြေသြဇာသုံးစွဲရန် လိုပါတယ်။ မြေသြဇာဆိုတာသဘာဝမြေသြဇာနဲ့ ဓာတ်မြေသြဇာနှစ်မျိုးလုံးကို ဆိုလိုတာပါ “ မြေသြဇာတွင် စပါးပင်ကလိုအပ်သည့် အာဟာရဓာတ်များ ပါဝင်သောသဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဟူ၍ ခွဲခြားနိုင်သည်။ သဘာဝမြေသြဇာကို သုံးစွဲခြင်းဖြင့် စေးသောမြေကို ဖွယ်စေ၍ ဖွယ်သောမြေကို စေးစေသည်။ စပါးပင်မှ လိုအပ်သည့် ဓာတ်သတ္တုအာဟာရဓာတ် တို့မှာမူ အနည်းငယ်မျှသာ ပါဝင်လေ့ရှိသည်။ 

    ဓာတ်မြေသြဇာကို သုံးစွဲခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးတို့အတွက် လုပ်ငန်းအ၀၀ကိုအစဉ်လည်ပတ်နေစေရန် လိုအပ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖားရပ်၊ ပိုတက်စီယမ်ဓာတ်များကို ရရှိစေသည်။ ၎င်းအဓိကအာဟာရဓာတ်များကို တစ်ခုခြင်း သို့မဟုတ် အမျိုးမျိုး တွဲဖက်၍ ဓာတ်မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ 

    မိုးရာသီတွင် စပါးပင်အချင်းချင်းလောင်းရိပ်ထိုးခြင်းကြောင့် အရွက်အတွင်း အစာချက်လုပ်နိုင်မှုနည်းသည်။ စပါးပင်များက ထည့်ပေးသမျှ ဓာတ်မြေသြဇာကို ပြည့်ပြည့်၀၀ အသုံးမပြုနိုင်ချေ။ ထို့ကြောင့် မိုးရာသီတွင် ဓာတ်မြေသြဇာ 

    များကိုနည်းနည်းချင်းသာ ကျွေးသင့်သည်။နွေရာသီတွင် စပါးပင်သည် ရွက်ဖားမထိုးသည့်အပြင် အရွက်တို၍ထောင်သည်။ လောင်းရိပ်မမိ၍ အလင်းရောင်ပိုရသည်။ 

    နေရောင်ခြည်ကို ပိုရ၍ အစာချက်လုပ်မှု ပိုမိုစေသည် နွေစပါးတွင် နိုက်ထရိုဂျင်ဓာတ်‌မြေသြဇာ ထည့်ခြင်းကြောင့် ရသည့်အကျိုး အမြတ်သည် မိုးစပါးထက် ပို၍ကောင်းစေသည်။ နွေစပါးတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ပိုမိုထည့်သွင်းပေးခြင်းဖြင့် စပါးအထွက် သိသိသာသာ တိုးတက်လာစေမည် ဖြစ်ပါသည်။ ကျွန်တော့မိတ်ဆွေ လယ်သမားကြီး သာမက စပါးသီးနှံစိုက်ပျိုးသူ အားလုံးမိုးစပါးနှင့် နွေစပါးတို့၏ သဘောသဘာ၀ ကွဲပြားခြားနားမှုများ၊ တူညီမှုများကို သိရှိစေလိုသည်။ သို့မှသာ လိုအပ်သည်များကိုကြိုတင်ပြင်ဆင်၍ မိုစပါးရော နွေစပါးပါစိုက်ပျိုးမှုအောင်မြင်ပြီး မျှော်မှန်းသည့်အထွက်ကို ရရှိနိုင်ကြမည်ဖြစ်ပါသည်။ 


    ငါးကန်များအတွက်အကြံပြုချက် ✅✅

    ကန်ဖော်ရန်နှင့် ရောင်းချရန် သင့်လျော်သော အချိန် 🤭🤭

    (က) ၄-၅ လကြာ မွေးမြူပြီးနောက် ငါး၏ ကိုယ်အလေးချိန် ၂၀၀-၄၀၀ ဂရမ်ဖြစ် လာသည်နှင့် စျေးဗန်းခင်းကျင်း (သို့) စျေးကွက်တင်ခြင်းတို့ကို အစပျိုး လုပ်ဆောင်ရမည်။ 

    ပြင်းထန်သော ရာသီ/ မိုးခေါင်ခြင်းကြောင့် ကန်ရေအနက် ၃ ပေအောက် လျော့ နည်းလာလျှင် ငါးကန်ကို ဖော်ရမည်  

    (ခ) စျေးကွက်ပေါက်စျေး မြင့်မားစဉ် ငါးကန်ဖော်၍ ရောင်းသင့်၏။ 

    ကန်ဖော်စဉ် ရရှိသော ငါးများကို သန့်ရှင်းသောရေဖြင့် ဆေးကြောရမည်။ သို့သော် အလွန်အကျွံ ဆေးကြောသော်လည်း အကျိအချွဲများ မပျောက်နိုင်သည်ကို သတိပြုရမည်။ 

    သက်ရှိ ငါးများသည် စျေးကွက်ဝင်တန်ဖိုး ပိုမိုမြင့်မားသောကြောင့် ၎င်းတို့ကို ရေဖြည့်ထားသော အိုးထဲ ထည့်ကာ စျေးတွင် အရှင်ရောင်းချနိုင်


  • article
likes15comments0
views305views27806