cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အီးအမ်-၅ဖြင့် ပိုးမွှား၊ ရောဂါ ကာကွယ်ကြမယ်👊👊

. အပင်အာဟာရ
သီးနှံတစ်ခု ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို မြေထဲသို့ ထယ်ထိုးမြေမြှုပ်ကာ နောက်သီးနှံ မစိုက်မီ အီးအမ်-၅ ကို ဖျန်းပေးခြင်းဖြင့် နောက်ဆုံးတွင် ရောဂါနှင့် အင်းဆက်ပိုးတို့၏ သံသရာမလည်အောင် ထိန်းထားနိုင်ပါသည်။
  • အီးအမ်-၅ ကို အင်းဆက်ပိုးများနှင့် ရောဂါများ ကာကွယ်ရာတွင် အသုံးပြုနိုင်သည်။ အထူးသဖြင့် အင်းဆက်နှိမ်နင်းရာတွင် သုံးပါသည်။ သို့သော် အီးအမ်-၅ သည် အင်းဆက်ပိုးများကို သေစေသော ဓာတုဗေဒဆေး မဟုတ်ပါ။ အင်းဆက်ပျံ့ပွားမှုကို ထိန်းချုပ်ပေးသည်။ အီးအမ်-၅သည် အင်းဆက်ပိုးမွှားများ၏ အစာကိုစား၍ မရသော အညစ်အကြေးအဖြစ် ပြောင်းလဲပေးသည့်အတွက် အင်းဆက်များ အစာမစားနိုင်ဘဲ အရေအတွက် တဖြည်းဖြည်း လျော့နည်းစေသည်။ 


    ပါဝင်သော ပစ္စည်းများ 


    ရေ - ၆၀၀ စီစီ 


    တင်လဲရည် - ၁၀၀ စီစီ 


    ရှာလကာရည် - ၁၀၀ စီစီ 


    အရက် (သို့) အရက်ပျံ(၃၀-၃၅ % ) - ၁၀၀ စီစီ 


    အီးအမ်အပြင်း - ၁၀၀ စီစီ 


    #ပြုလုပ်ပုံ 


    ရေနှင့် တင်လဲရည်ကို ပျော်အောင် ဦးစွာဖျော်ပါ။ 

    ၎င်းအရောထဲသို့ ရှာလကာရည်နှင့် အရက်ကို ထည့်ပြီး မွှေပါ။ 

    ထို့နောက် အီးအမ်ကို ထည့်ပါ။ 

    ပလပ်စတစ်ပုံးထဲတွင် လေဟာနယ် မရှိအောင် ထည့်ပြီး အဖုံးလုံအောင် ပိတ်ထားရမည်။ 

    ( ၁၀ - ၁၅ ) ရက်ကြာလျှင် စတင်သုံးစွဲနိုင်သည်။ 

    ၎င်းပုံးကို အေး၍ မှောင်သောနေရာ (အပူချိန် ၂၀-၃၀ ဒီဂရီစင်တီဂရိတ်) ရှိသောနေရာတွင် ထားပါ။ 

    တိုက်ရိုက်နေရောင်ခြည် မထိတွေ့စေရ။ 

    ရေခဲသေတ္တာထဲ မထည့်ရ။ 

    အီးအမ်-၅ ပြုလုပ်ပြီး ၆ လအထိ ထား၍ သုံးစွဲနိုင်ပါသည်။ 

    #အသုံးပြုပုံ 


    အပင်ပေါက်လာပြီး ဖျက်ပိုးများ မကျမီ စတင်ဖျန်းပါ။ ၃ ရက်ခြားတစ်ကြိမ် ရေနှင့် (၁:၂၀၀) သို့မဟုတ် (၁:၅၀၀) နှုန်းဖြင့် ရော၍ ပက်ဖျန်းပါ။ မနက်ပိုင်းနှင့် ညနေပိုင်း နေအေးချိန်များတွင် ဖျန်းပါ။ 


    #အကျိုးကျေးဇူးများ 


    အီးအမ်-၅ ကို အသုံးပြုခြင်းသည် အသုံးပြုသည့်မြေ၊ စိုက်ပျိုးသည့် သီးနှံပေါ်မူတည်ပြီး အီးအမ်-၅ ၏ အာနိသင် အကောင်းဆုံး အခြေအနေကို ရရှိ၍ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်ပါသည်။ လယ်သမားများအတွက် စီးပွားရေး တွက်ခြေကိုက် စေပါသည်။ အီးအမ်-၅ ကို လွယ်ကူစွာနှင့် စျေးသက်သာစွာ ပြုလုပ်နိုင်သည်။ သီးနှံတစ်ခု ရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို မြေထဲသို့ ထယ်ထိုးမြေမြှုပ်ကာ နောက်သီးနှံ မစိုက်မီ အီးအမ်-၅ ကို ဖျန်းပေးခြင်းဖြင့် နောက်ဆုံးတွင် ရောဂါနှင့် အင်းဆက်ပိုးတို့၏ သံသရာမလည်အောင် ထိန်းထားနိုင်ပါသည်။ 


    Source: ပါမောက္ခဒေါက်တာမြင့်လွင်၏ အကျိုးပြု အဏုဇီဝ ( အီးအမ် ) နည်းပညာ စာအုပ်မှ 


  • article
likes11comments0
views231views2251