cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ကုန်သည်များ အရည်အသွေးပိုင်း ရွေးချယ်ဝယ်ယူမှုကြောင့် နှမ်းနက်စမုံနက် ဈေးအနည်းငယ်ကျ

. ဈေးကွက်
တရုတ်ကုန်သည်များမှ ဝယ်လိုအားရှိသော်လည်း အရည်အသွေပိုင်း ရွေးချယ်မှုကြောင့် ပြည်တွင်းဈေးကွက် တွင် နှမ်းနက် စမုံနက်ဈေးအနည်းငယ်ကျဆင်းနေတယ်လို့ ကုန်သည်အချို့ကပြောပါတယ်။
  • တရုတ်ကုန်သည်များက အရည်အသွေး၊အရောင်၊ အက်ဆစ်လွတ် တဲ့နှမ်းကိုသာ ရွေးချယ်ပြီး ဝယ်ယူနေတဲ့ အပြင် ဈေးချဝယ်ယူလာတာကြောင့် အရင်ရက်က အတက်ပြခဲ့တဲ့ နှမ်းစမုံနက်က တစ်အိတ်ကို ၁၅၀၀၀ လောက်အထိ ပြန်ကျလာတာဖြစ်ပါတယ်။

    မန္တလေးဈေးကွက်မှာ ပြီးခဲ့တဲ့ရက်က နှမ်းစမုံနက်ဈေးနူန်းက ၄၅ ပိဿာ တစ်အိတ်ကို ၃၇၅၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ရာမှနေ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ နှမ်းစမုံနက်ဈေးနူန်းက ၄၅ ပိဿာ တစ်အိတ်ကို ၃၆၀၀၀၀ ကျပ်သာဈေး ရှိတယ်လို့သိရပါတယ်။

    ” နှမ်းဈေးက တက်လာတာဟုတ်တယ်၊ ဒါပေမယ့် အရင် ရက်ကထက်ဆိုရက်ခုက နည်းနည်းပြန် ကျတဲ့သ ဘောရှိတယ်၊ ဒါပေမယ့်လည်း ဈေးက ဒီထက်ပြန်ကျမယ့်အလားအလာတော့မရှိဘူး၊တရုတ်ကတော့ အက် ဆစ်အောင်တာကို ကြိုက်တာ ” လို့ ကုန်သည်တစ်ဦးမှ သုံးသပ်ပါတယ်။

    တရုတ်ဈေးကွက်မှဝယ်ယူနေသည့် နှမ်းနက် စမုံနက်ဈေးအနည်းငယ်ကျဆင်းသော်လည်း ပြည်တွင်း အဓိက စားသုံးသည့် နှမ်းဖြူရိုးရိုးက ဈေးအနည်းငယ်တက်လာတယ်လို့ ကုန်သည်အချို့ကပြောပါတယ်။ နှမ်းဖြူရိုးရိုးကတော့ ၄၅ ပိဿာ တစ်အိတ်ကို အရင်ရက်က ၃၃၀၀၀၀ ကျပ်သာရှိပြီး လက်ရှိမှာ ၃၃၅၀၀၀ ကျပ်အထိ ရှိလာလို့ ၅၀၀၀ ကျပ်တက်လာပါတယ်။ နှမ်းဖြူဂျပန်ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၆၅၀၀၀ ကျပ်ဈေးတန်းမှာပဲငြိမ်နေပါတယ်။

    နှမ်းစမုံနက်အပါအဝင် နှမ်းမျိုးစုံကို တရုတ်ဘက်က အဝယ်ရှိလို့ ဈေးပြန်တက်ပေမယ့် ဈေးနူန်းအတက်အကျ တည်ငြိမ်မှုမရှိဘူးလို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုး ကပြောပါတယ်။

    “ဈေးက နည်းနည်းလေးပြန်မာလာတယ်ဆိုပေမယ့် မာလိုက်အေးလိုက်ပဲ၊ တရုတ်က နှမ်းနက်ပဲအဓိကဝယ်တာ ၊သူမဝယ်ရင်ကျတာပဲ၊ အပြင်အရောင်းအဝယ်ဖြစ်တဲ့ဈေးကပို ပါတယ် ” လို့ ၎င်းကပြောပါတယ်။

    နှမ်းစမုံနက်ဈေးကျသလို နှမ်းညိုဈေးကလည်း ၄၅ ပိဿာ တစ်အိတ်ကို အရင် ၂၈၀၀၀၀ ကျပ်ရှိရာမှ ၂၇၅၀၀၀ ကျပ်အထိဈေးကျလာပါတယ်။အောင်လံကုန်စည်ဒိုင် ဈေးကွက်မှာလည်း နှမ်းစမုံနက်က တစ်အိတ်ကို ၃၄၀၀၀၀ ကျပ်အထိအမြင့်ဆုံးရှိပြီး နှမ်းညိုက ၃၀၀၀၀၀ ကျပ်ရှိလာတယ်လို့သိရပါတယ်။

    နှမ်းကို တရုတ်ဘက်ကိုတင်ပို့မှု အနေနဲ့ တာချီလိတ် ကနေတဆင့် တရုတ်ဘက်ကို နယ် စပ်လမ်းကြောင်းကနေသာ တင်ပို့နေကြတာဖြစ်တယ် လို့သိရပါတယ်။

    လက်ရှိမှာမိုးနှမ်းအသစ်တွေက အညာဘက်ကနေသာ ဝင်ရောက်မှုရှိပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး အ ခြေအနေတွေကြောင့် မန္တလေးဈေးကွက်ကို ဝင်ရောက်မှုနည်းနေတဲ့အတွက် ဈေးတန်းက တက်မယ့်အလား အ လာ ရှိတယ်လို့သိရပါတယ်။

    ချစ်ခွန်းချို(AMIA)

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes10comments0
views125views1544