“ပဲပင်ပေါက်တစ်ပိုင်တစ်နိုင် ဖောက်နည်း”
၁။ ပဲပင်ပေါက်ဖောက်ရန်အတွက် မတ်ပဲ, ပဲတီစိမ်း( ၂ ) မျိုးလုံးကို အသုံးပြုနိုင်ပါတယ်။
၂။ ပဲပင်ပေါက် ထည့်ဖောက်မည့်ဗူးကို အပေါက်ဖောက်ပါ။
၃။ အရင်ဦးဆုံး ပဲကို ရေဆေးပြီးတော့ (၈) နာရီခန့်ကြာအောင် ရေစိမ်ပေးပါ။
၄။ ရေစိမ်ပြီးနောက် ပဲစေ့လေးက စာပါးစပ်ပြူသည့်အဆင့်ရောက်လာရင် ရပါပြီ။
၅။ ရေစိမ်ပြီး ရေစစ်ပါ။ ပြီးနောက် အလင်းမဖောက်နိုင်အောင် ပိတ်စဖြင့် အုပ်ထားပေးပါ။
၆။ ပြီးနောက် တစ်နေ့ လျှင် ( ၂ ) ကြိမ်ခန့် အစိုဓါတ်ရအောင် ရေလောင်းပေးပါ။ နေ့တိုင်းပြုလုပ်ပေးဖို့ လိုအပ်
ပါတယ်။
၇။ ( ၅ ) ရက်ခန့် ကြာပြီးနောက် အသင့်စားသုံးနိုင်သည့် ပဲပင်ပေါက်ကို ရရှိပါပြီ။
၈။ ခြင်းလေးတွေကို အသုံးပြုပြီး ပဲပင်ပေါက်ကို ( ၂ ) လွှာရအောင် ဖောက်လို့ရပါတယ်။
References- https://www.theartofdoingstuff.com/how-to-grow-your-own.../
https://www.instructables.com/id/Growing-Bean-Sprouts/
-------