cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေချဉ်ဖန်နှုန်း တိုင်းတာရန်လိုအပ်ကြောင်း အသိပေးခြင်း

. ဉာဏ်စမ်း
ငါးများအတွက် ရေချဉ်ဖန်နှုန်း (၆.၅) မှ (၈.၅) အတွင်းသည် အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။
  • ငါးမွေးကန်တစ်ကန်တွင် ကန်ရေ၏ ချဉ်ဖန်နှုန်းသည် ရှိသင့်၊ရှိထိုက်သော အတိုင်းအတာအတွင်းသာ ရှိရပါမည်။ ရေ၏ ချဉ်ဖန်နှုန်း မှန်ကန်နေပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေးကောင်းခြင်း၊ အစာပုံမှန်စားသောက်ခြင်းနှင့် သွက်လက်စွာ သွားလာနေထိုင်ခြင်းများကို တွေ့ရှိရပါမည်။ 


    ရေ၏ ချဉ်ဖန်နှုန်းဆိုသည်မှာ ရေထဲတွင် အက်စစ်ဓာတ်ပါဝင်မှုနှင့် အယ်အာလိုင်း/ထုံးဓာတ်ပါဝင်မှု အခြေအနေကို တိုင်းတာဖော်ပြခြင်း ဖြစ်ပါသည်။ ရေ၏ချဉ်ဖန်နှုန်းသည် ယူနစ်နှင့်ဖော်ပြခြင်း မဟုတ်ပါ။ ကိန်းဂဏန်းသာ ဖော်ပြပေးပါသည်။ ရေသတ္တဝါအများစုသည် ချဉ်ဖန်နှုန်း မကွာခြားသော အခြေအနေတွင် ကောင်းမွန်စွာ နေထိုင်ကြသည်။ ငါးများအတွက် ရေချဉ်ဖန်နှုန်း (၆.၅) မှ (၈.၅) အတွင်းသည် အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။ ပုစွန်မွေးမြူသူများအတွက် ရေ၏ ချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ရေ၏ ချဉ်ဖန်နှုန်းသည် (၃)အောက် နှင့် (၁၁)အထက်ရှိပါက ငါးများ သေဆုံးနိုင်ပါကြောင်း တင်ပြအပ်ပါသည်။ ထို့ကြောင့် ရေ၏ချဉ်ဖန်နှုန်းကို နေ့စဉ်ဖြစ်စေ (သို့မဟုတ်) သုံးရက်တစ်ကြိမ်ဖြစ်စေ တိုင်းတာစစ်ဆေးသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ 


    ကန်ရေ၏ ချဉ်ဖန်နှုန်းသည် (၇.၅) အောက်ရောက်ရှိနေပါက၊ မနက်ပိုင်း (၇-၈)နာရီခန့်တွင် ကန်ရေ ထုထည် ၁၀၀၀ ကုဗမီတာတွင် မဖောက်ထုံး (၉-၁၂) ပိဿာအထိ ၂ ရက်မှ ၃ ရက်အထိ ကန်အတွင်း ထည့် သွင်းပေးရပါမည်။ ချဉ်ဖန်နှုန်းသည် သင့်တော်သော အ‌ခြေအနေသို့ ရောက်ရှိပါက မဖောက်ထုံးကို အထက်ပါ နှုန်းအတိုင်း (၁၀)ရက်လျှင် တစ်ကြိမ် ကန်အတွင်းသို့ ထည့်သွင်းပေးသင့်ပါသည်။ 


    ရေ၏ချဉ်ဖန်နှုန်းသည် (၈.၅)အထက်ရောက်ရှိပါက ကန်ရေထုထည် ၁၀၀၀ ကုဗမီတာလျှင် ရှာလကာရည် ၄လီတာပက်ခြင်း (သို့မဟုတ်) ထန်လျက် ဂျို ၆၀ ကျပ်သားမှ ၁ ပိဿာ၂၀ ကျပ်သား အထိကို ညနေ (၄-၅)နာရီ အချိန်တွင် ကန်အတွင်းသို့ ၂-၃ ရက် ဆက်တိုက်ထည့်သွင်းပေးပါ။ 


    Villagelink co., ltd သည် အစိမ်းရောင်ငါးမွေးမြူရေးလုပ်ငန်းဖြစ်စေရန်အတွက် နှင့် ကန်ရေအရည်အသွေး တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ချဉ်ဖန်နှုန်းတိုင်း ကိရိယာများကို ငါးမွေးတောင်သူ ၃၀၀ ကျော်တို့အား ပံ့ပိုးကူညီပေးထားပြီး ဖြစ်ပါသည်။ အဆိုပါ ချဉ်ဖန်နှုန်းတိုင်း ကိရိယာသည် ၂ နှစ် အထိ တိုင်းတာနိုင်သောဆေးရည် ပါရှိပါသည်။ ထို့ကြောင့် ရေချဉ်ဖန်နှုန်း တိုင်းတာကြပါရန် အကြံပြုတင်ပြအပ်ပါသည်။ 


    ဦးဆန်းအောင်(ထွက်တိုး)

    -----


  • article
  • article
likes13comments0
views122views3543