cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
ဈေးကွက် ဦးမော့လာသည့် သကြား၊ ပြောင်း၊ နှမ်း
  • အယ်နီညိုရာသီဥတုကို ရင်ဆိုင်ရန ပြင်ဆင်နေသည့် အာဆီယံ နိုင်ငံအချို့၏ ဝယ်လိုအား ကမ်းလှမ်းချက်များ ကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သော သကြား ၊ ပြောင်း ၊နှမ်း ဈေးကွက် ပြန်လည်ဦး မော့ လာ ပါတယ်။ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်အခွန်သက်သာခွင့်ကြောင့် တင်ပို့ရောင်းချရေး တိုးမြှင့်မည့် သကြား၊ ထိုင်း၊တရုတ် ၊ဗီယကိနမ် နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့သော ပြောင်းနှင့် တရုတ်နိုင်ငံ မှ ဝယ် လိုအား ရှိနေသော နှမ်းတို့က လက်တလော ပြည်တွင်းဈေးကွက်မှ ဈေးအတွက်ဘက်ကို ဦးတည်နေပါတယ်။


    သကြားဈေးကွက်


    နိုင်ငံတကာဈေးကွက်တွင် သကြားဈေးမြင့်တက်ချိန် နိုင်ငံအတွင်း သကြားလက်ကျန်နည်းနေခြင်းကြောင့် ပြည် တွင်း သကြားဈေးနှုန်းပါအနည်းငယ် လိုက်ပါမြင့်တက်လာပါတယ်။


    ထိုကြောင့် ရန်ကုန်ဈေးကွက်မှာ သကြားတစ်ပိဿာကို ၃၈၇၀ ကျပ်မှ ၃၉၀၀ ကျပ်ဈေးပေါက်လာနေပြီးလက်လီ ဈေးကွက်မှာ ၅၀၀၀ ကျပ်အထိ ရှိနေပါတယ်။


    မြန်မာ့သကြားကို ဝယ်ယူဖို့ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီ တွေက ထပ်မံကမ်းလှမ်းတာတွေရှိလာလို့ ဒီနှစ်မှာ ပြည် ပကို သကြားတင်ပို့မှုအပိုင်း အရင်နှစ်ကထက်ပိုတိုးပြီး ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်။


    ပြည်ပကို သကြားတင်ပို့မှု မြင့်တက်လာမှုနဲ့အတူ မြန်မာ့သကြားဈေးကလည်း အများကြီးကျဆင်းနိုင်ဖွယ်မရှိ သ လို ထပ်မံမြင့်တက်လာနိုင်ဖွယ်လည်းမရှိကြောင်း ၊ ပြည်ပတင်ပို့ရာမှာလည်း ပြည်တွင်းစားသုံးမှုဖူလုံပြီူပိုလျှံ သည့် ပမာဏကိုသာတင်ပို့တာဖြစ်လို့ ပြည်တွင်း လိုအက်ချက်လည်းပြည်မှီမှာဖြစ်တယ်လို့သိရပါတယ်။


    မြန်မာ့သကြားဈေးကွက်ဟာ ကမ္ဘာ့သကြားဈေးအတက်အကျ နဲ့ ပြည်တွင်း သကြားလက်ကျန်အနည်း အများ အပေါ် မူတည်ပြီးသာ ဈေးနူန်းအပြောင်းအလဲရှိနေတာဖြစ်ပါတယ်။


    ပြောင်းဆံဈေးကွက်


    မြန်မာ့ပြောင်းဆံဈေးနူန်းက ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ငွေလဲနူန်း ၂၁၀၀ ရာနဲ့ လဲ လှယ်ဖို့ ဖြေလျှော့မှုအပြီးမှာ ဈေးပြန်တက်လာပါတယ်။


    ထိုကြောင့်အရင်က ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ဈေးတန်းရှိရာကနေ လက်ရှိရန်ကုန် ဘုရင့်နောင် ဈေး ကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၁၀၀ မှ ၁၁၂၀ ကျပ် ဈေးပေါက်လာပြီး ဈေးတက်လာတာဖြစ်ပါတယ်။


    ဗဟိုဘဏ်ဖြေလျှော့မှုအပြီးမှာ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်တွေအသင်းနဲ့ ဗီယက်နမ်၊ထိုင်း၊တရုတ်က ကုမ္ပဏီ ၇ ခုအကြား ပြောင်းတန်ချိန် ၇ သိန်းတင်ပို့ဖို့လည်း MOU ရေးထိုးခဲ့ပါတယ်။


    နှစ်စဉ်ပြောင်းဈေးကွက်အခြေအနေအရ ဒီဇင်ဘာလကုန်နှစ်ဆန်းပိုင်းအချိန်ဟာ ပြောင်းဈေးကွက် လှုပ်ခတ်လေ့ ရှိ တာကြောင့် မကြာခင် ပြောင်းဈေးကွက်က ထပ်ပြီးတက်လာနိုင်တယ်လို့ ပြောင်းကုန်သည်တွေကသုံးသပ် ပါ တယ်။


    ဗဟိုဘဏ်ကသာ ပို့ကုန်ရငွေအပေါ် ၃၅ % ၆၅ % စနစ်ကိုသာ ပယ်ဖျက်ပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလျင် ပြောင်းဆံဈေးကွက်ကို ပိုပြီးတက်လာနိုင်သလို ထိုင်းကို ပြောင်းတင်ပို့မယ့် အခွန်ကင်းလွတ်ခွင့်ကာလဖြစ်တဲ့ ဖေဖော်ဝါရီမှ မြဝတီ လမ်းကြောင်းပြန်ပွင့်ပြီး နယ်စပ်လမ်းကြောင့းကနေ တင်ပို့နိုင်မယ်ဆိုရင် ပြောင်းဈေးက အမြင့်ဆုံးကို ပြန်ရောက်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။


    နယ်စပ်လမ်းကြောင်းကသာ တင်ပို့ခွင့်မရရှိပါက ပင်လယ်ရေကြောင်းတစ်ခုတည်းကပဲ တင်ပို့နိုင်မှာဖြစ်လို့ ပြောင်း ဈေးကွက်က စောင့်ကြည်ရမယ့်အခြေအနေဖြစ်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြောင်းဆံတစ်ပိဿာကို ၉၀၀ ကျော်၊ ရှမ်းမြောက် မှာတော့တစ်ပိဿာကို ၇၀၀ ကျော်သာဈေးပေါက်နေ တယ် လို့ သိရပါတယ်။


    နှမ်းဈေးကွက်


    ပြည်တွင်းနှမ်းမျိုးစုံဈေးကွက်မှာ နှမ်းနက်စမုံနက်၊ နှမ်းဖြူရိုးရိုးနဲ့ နှမ်းညိုက ဈေး တက်လာပြီး နှမ်းဖြူ ဂျပန် က ဈေးတန်းငြိမ်နေ တယ်လို့ ကုန်စည်ဒိုင်တွေကသိရ တယ်။


    နှမ်းဖြူကိုလည်း တရုတ်က အခွံချွတ်လုပ်ကိုင်သူတွေက ဝယ်ယူမှုရှိတာကြောင့် ဈေးတန်းကထပ်တက်လာ တာဖြစ် တယ်လို့ ကုန်သည်အချို့ကပြောပါတယ်။


    နှမ်းနက်စမုံကို တရုတ်ဝယ်လက်တွေက ဝယ်ယူရှိပေမယ့် လတ်တလောမှာ အရည်အသွေး၊အရောင်၊ အက်ဆစ် လွတ် တဲ့နှမ်းကိုသာ ရွေးချယ်ပြီး ဝယ်ယူနေတဲ့အပြင် ဈေးချဝယ်ယူလာတာကြောင့်ဈေး ပြန်ကျလာတာဖြစ်ပါ တယ်။


    မန္တလေးဈေးကွက်မှာ နှမ်းစမုံနက် ၄၅ ပိဿာ တစ်အိတ်ကို ၃၆၅၀၀၀ ကျပ်၊ နှမ်းဖြူရိုးရိုးကတော့ ၄၅ ပိဿာ တစ်အိတ်ကို ၃၄၀၀၀၀ ကျပ် ၊ နှမ်းညိုက ၂၈၀၀၀၀ ကျပ် ဈေးဖြစ်လာလို့ တစ်အိတ်ကို ၅၀၀၀ ကျပ်စီပြန်တက် လာတာဖြစ်ပါတယ်။နှမ်းဖြူဂျပန်ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၆၅၀၀၀ ကျပ်နဲ့ အရင်ဈေးတန်းမှာပဲငြိမ် နေပါတယ်။


    နှမ်းကို တရုတ်ဘက်ကိုတင်ပို့မှုအနေနဲ့ တာချီလိတ် ကနေတဆင့် တရုတ်ဘက်ကို နယ် စပ်လမ်းကြောင်းကနေ သာ တင်ပို့နေကြတာဖြစ်တယ်လို့သိရပါတယ်။


    လက်ရှိမှာမိုးနှမ်းအသစ်တွေက အညာဘက်ကနေသာ ဝင်ရောက်မှုရှိပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး အ ခြေ အနေတွေကြောင့် မန္တလေးဈေးကွက်ကို ဝင်ရောက်မှုနည်းနေတဲ့အတွက် ဈေးတန်းက တက်မယ့်အလားအ လာရှိတယ်လို့ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views127views1766