cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယဝယ်အားကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံ တစ်တန်ဈေး ၃၃သိန်းကျော်အထိ မြင့်တက်လာ

. ဈေးကွက်
ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် အိန္ဒိယ နိုင်ငံမှ ဝယ်ယူတင်သွင်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက် တွင် ပဲစင်းငုံနီက တစ်တန်ကို ကျပ်၃၃သိန်းကျော ်အထိ ဈေးမြင့်တက်လာပါတယ်။
  • မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အဓိက စိုက်ပျိုးသော ပဲစင်းငုံသည် အိန္ဒိယ ဈေးကွက်သို့သာ အများဆုံး တင်ပို့နေပြီး ဒီဇင်ဘာလလယ်ပိုင်းတွင် ဝယ်လိုအားကျဆင်းသွားခြင်းကြောင့် ကျပ်သိန်း ၃၀ အထိ ဈေးကျ ခဲ့ပြီးနောက် တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်၃ သိန်းကျော် ဈေးနှုန်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ပါ တယ်။


    " ပဲစဉ်းငုံကတော့ ပန်းပန်နေတာပေါ့၊ အိန္ဒိယက သူတို့နိုင်ငံရဲ့လိုအပ်ချက်ကရှိနေတော့ သူဝယ်ရင် ဈေးကတက် လာတာပဲ " လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုး ကပြောပါတယ်။


    မန္တလေးဈေးကွက်မှာလည်း ပဲစဉ်းငုံနီ ပိဿာ ၆၀ တစ်အိတ်ကို နှစ်သိန်း ကိုးသောင်း ကျပ်ဈေးရှိရာကနေ လက်ရှိမှာ သုံးသိန်းနှစ်သောင်းငါထောင် ကျပ်အထိဈေးပြန်တက်လာပါတယ်။


    အိန္ဒိယက သူတို့နိုင်ငံရဲ့ စားနပ်ရိက္ခာလိုအပ်ချက်အတွက် မြန်မာကနေ လာမယ့် ဇန်နဝါရီလမှာ ပဲစဉ်းငုံနီ တန် ၄ သိန်းဝယ်ယူသွားဖို့ရှိတယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်အပြီးမှာ ပဲစဉ်းငုံ အဝယ်လိုက်ပြီး ဈေးနှုန်းများ ပြန် လည်ဦးမော့လာခြင်းဖြစ်ပါတယ်။


    လက်ရှိပြည်တွင်းမှာက ပဲစဉ်းငုံနီ အရင်နှစ်လက်ကျန်အဟောင်းကမရှိသလောက်နည်းသွားပြီး ဈေးကွက်ထဲကို ပဲစဉ်းငုံနီအသစ်တွေ ဆက်တိုက်ဝင်ရောက်နေပါတယ်။


    ပဲစဉ်းငုံနီကို မန္တလေးတိုင်း ၊ မကွေးတိုင်း မှာ အများဆုံး စိုက်ပျိုးပြီး ကျန်ဒေသအချို့မှာလည်းစိုက်ပျိုးမှုရှိကြောင်း ယခုဒီဇင်ဘာလထဲမှာ မိုးပဲ စဉ်းငုံနီအသစ်တွေ ရိတ်သိမ်းပြီး ဈေးကွက်ထဲ ဝင်ရောက်နေပါ တယ်။

    ပဲစဉ်းငုံနီ ကို အိန္ဒိယ နိုင်ငံကိုသာ အဓိကတင်ပို့ရတာဖြစ်ပြီး အိန္ဒိယက လိုအပ်ချက်များပြီး ဝယ်လိုအားကောင်းရင် ဈေးကွက် ကမြင့်တက်လာတာဖြစ်ပါတယ်။

    ချစ်ခွန်းချို(AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views86views1508