cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စွန်ပလွန် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
အသီးများရင့်မှည့်သည့် အဆင့် (၄) ဆင့်ရှိသည်-
- အသီးနုချိန်
- အသီးကြီးချိန်
- အသီးရင့်မှည့်ကာစ
- အသီးရင့်မှည့်ချိန်
  • ရုက္ခဗေဒအမည် - Phoenix dactylifera

    မျိုးရင်းအမည် - Arecsceae

    မျိုးအုပ်စု - Phoenix

    အင်္ဂလိပ်အမည် - Dates


    မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သီးပွင့်နေသောစွန်ပလွန်ပင်များကို နေရာအနှံ့ တွင် မြင်တွေ့နိုင်ပါသည်။ အသီးများ ကို လတ်လတ်ဆတ်ဆတ်စားကြသလို ယိုထိုးထားသော စွန်ပလွန်သီးများကို လူတော် တော်များများ ကြိုက်နှစ်သက် ကြပါသည်။

    အပူပိုင်းနှင့် အပူပိုင်းသမဒေသများတွင် အလွယ်တကူစိုက်ပျိုးကြီးထွား နိုင်ပါသည်။ စွန်ပ လွန်သီးများ ကို ဒေသဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်တို့တွင် မြင့်မားစွာ လို အပ်နေသောေ ကြာင့် စွန်ပလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အလွန်အောင်မြင်မှုကို ရစေပါသည်။ စွန်ပလွန်စေ့ ( Date seed ) ကို ရေစိမ်ကြိတ်ခွဲ၍ တိရစ္ဆာန်အစားအစာဖြင့် အသုံးပြုနိုင်ပါသည်။ အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတို့ သည် စွန်ပလွန်ဆီကို အလှကုန်ပစ္စည်းများပြု လုပ်ရာတွင် သုံးစွဲကြသည်။

    စွန်ပလွန်အပင် ( date tree ) သည် အမြင့် ပေ ၇၀ ထိမြင့်သည်။ ပင်စည်တစ်ခုတည်း သို့မဟုတ် ပင်စည်အများကြီးဖြင့် ကြီးထွားကြသော်လည်း ရေသောက်မြစ်တစ်ခုတည်း သာရှိသည်။ အရွက်များမှာ ၁၅-၂၀ ပေရှည်ပြီး ရိုးတံတွင်ဆူးများပါရှိသည်။ အရွက်ငယ်များသည် ၁ ပေခန့် ရှည်သည်။

    စွန်ပလွန်သီး(date fruit) များသည် ဘဲဥလုံးရှည်ပုံရှိပြီး အရှည် ၁လက်မခွဲ ၂ လက်မ ၊ အချင်း ၁လက်မ ရှိသည်။ ကျောက်ခဲကဲ့သို့မာကျောသော အစေ့တစ်စေ့တည်းသာရှိပြီး အစေ့မှာ အရှည် ၁လက်မခန့် ရှိသည်။ စွန်ပလွန်သီး များ (Dates) သည် စိုက်ပျိုးသည့် မျိုးပေါ်မူတည်၍ အနီရောင်ရင့်ရင့်မှ အဝါရင့်ရင့် အရောင်များအထိရှိသည်။

    အသီးများရင့်မှည့်သည့် အဆင့် (၄) ဆင့်ရှိသည်-

    - အသီးနုချိန်

    - အသီးကြီးချိန်

    - အသီးရင့်မှည့်ကာစ

    - အသီးရင့်မှည့်ချိန် 


    ရာသီဥတု


    ရာသီဥတုလိုအပ်ချက်အနေဖြင့် နေ့တာရှည်ပြီး အပူချိန်မြင့်သော နွေရာသီ ကာလနှင့် ဆီးနှင်း မရှိသောဆောင်း အခါသည် အပင်ကြီးထွားပြီး ပန်းပွင့်ကာ အသီးသီးရန်အတွက် အကောင်း ဆုံးအနေအထားဖြစ်သည်။ ပန်းပွင့်၍ အသီးသီးချိန်တွင် စိုထိုင်းမှုအနည်းငယ်ရှိတဲ့အခြေအနေနှ င့် နေရောင်အများကြီး ရရှိရန်လိုအပ်ပြီး မိုးရွာခြင်းကို မကြိုက်နှစ်သက်ပါ။


     


    မြေအမျိုးအစား


    မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သော်လည်း လေဝင်လေထွက်ကောင်းမွန် ပြီးရေစီးဆင်းမှု ကောင်း မွန်သော သဲနုံးမြေဖြစ်ရန်လိုအပ်ပြီး pH 8.0 -11 ရှိရပါမည်။ စိုက်ပျိုးမြေသည် စိုထိုင်းဆကို ကောင်းစွာ ထိန်းနိုင် ရပါမည်။ ထုံး များ မြေထဲတွင်မရှိရပါ။ သဲဆန်သော မြေများတွင်လည်း ရှင်သန်ကြီးထွားနိုင်ပါသည်။


     


    မျိုးပွားခြင်း


    မျိုးစေ့၊ ဘေးတက် (offshoots)၊ တစ်ရှုးမျိုးပွားခြင်းတို့ဖြင့် မျိုးပွားစိုက်ပျိုးနိုင်သည်။ အပင်ေ ပါက်နှုန်းသည် မျိုးစေ့သက်တမ်းနှင့် ပျိုးထောင်မြေပေါ်မူတည်သည်။ မျိုးစေ့များ ပျိုးထောင်သည်မှ စ၍ သတ်မှတ်ထားသော အခြေနေတခုတွင် ၂-၃ ပတ်အကြာ အပင်ပေါက်သည်။ စီးပွားဖြစ် စိုက်ပျိုး သူတို့သည် မျိုးစေ့များထက် ဘေးတက်များမှ မျိုးပွားခြင်းကို ဦးစားပေးလုပ်ဆောင်ြ ကသည်။ မျိုးစေ့မှ ပျိုးထောင်စိုက်အပင်များတွင် အဖိုပင် နှင့် အမပင်များရောထွေးပြီး ပန်းပွင့်သည့်အခါမှ အဖိုပင် နှင့် အမပင်ကို ခွဲခြားနိုင်သည်။ သို့ဖြစ်၍ မျိုးစေ့မှ အပင်ပျိုးထောင် စိုက်ပျိုးပင်များတွင် ပန်းပွင့်သည့် အခါနှင့် အသီးသီးသည့်အခါတို့တွင် မတူညီမှုများစွာကို တွေ့ရမည်။


     


    မြေပြင်ခြင်း နှင့် စိုက်ပျိုးခြင်း


    စိုက်ပျိုးမည့်မြေကို တောရှင်း၊ ငုတ်ထုတ်ပြီး မြေကောင်းစွာပြုပြင်ပါ။ ၂ပေ ပတ်လည် အရွယ်ရှိ စိုက်ကျင်းတူး ပါ။ ပင်ကြား x တန်းကြား ကို (6 x 6) m အကွာအဝေးထားစိုက်ပါ။ စိုက်ကျင်းထဲသို့ ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာ နွားချေးဆွေး/ တီဆွေးမြေသြဇာ (သို့) သိုးချေး (အခြောက်များ) ထည့်ပါ။


     


    ရေလောင်းခြင်း


    အသီးကောင်းကောင်းရရှိရန်အတွက် ပုံမှန်နှင့် အချိန်မှန်ရေလောင်းပေးရန် လိုအပ်ပါသည်။

    -ပထမတစ်နှစ်ထိနှင့်အထက်ကို ရေ 30-35 လီတာ / အပင် နှုန်း အစက်ချရေပေးစနစ်ဖြင့်ေ ရပေးပါ။

    -ဒုတိယနှစ်နှင့်တတိယနှစ် တွင် ရေ 50 - 55 လီတာ/ အပင်/ ၂ ပတ် နှုန်း အစက်ချရေပေး စနစ် ဖြင့် ရေပေးပါ။

    -စတုတ္ထနှစ်နှင့် ပဉ္စမနှစ် တို့တွင် ရေ 100-110 လီတာ/ အပင်/ လ နှုန်း အစက်ချရေပေး စနစ် ဖြင့် ရေပေးပါ။

    -အပင်သက်တမ်း ၅နှစ်မှ ၆နှစ်ရှိသောအခါ ရေပေးစနစ်အား အစက်ချစနစ်မှ ရေသွင်းစနစ် သို့ ပြောင်းလဲပါ။

    -ကြီးထွားနေဆဲအပင် သို့ အရွယ်ရောက်အပင်သည် ဆောင်းအခါတွင် နှစ်ပတ်တစ်ကြိမ်ရေရရှိရန်လိုအပ်ပြီး နွေအခါတွင် တစ်ပတ်တစ်ကြိမ်ရေရှိရန် လိုအပ်ပါသည်။


     


    ပြုစုထိန်းသိမ်းခြင်း


    ခေါင်နှိမ်ခြင်း


    ခေါင်နှိမ်ရာတွင် ရောဂါကျသောအရွက်များ၊ ခြောက်သွေ့ပျက်စီးနေသော အရွက်များ၊ ဆူး များဖယ်ရှားခြင်း၊ ပုံမမှန်သောပန်းခိုင်များ ဖြတ်တောက်ခြင်း၊ အသီးများခြွေခြင်းတို့ ပါဝင်ပါသည်။ အပင်ပေါ်ရှိ အရွက်အရေ အတွက်ကို ကြည့်ခြင်းဖြင့် အပင်မှရရှိလာမည့် သီးခိုင်အရေ အတွက်ကို ခန့်မှန်း ဆုံးဖြတ်နိုင်သည်။ အရွက်အရေ အတွက် နည်းသောအပင်သည် အသီးအထွက်နှင့် အရည် အသွေးကို ကျဆင်းစေပါသည်။


     


    အသီးခြွေခြင်း

    အသီးအရည်အသွေး တိုးတက်စေရန်အတွက် အသီးများချွေပေးခြင်းကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အသီးခြွေခြင်းနည်း (၃)နည်း ရှိသည်။

    - သီးခိုင်ရှိ အသီးကိုင်းငယ်များ၏အရှည်ကို ဖြတ်ပေးခြင်း

    - သီးခိုင်ရှိ အလယ်အသီးကိုင်းငယ်ခိုင်ဘေးနားရှိ အသီးကိုင်းငယ်များကို ဖယ်ရှားခြင်း

    - သီးခိုင်ရှိ အသီးကိုင်းငယ်အသီးသီးမှ အသီးအရေအတွက်များကို လျော့ချခြင်း.


     


    ဝတ်မှုန်ကူးခြင်း


    စွန်ပလွန်ပင်( Date Palms) များသည် အဖိုပင် သို့မဟုတ် အမပင်ဖြစ်နိုင်သောကြောင့် စိုက်ပျိုးရာတွင် လက်ဖြင့် ဝတ်မှုန်ကူးပေးရန် လိုအပ်သည်။ အခြေခံအားဖြင့် အဖိုပွင့်များတွင် ဝတ်မှုန်များ အဆင်သင့်ဖြစ်သော အခါ အမပွင့်ပေါ်သို့ ကျရောက်အောင် ပြုလုပ်ပေးခြင်းဖြစ် သည်။ အမပင် အရေအတွက် ၁၀၀ ပင်ကို ဝတ်မှုန် ကူးရန် အဖိုပင် ၄ - ၅ ပင် ရှိလျှင် လုံလောက်ပါ သည်။


     


    မြေသြဇာကျွေးခြင်း


    အပင်စိုက်တဲ့အချိန်မှာဖော်ပြခဲ့သော သဘာဝမြေသြဇာများထည့်ပါ။ N:P:K မြေသြဇာများ ကို တစ်ပင်ကို တစ်နှစ်လျှင်( 650 : 650 : 870) ဂရမ် ထည့်သွင်းသင့်ပါသည်။


     


    ပိုးမွှားရောဂါကျရောက်မှု


    Fusarium oxysporum မှိုကြောင့်ဖြစ်သော Bayoud disease ကျရောက်တတ်ပြီး အထွက်နှုန်းကို လျော့ချ စေသဖြင့် မှိုရောဂါကိုခံနိုင်ရည်ရှိသော မျိုးကိုရွေးချယ်စိုက်ပျိုးရပါမည်။ ပိုးမွှားအနေဖြင့် အနီရောင် ကျိုင်းကောင် များ ကျရောက်တတ်ပါသည်။


     


    ရိတ်သိမ်းခြင်း


    စိုက်ပျိုးပြီးသည်မှစ ၄ နှစ်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ အသီးများရင့်မှည့်ချိန် တူညီကြသဖြင့် အသီး ခူးဆွတ်ချိန်တွင် အမြောက်အမြားခူးဆွတ်ရမည်ဖြစ်သည်။ ဈေးကွက်ဝင် အကောင်းဆုံးအသီးများ ရရှိရန်အ တွက် အသီးခြွေခြင်းနှင့် အိတ်စွပ်ခြင်းကို မရင့်မှည့်မီပြုလုပ်ပေးခြင်းဖြင့် အသီးများ၏ အရွယ်အစားကြီးပြီး အသီးများကို ငှက်နှင့်ရာသီဥတုဒါဏ်မှ ကာကွယ်နိုင် ပါမည်။


     


    အထွက်နှုန်း


    အသီးအထွက်သည် စိုက်ပျိုးသည့်မျိုး၊ အပင်သက်တမ်း၊ စိုက်ပျိုးမြေအမျိုးအစား၊ ရေရရှိမှု၊ အခြားသောစနစ် တကျ ပြုစုထိန်းသိမ်းမှုနည်းစနစ်များပေါ် မူတည်ပါသည်။ စနစ်တကျစိုက် ပျိုးပြုစုပါကစိုက်ပျိုးပြီး ၄ နှစ်သား တွင် အသီးစတင်ခူးဆွတ်ကာ ၇ - ၁၀ နှစ်ကြာသည်နောက် စီးပွား ရေးတွက်ခြေကိုက် အထွက်နှုန်း ရရှိမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး စွန်ပလွန်အပင်သည် နှစ် ၆၀ - ၇၀ အထိ အသီးခူးဆွတ်နိုင်ပါသည်။ အသီးခူးရသည့် အပင်တစ်ပင်မှ အနည်းဆုံးပျမ်းမျှ ၁၀၀-၂၀၀ ကီလိုဂရမ် အထိ ထွက်နိုင်ပါသည်။


     


    ဈေကွက်အခြေအနေ


    မိမိဒေသဈေးကွက်တွင် လတ်ဆတ်သောအသီးများရောင်းချခြင်း သို့မဟုတ် အစားသောက်ပြုပြင်ရောင်းချသည့် ကုမ္ပဏီများသို့ ရောင်းချခြင်းတို့ ပြုလုပ်ရောင်းချနိုင်ပါသည်။ ကမ္ဘာ့ဈေးကွက် ရည်ရွယ်ပါက ဈေးကွက်လိုအပ် ချက် ပုံစံပေါ်မူတည်၍ စနစ်ကျဂရုစိုက်ရန်လိုအပ်ပါသည်။


    စိုက်ပျိုးရေးဦးစီးဌာန

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes7comments0
views67views1703